
ပေကျင်း၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ (CPC) တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်အထိမ်းအမှတ် အခမ်းအနားကို ပေကျင်းမြို့တွင် ဇူလိုင် ၁ ရက်က ကျင်းပခဲ့ကာ CPC ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ တရုတ်နိုင်ငံ သမ္မတနှင့် ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်က အရေးကြီးမိန့်ခွန်းပြောကြားခဲ့သည်။
ရှီ၏ မှတ်ချက်များနှင့် လွန်ခဲ့သောနှစ်ပေါင်း ၁၀၅ နှစ်တာကာလအတွင်း တရုတ်ကွန်မြူနစ်ပါတီ၏ အောင်မြင်မှုများကို ပြန်လည်အောက်မေ့လျက် ပြည်ပနိုင်ငံများမှ နိုင်ငံရေးခေါင်းဆောင်များ၊ ပညာရှင်များနှင့် မူဝါဒရေးရာသုတေသီများက CPC ၏ ကာလရှည်မဟာဗျူဟာမျှော်မှန်းချက်၊ ပြည်သူဗဟိုပြုစီမံခန့်ခွဲမှုနှင့် စဉ်ဆက်မပြတ် မိမိကိုယ်ကို စွမ်းရည်မြှင့်တင်ခြင်းသည် တရုတ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု၏ အဓိကမောင်းနှင်အားများဖြစ်ကြောင်း ထောက်ပြပြောကြားခဲ့သည်။ ၎င်းတို့လေ့လာတွေ့ချက်အရ တရုတ်နိုင်ငံ၏ အတွေ့အကြုံသည် ထိုသို့ဖြစ်မြောက်ရန် စံနမူနာတစ်ခုတည်းရှိခြင်း မဟုတ်ကြောင်းကို ပြသခြင်းအားဖြင့် ခေတ်မီအသွင်ပြောင်းမှုအပေါ် ကမ္ဘာ၏ ဖွင့်ဆိုချက်များကို ပို၍ ကြွယ်ဝစေသည်။
မော်ကွန်းတင်ထိုက်သော ကြိုးပမ်းဆောင်ရွက်မှု
ဇူလိုင် ၁ ရက်တွင် အတူတကွစုစည်းကြကာ ပါတီ၏ ၁၀၅ နှစ်မြောက်ကို ပြန်လည်သုံးသပ်ကြရာ ရှီက လွန်ခဲ့သော ၁၀၅ နှစ်အတွင်း တရုတ်ပြည်သူများ၏ အနာဂတ်မှာ အခြေခံမှ အသွင်ပြောင်းလဲလာခဲ့ပြီဖြစ်ကာ တရုတ်အမျိုးသားတို့၏မဟာပြန်လည်အားသစ်လောင်းမှု အောင်မြင်ရေးအတွက် မှန်ကန်သောလမ်းကို ဖွင့်လှစ်နိုင်ခဲ့ပြီဖြစ်ပြီး မာ့ခ်ဝါဒ၏ ခိုင်မာအားကောင်းသော တက်ကြွမှုကို သရုပ်ဖော်ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260702/93ffc7a0f8ef42b2af8da2865cc2c8f1/c.html


……………………………………..
(English Version)
Global observers find new inspiration as CPC turns 105
BEIJING, July 2 (Xinhua) -- A gathering marking the 105th founding anniversary of the Communist Party of China (CPC) was held in Beijing on Wednesday, where Xi Jinping, general secretary of the CPC Central Committee, Chinese president and chairman of the Central Military Commission, delivered an important speech.
Reflecting on Xi's remarks and the CPC's achievements over the past 105 years, overseas political leaders, scholars and policy researchers pointed to the CPC's long-term strategic vision, people-centered governance and capacity for constant self-improvement as key drivers of China's development. China's experience, as they observed, has enriched global discourse on modernization by showing there is no single model for achieving it.
EPIC ENDEAVOR
Reviewing the Party's 105-year journey at Wednesday's gathering, Xi said that the endeavors over the past 105 years have fundamentally transformed the future of the Chinese people, opened up the right path for achieving the great rejuvenation of the Chinese nation, and demonstrated the strong vitality of Marxism.
https://english.news.cn/20260702/93ffc7a0f8ef42b2af8da2865cc2c8f1/c.html
Photo 1: Tourists take photos at a tourism area along the Yangtze River in Wanzhou District of Chongqing, southwest China, Nov. 14, 2025. (Photo by Fu Zuoqiao/Xinhua)
Photo 2: A gathering in celebration of the 105th founding anniversary of the Communist Party of China (CPC) is held at the Great Hall of the People in Beijing, capital of China, July 1, 2026. (Xinhua/Yao Dawei)
Photo 3: A drone photo taken on June 30, 2026 shows a high-speed train running in Ning'er Hani and Yi Autonomous County, Pu'er City, southwest China's Yunnan Province. (Photo by Yang Tingrong/Xinhua)








