News Video – Global

Ko Soe Pyae – Camera / Khine Min – Edit

May – On Screen / Word Edit

For Host

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လူအုပ်ကို ယာဉ်ဝင်တိုက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံး

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း မုတ်ဒါဟန်ပြည်နယ်မှာ ဇူလိုင် ၂ ရက်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ပစ်ကပ်ထရပ်ကားတစ်စီးဟာ လမ်းလျှောက်သွားလာနေတဲ့ သံဃာတော်တွေကို ဝင်တိုက်မိတာကြောင့် သံဃာ ၈  ပါး သေဆုံးကာ ၁၃ ပါး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာတွေရဲ့ သတင်းဖော်ပြချက်အရ သိရပါတယ်။

အဆိုပါ သံဃာတော်တွေမှာ စုစုပေါင်း အပါး ၃၀ ပါဝင်ပြီး အဲဒီအချိန်က မုတ်ဒါဟန် ပြည်နယ်ကနေ ဥဘွန်ရတ်ချ်သာနီ ပြည်နယ်ကို လမ်းလျှောက်သွားနေတာဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့ရဲ့ ကနဦးစုံစမ်းစစ်ဆေးချက်အရ ယာဉ်မောင်းသူဟာ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးဖြစ်ပြီး အဲဒီနေ့မှာ အိမ်ကနေ ကားကို ခိုးယူမောင်းနှင်လာရာကနေ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့တာဖြစ်ကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။

#Thailand #Crowd #Crash #ထိုင်း #လူအုပ် #ယာဉ်တိုက်မှု #News

...........

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းတွင် လူအုပ်ကို ယာဉ်ဝင်တိုက်သည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ရာ လူ ၈ ဦး သေဆုံး

ဘန်ကောက်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)

ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်း Mukdahan ပြည်နယ်တွင် ဇူလိုင် ၂ ရက်က ယာဉ်တိုက်မှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း၊ ပစ်ကပ်ထရပ်ကားတစ်စီးသည် လမ်းလျှောက်သွားလာနေသော သံဃာတော်များကို ဝင်တိုက်မိသဖြင့် သံဃာ ၈  ပါး သေဆုံးကာ ၁၃ ပါး ဒဏ်ရာရရှိခဲ့ကြောင်း ထိုင်းမီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။

အဆိုပါ သံဃာတော်များတွင် စုစုပေါင်း အပါး ၃၀ ပါဝင်ပြီး ထိုစဉ်က Mukdahan ပြည်နယ်မှ Ubon Ratchathani ပြည်နယ်သို့ လမ်းလျှောက်သွားနေခြင်းဖြစ်ကြောင်း၊ ရဲတပ်ဖွဲ့၏ ကနဦးစုံစမ်းစစ်ဆေးချက်အရ ယာဉ်မောင်းသူမှာ အသက် ၁၁ နှစ်အရွယ် ကလေးတစ်ဦးဖြစ်ပြီး ထိုနေ့တွင် အိမ်မှ ကားကို ခိုးယူမောင်းနှင်လာရာမှ ယာဉ်မတော်တဆမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ (Xinhua)

#Thailand #Crowd #Crash #ထိုင်း #လူအုပ် #ယာဉ်တိုက်မှု

--------------------------------------------------------------------------------------

(Chinese Version)

泰国东北部一汽车撞上人群致8人死亡

新华社曼谷7月2日电(记者常天童)据泰国媒体报道,泰国东北部穆达汉府2日发生一起车祸,一辆皮卡车撞上一群正在行走的僧侣,导致8人死亡、13人受伤。  

据报道,这群僧侣共30多人,当时正从穆达汉府出发步行前往乌汶府。警方初步调查显示,开车的是一名11岁儿童,当天偷把家中汽车开上路并导致车祸。(完)

图说:2023年4月19日,行人在泰国曼谷街头打伞遮阳。新华社发(拉亨摄)