ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ဇူလိုင် ၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် ပြင်ပသို့ တံခါးဖွင့်လှစ်မှုကို မယိမ်းမယိုင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှုရလဒ်များအား နိုင်ငံအသီးသီးနှင့်အတူ မျှဝေခံစားသွားခြင်းကို အခိုင်အမာလက်ကိုင်ထားဆောင်ရွက်သွားမည်ဖြစ်ရာ နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများအနေဖြင့် “တရုတ်နိုင်ငံ၏ အခွင့်အလမ်း ၂.၀” (China Opportunity 2.0) ကို အမိအရဆုပ်ကိုင်ကာ တိုးတက်အောင်မြင်မှုများ ဖော်ဆောင်ရန်နှင့် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုများအတွင်း ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရန် ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
မကြာသေးမီရက်က ဆွစ်ဇာလန်နိုင်ငံ IMD Business School က ၂၀၂၆ ခုနှစ် ကမ္ဘာ့ယှဉ်ပြိုင်နိုင်စွမ်းရှိမှု အစီရင်ခံစာကို ထုတ်ပြန်ခဲ့ရာတွင် တရုတ်နိုင်ငံသည် အဆင့် ၁၂ သို့ မြင့်တက်လာပြီး တရုတ်နိုင်ငံ ဟောင်ကောင်ဒေသမှာ အဆင့် ၂ သို့ မြင့်တက်လာခဲ့ကြောင်း၊ စီးပွားရေးလောကမှ ပုဂ္ဂိုလ်များက တရုတ်နိုင်ငံကို “ကမ္ဘာ့ကြံ့ခိုင်မှုအရှိဆုံး အားကစားရုံ” ဟု တင်စားကြပြီး ကျယ်ကျယ်ပြန့်ပြန့် လျင်မြန်စွာ ဆန်းသစ်တီထွင်နိုင်မှုတို့တွင် တရုတ်နိုင်ငံ၏ ထူးခြားသော အားသာချက်များက “တရုတ်နိုင်ငံ၏ အခွင့်အလမ်း ၂.၀” အတွက် အရေးပါသော အထောက်အပံ့ ဖြစ်လာလိမ့်မည်ဟု ယူဆကြကြောင်း၊ ယင်းအပေါ် ပြောရေးဆိုခွင့်ရှိသူအနေဖြင့် မည်သို့ရှုမြင်ပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့သည်။
“ကမ္ဘာ့စက်ရုံ” မှ “ကမ္ဘာ့ဈေးကွက်” ထိုမှတစ်ဆင့်“ဆန်းသစ်တီထွင်ရာ အဆင့်မြင့်နေရာ” သို့ တရုတ်နိုင်ငံ၏ ယှဉ်ပြိုင်စွမ်းအားသည် စဉ်ဆက်မပြတ် အရှိန်အဟုန်ဖြင့် မြင့်တက်လာကြောင်း၊ ယင်းမှာ တည်ငြိမ်သော မူဝါဒပတ်ဝန်ကျင်းမှ အကျိုးရရှိခြင်းဖြစ်သလို သိပ္ပံနည်းပညာ ဆန်းသစ်တီထွင်မှုမှ ဆောင်ကြဉ်းပေးသော တက်ကြွသည့်တွန်းအားအပေါ်လည်း မူတည်ကြောင်း၊ တရုတ်နိုင်ငံသည် ကမ္ဘာတစ်ဝန်းထံ ပိုမိုကြီးမားသော “ဈေးကွက်အကျိုးအမြတ်” ကို ပံ့ပိုးသည့် တစ်ချိန်တည်းမှာပင် တစ်နေ့တခြားတိုးပွားလာသော “ဆန်းသစ်တီထွင်မှု အကျိုးအမြတ်” ကိုလည်း အကျိုးသယ်ပိုးပေးခဲ့ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“ပိုမိုများပြားတဲ့ နိုင်ငံခြားကုမ္ပဏီလုပ်ငန်းတွေ တရုတ်နိုင်ငံ လာရောက်ကာ သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေး (R&D) စင်တာတွေ၊ ဒေသဆိုင်ရာရုံးချုပ်တွေ တည်ထောင်ပြီး တရုတ်နိုင်ငံရဲ့ ဆန်းသစ်တီထွင်မှုကွင်းဆက်၊ စက်မှုလုပ်ငန်းကွင်းဆက်တွေမှာ နက်နက်ရှိုင်းရှိုင်း ပေါင်းစည်းလာကြတယ်၊ ‘တရုတ်နိုင်ငံမှာ ထုတ်လုပ်ခြင်း’ ကနေ ‘တရုတ်နိုင်ငံမှာ ဖန်တီးခြင်း’ သို့ ပြောင်းလဲလာတာ ကျွန်တော်တို့ မြင်တွေ့ရပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။
၂၀၂၅ ခုနှစ်တွင် သိပ္ပံနည်းကျ သုတေသနနှင့် နည်းပညာဝန်ဆောင်မှု ကဏ္ဍ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီလုပ်ငန်းအသစ် ၁၄,၀၀၀ တည်ထောင်ခဲ့ပြီး ယမန်နှစ် ကာလတူထက် ၂၇.၂ ရာခိုင်နှုန်း မြင့်တက်လာခဲ့ကြောင်း၊ နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများသည် တရုတ်နိုင်ငံတွင် လုပ်ငန်းစဉ် အစမှ အဆုံး ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်များကို လျင်မြန်စွာ ရှာဖွေနိုင်သဖြင့် ဆန်းသစ်တီထွင်မှုလုပ်ငန်းမှာ ပိုမို ထိရောက်မှုရှိပြီး ပိုမိုလွယ်ကူစေကြောင်း၊ ယင်းမှာ တရုတ်ဈေးကွက်တွင် အောင်မြင်မှုရရှိစေရုံသာမက ကမ္ဘာ့ဈေးကွက်အား မျက်နှာမူသော ယှဉ်ပြိုင်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘာ့စီးပွားရေးကို ခြုံငုံကြည့်ရှုမည်ဆိုပါက ဆန်းသစ်တီထွင်မှုသည် စီးပွားရေးကျဆင်းမှု ဖိအားများကို တွန်းလှန်သည့်၊ တိုးတက်မှုတွန်းအားကို မြှင့်တင်ပေးသည့် အရေးပါသော လမ်းကြောင်း ဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အဆင့်မြင့် ပြင်ပသို့ တံခါးဖွင့်လှစ်မှုကို မယိမ်းမယိုင် တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ပြီး နည်းပညာဆန်းသစ်တီထွင်မှုဆိုင်ရာ အောင်မြင်မှုရလဒ်များအား နိုင်ငံအသီးသီးနှင့်အတူ မျှဝေခံစားသွားခြင်းကို အခိုင်အမာထိန်းသိမ်းသွားမည်ဖြစ်ရာ နိုင်ငံအသီးသီးမှ ကုမ္ပဏီလုပ်ငန်းများအနေဖြင့် “တရုတ်နိုင်ငံ၏ အခွင့်အလမ်း ၂.၀” (China Opportunity) ကို အမိအရဆုပ်ကိုင်ကာ တိုးတက်အောင်မြင်မှုများ ဖော်ဆောင်ရန်နှင့် တံခါးဖွင့်ပူးပေါင်းဆောင်ရွက်မှုများအတွင်း ကြံ့ကြံ့ခံနိုင်စွမ်းကို မြှင့်တင်ရန်၊ ဘုံဖွံ့ဖြိုးတိုးတက်မှုမှတစ်ဆင့် အနာဂတ်တွင် အောင်နိုင်ရန် ကြိုဆိုကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
...................................
(Chinese Version)
外交部:欢迎各国企业抢抓“中国机遇2.0”
新华社北京7月1日电(记者邵艺博、王宾)外交部发言人郭嘉昆7月1日在例行记者会上答问时表示,中国将坚定不移推进高水平对外开放,坚持与各国共享技术创新成果,欢迎各国企业抢抓“中国机遇2.0”实现向上突破,在开放合作中提升韧性。
有记者问:近日,瑞士国际管理发展学院发布2026全球竞争力报告,中国排名升至第十二位,中国香港升至第二。商界人士将中国形容为“全球最硬核的健身房”,认为中国在规模化、快速创新方面的独特优势,将成为“中国机遇2.0”的重要依托。发言人对此怎么看?
郭嘉昆说,从“世界工厂”到“世界市场”再到“创新高地”,中国竞争力持续跃升。这得益于稳定的政策环境,也依赖科技创新带来的澎湃动能。中国向全球提供更大“市场红利”的同时,也贡献了日益增多的“创新红利”。
“我们看到,越来越多外国企业来到中国,设立研发中心、地区总部,深度融入中国创新链、产业链,从‘在中国生产’转向‘在中国创造’。”郭嘉昆说,2025年,科研和技术服务领域新设外资企业1.4万家,同比增长了27.2%。在中国,各国企业能够快捷找到全流程合作伙伴,让创新变得更高效、更容易,不仅在中国市场获得成功,也提升了面向全球市场的竞争力。
郭嘉昆表示,放眼世界经济,创新是对抗下行压力、提升增长动力的重要途径。中国将坚定不移推进高水平对外开放,坚持与各国共享技术创新成果,欢迎各国企业抢抓“中国机遇2.0”实现向上突破,在开放合作中提升韧性,通过共同发展赢得未来。(完)








