
ကင်ရှာဆာ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ကွန်ဂိုနိုင်ငံ (DRC) တွင် ယခုအကြိမ် အီဘိုလာရောဂါ ဖြစ်ပွားမှုသည် “အလွန်ဆိုးရွား” နေဆဲဖြစ်ကြောင်း၊ အတည်ပြုလူနာနှင့် သေဆုံးလူနာ မြင့်တက်လာမှုသည် အတန်အသင့်လျင်မြန်လာကြောင်း အာဖရိကတိုက် ကူးစက်ရောဂါ ကာကွယ်ထိန်းချုပ်ရေးစင်တာ (CDC) အကြီးအကဲ Dr. Jean Kaseya သည် ဇူလိုင် ၂ ရက်က ကွန်ဂိုနိုင်ငံ (DRC) မြို့တော်ကင်ရှာဆာ၌ ပြောကြားခဲ့သည်။
ကွန်ဂိုနိုင်ငံ (DRC) ၏ ယခင်က အီဘိုလာရောဂါဖြစ်ပွားမှုနှင့် အနောက်အာဖရိက အီဘိုလာရောဂါ ဖြစ်ပွားမှုကို လက်ရှိဖြစ်ပေါ်မှုအဆင့်၏ အခြေအနေနှင့် နှိုင်းယှဉ်ပါက ယခုအကြိမ် ရောဂါဖြစ်ပွားမှုတွင် အတည်ပြုလူနာနှင့် သေဆုံးလူနာ၏ တိုးတက်မှုအမြန်နှုန်းသည် အထူးမြန်ဆန်ကြောင်း၊ “ရည်မှန်းချက်က လက်ရှိအတိုင်းအတာအတွင်းမှာ ရောဂါဖြစ်ပွားမှုကို တားဆီးဖို့ ဖြစ်ပါတယ်” ဟု Dr. Jean Kaseya က ထိုနေ့တွင် ကွန်ဂိုနိုင်ငံ (DRC) သမ္မတ Felix Tshisekedi ၊ တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa နှင့်အတူ ကွန်ဂိုနိုင်ငံ (DRC) ဇီဝဆေးပညာသုတေသနဌာန၌ လေ့လာကြည့်ရှုစဉ် ပြောကြားခဲ့သည်။
“ယခုအကြိမ် အီဘိုလာရောဂါဖြစ်ပွားမှုသည် အနောက်အာဖရိက အီဘိုလာရောဂါဖြစ်ပွားမှုအတိုင်း ၂ နှစ် ဆက်တိုက် ဖြစ်မှာကို ကျွန်တော်တို့ မတွေ့မြင်လိုပါဘူး” ဟု ၎င်းက ဆိုသည်။
ကွန်ဂိုနိုင်ငံ (DRC) အစိုးရက ဇူလိုင် ၂ ရက် ညပိုင်းတွင် ထုတ်ပြန်သော ရောဂါဖြစ်ပွားမှု အချက်အလက်များအရ ဇူလိုင် ၁ ရက်အထိ အဆိုပါနိုင်ငံတွင် ယခုအကြိမ် အီဘိုလာရောဂါဖြစ်ပွားမှုတွင် စုစုပေါင်း အစီရင်ခံတင်ပြသော အတည်ပြုလူနာ ၁,၄၆၀ ဦးရှိပြီး ၎င်းအနက် သေဆုံးလူနာ ၄၄၇ ဦးရှိကာ လူနာ ၅၉၅ ဦးသည် သီးခြားကွာရန်တင်းနေထိုင်ခြင်း သို့မဟုတ် ဆေးကုသမှုခံယူနေကြောင်း၊ ရောဂါပျောက်ကင်းသွားသောလူနာ ၂၁၃ ဦးရှိကြောင်း သိရသည်။
Dr. Jean Kaseya က ကွန်ဂိုနိုင်ငံ (DRC) လက်ရှိကြုံတွေ့နေရသည်မှာ အများပြည်သူ့ကျန်းမာရေး အကျပ်အတည်း သီးသန့်တစ်ခုသာမဟုတ်ကြောင်း၊ အီဘိုလာရောဂါ ဖြစ်ပွားသည့်ဒေသတွင်လည်း ကာလဝမ်းရောဂါနှင့် ဝက်သက်ရောဂါ အတည်ပြုလူနာများစွာရှိသည်ဟု အစီရင်ခံတင်ပြလာရာ ဒေသတွင်း ကျန်းမာရေးစနစ်သည်လည်း ဖိအားများစွာနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကလည်း ဇူလိုင် ၂ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်ရောဂါအတွက် အလားအလာရှိသော ကုသမှုနည်းလမ်းကို အကဲဖြတ်နိုင်ရန် လက်တွေ့ဆေးကုသမှု စမ်းသပ်ချက်တစ်ရပ်အတွက် ကွန်ဂိုနိုင်ငံ (DRC) ၌ လူနာများ စတင်စုစည်းနေပြီဖြစ်ကြောင်း၊ အဆိုပါစမ်းသပ်ချက်သည် Monoclonal antibodies MBP134 နှင့် ဗိုင်းရပ်စ်ခုခံသည့်ဆေးဝါးဖြစ်သော remdesivir အား သီးသန့်အသုံးပြုခြင်းနှင့် ပူးတွဲအသုံးပြုခြင်း ရလဒ်များကို သုံးသပ်အကဲဖြတ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကွန်ဂိုနိုင်ငံ (DRC) ကျန်းမာရေးဝန်ကြီး Roger Kamba က ဇူလိုင် ၂ ရက်တွင် Monoclonal antibodies ၏ ဆေးကုသမှုဆိုင်ရာစမ်းသပ်ချက်ကို အရှိန်မြှင့်တွန်းအားပေးဆောင်ရွက်ရန်၊ Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်အတွက် ထိရောက်မှုရှိသော ကာကွယ်ဆေးအား သုတေသနပြုလုပ် ဖော်ထုတ်ရန် တိုက်တွန်းပြောကြားခဲ့သည်။ လက်ရှိတွင် Bundibugyo အမျိုးအစား အီဘိုလာဗိုင်းရပ်စ်အတွက် အတည်ပြုထားသည့် ထိရောက်သော အထူးဆေးဝါးနှင့် ကာကွယ်ဆေးမရှိသေးပေ။
တောင်အာဖရိကနိုင်ငံ သမ္မတ Cyril Ramaphosa က ဘက်အသီးသီး၏အရင်းအနှီးကတိပြုချက်များကို ရောဂါဖြစ်ပွားမှုကြောင့် သက်ရောက်မှုခံရသည့်လူမှုအသိုက်အဝန်းအပေါ် အသေးစိတ်ကူညီမှုအဖြစ် အမြန်ဆုံး ပြောင်းလဲဆောင်ရွက်ပေးရန်၊ ပဋိပက္ခကြောင့် သက်ရောက်မှုခံရသော ဒေသတွင် အပစ်ရပ်ရန် တိုက်တွန်းခဲ့ကြောင်း၊ အဘယ်ကြောင့်ဆိုသော် ကွန်ဂိုနိုင်ငံ (DRC) အရှေ့ပိုင်းဒေသ၏ လက်နက်ကိုင်ပဋိပက္ခသည် ကျန်းမာရေးဝန်ထမ်းများ အဆိုပါဒေသ၌လုပ်ငန်းဆောင်ရွက်မှုအပေါ် အတားအဆီးဖြစ်စေသကဲ့သို့ လူသားချင်းစာနာထောက်ထားမှု ကူညီရေးလမ်းကြောင်းကိုလည်း ပိတ်ဆို့စေကြောင်း ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
非洲疾控中心说刚果(金)埃博拉疫情仍“非常严重”
新华社金沙萨7月2日电(记者史彧)非洲疾病预防控制中心主任卡塞亚2日在刚果(金)首都金沙萨说,该国本轮埃博拉疫情仍“非常严重”,确诊病例和死亡病例增长较快。
卡塞亚当天与刚果(金)总统齐塞克迪、南非总统拉马福萨在刚果(金)国家生物医学研究所视察时说,与刚果(金)以往埃博拉疫情以及西非埃博拉疫情处于这一发展阶段时的情况相比,本轮疫情确诊病例和死亡病例增长速度都特别快。“目标是在当前范围内遏制住疫情。”他说,“我们不希望本轮疫情像西非埃博拉疫情那样持续两年”。
刚果(金)政府2日晚发布的疫情数据显示,截至1日,该国本轮埃博拉疫情累计报告确诊病例1460例,其中死亡447例,595名患者正在隔离或接受治疗,213人治愈。
卡塞亚说,刚果(金)当前面临的并非单一公共卫生危机。埃博拉疫区也报告大量霍乱和麻疹病例,当地卫生系统面临多重压力。
世界卫生组织2日发布公告说,一项临床试验已开始在刚果(金)招募患者,以评估针对本迪布焦型埃博拉病毒病的潜在治疗方法。该试验将评估单克隆抗体MBP134和抗病毒药物瑞德西韦单独使用及联合使用的效果。
刚果(金)卫生部长坎巴2日呼吁加快推进单克隆抗体临床试验,并研发针对本迪布焦型埃博拉病毒的有效疫苗。目前,针对本迪布焦型埃博拉病毒尚无获批特效药和疫苗。
拉马福萨呼吁将各方资金承诺尽快转化为对受疫情影响社区的具体援助,并呼吁受冲突影响地区实现停火,因为刚果(金)东部地区的武装冲突妨碍卫生工作者在该地区开展工作,也阻塞了人道主义援助通道。(完)
图说1:6月20日,在刚果(金)伊图里省蒙布瓦卢,医务人员护送埃博拉患者抵达治疗中心。新华社发
图说2:6月9日,在刚果(金)伊图里省首府布尼亚的一所埃博拉治疗中心,医护人员抱着婴儿。新华社发








