ရန်ကုန်၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
မြန်မာနိုင်ငံတွင် ၂၀၂၆ ခုနှစ် ပထမငါးလတာကာလအတွင်း ယာဉ်တိုက်မှုများကြောင့် လူ ၈၁၃ ဦး သေဆုံးပြီး ၂,၀၅၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (RTAD) က ဇွန် ၃၀ ရက် ထုတ်ပြန်ချက်အရ သိရသည်။
ယခုနှစ် ဇန်နဝါရီလနှင့် မေလအကြားတွင် ယာဉ်မတော်တဆမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ရန်ကုန်တိုင်းဒေသကြီးတွင် ၁၆၅ ဦးဖြင့် အများဆုံးဖြစ်ခဲ့ပြီး ယင်းနောက်တွင် ပဲခူးတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် သေဆုံးသူ ၁၀၆ ဦး အသီးသီးရှိခဲ့ကြောင်း RTAD အချက်အလက်များ၌ ဖော်ပြထားသည်။
၂၀၂၅ ခုနှစ် အလားတူကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်း ယာဉ်တိုက်မှု ၁,၄၅၅ မှု၊ လူသေဆုံးသူ ၇၈၂ ဦးနှင့် ဒဏ်ရာရသူ ၂,၁၄၄ ဦး ရှိခဲ့ကြောင်း RTAD အချက်အလက်များအရ သိရသည်။
ထို့ပြင် မြန်မာနိုင်ငံတွင် ၂၀၂၅ ခုနှစ် တစ်နှစ်တာကာလပတ်လုံး ယာဉ်တိုက်မှု ၃,၃၄၈ မှုဖြစ်ပွားခဲ့ကာ သေဆုံးသူ ၁,၇၃၅ ဦးနှင့် ဒဏ်ရာရသူ ၄,၆၇၆ ဦး ရှိခဲ့ကြောင်း တရားဝင်အချက်အလက်များ၌ ဖော်ပြထားသည်။ (Xinhua)
……………………………………..
(English Version)
813 killed, 2,051 injured in road accidents in Myanmar in first 5 months of 2026
YANGON, June 30 (Xinhua) -- A total of 813 people were killed and 2,051 people injured in 1,447 road accidents in Myanmar in the first five months of 2026, according to the Road Transport Administration Department (RTAD) on Tuesday.
Between January and May this year, Yangon region reported the highest number of deaths from road accidents at 165, followed by Bago region and Mandalay region with 106 deaths each, theRTAD's data showed.
During the same period in 2025, 782 people were killed and 2,144 injured in 1,455 road accidents across the country, the RTAD's figures showed.
Official data showed that a total of 1,735 people were killed and 4,676 others injured in 3,348 road accidents across the country in the whole year of 2025.








