
ကုလသမဂ္ဂ၊ ဇူလိုင် ၃ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်း ကိုယ်စားလှယ် ဖုချုံးက ဇူလိုင် ၂ ရက်တွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အရှေ့အလယ်ပိုင်းဒေသ အခြေအနေ အရေးပေါ်တံခါးဖွင့်အစည်းအဝေး၌ ပါဝင်ဆွေးနွေးရာတွင် ဘက်အသီးသီးအနေဖြင့် တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ ပင်လယ်ကွေ့ဒေသ အခြေအနေ အရှိန်မြင့်တက်လာမှုကို ရှောင်ကြဉ်ရန် တိုက်တွန်းခဲ့သည်။
လတ်တလောကာလတွင် အမေရိကန်နှင့် အီရန်က အသစ်တစ်ကြိမ် အပြန်အလှန်တိုက်ခိုက်မှု ဖြစ်ပွားခဲ့ရာ ဘာရိန်းနှင့် ကူဝိတ် နိုင်ငံများအတွင်းရှိ ပစ်မှတ်များလည်း သက်ရောက်မှုခံရကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးက ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းနှင့် အခြေခံမူအား လိုက်နာသင့်သည်ဟု အစဉ်အမြဲ လက်ကိုင်ထားပြီး နိုင်ငံတကာဆက်ဆံရေးတွင် လက်နက်အင်အား အသုံးပြုခြင်း သို့မဟုတ် လက်နက်အင်အား အသုံးပြုမည်ဟု ခြိမ်းခြောက်ခြင်းကို ဆန့်ကျင်ကန့်ကွက်ကြောင်း၊ ဘက်အသီးသီးအနေဖြင့် တည်တည်ငြိမ်ငြိမ် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ရန်၊ ခြိမ်းခြောက်မှုပြောဆိုခြင်းနှင့် စစ်ရေးအရဲစွန့်သော လှုပ်ရှားမှုများ ဆောင်ရွက်ခြင်းကို ရှောင်ကြဉ်ရန်၊ တင်းမာသော အခြေအနေ အရှိန်မြင့်တက်လာစေသည့် လှုံ့ဆော်မှုကို ရှောင်ကြဉ်ရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် အမေရိကန်နှင့် အီရန်က ပါကစ္စတန်၊ ကာတာ၏ ကူညီမှုဖြင့် နားလည်မှုစာချွန်လွှာ နောက်ဆက်တွဲဆွေးနွေးညှိနှိုင်းမှုများ စတင်ခြင်း၊ နောက်တစ်ဆင့် ဆွေးနွေးညှိနှိုင်းမှုယန္တရားအတွက် သဘောတူညီချက်ရရှိခြင်းကို ကြိုဆိုကြောင်း၊ ဘက်အသီးသီး၏ ကြိုးပမ်းမှုဖြင့် ပဋိပက္ခသည် နောက်ဆုံးတွင် တွေ့ဆုံဆွေးနွေးမှုအဖြစ် ပြောင်းလဲလာပြီဖြစ်သော်လည်း အပစ်ရပ်မှုအခင်းအကျင်းသည် အကဲဆတ်နေဆဲဖြစ်ရာ ငြိမ်းချမ်းရေးအား အစစ်အမှန်ဖော်ဆောင်နိုင်ခြင်း ရှိ၊ မရှိသည် ဘက်အသီးသီး၏ အတူတကွကြိုးပမ်းမှု လိုအပ်နေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် အောက်ဖော်ပြပါ အချက်သုံးချက်အား အဓိကထား ကောင်းမွန်စွာလုပ်ဆောင်ရန် တိုက်တွန်းကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
ပထမအချက်မှာ ဘက်စုံအပစ်ရပ်၍ စစ်ပွဲရပ်တန့်သည့် အခင်းအကျင်းကို ခိုင်မြဲစေရန်ဖြစ်ကြောင်း၊ အမေရိကန်နှင့် အီရန်သည် အကြီးမားဆုံးရိုးသားမှုစေတနာကို အရင်းခံ၍ နားလည်မှုစာချွန်လွှာကို လက်တွေ့ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ ဆွေးနွေးညှိနှိုင်းမှုအလားအလာကို ထိန်းသိမ်းထားပြီး အခက်အခဲနှင့် အနှောင့်အယှက်များကို ကျော်ဖြတ်ကာ အမေရိကန်နှင့် အီရန် နှစ်ဖက်က သဘောတူညီသော၊ ဒေသတွင်းနိုင်ငံများက လက်ခံသော၊ နိုင်ငံတကာအသိုင်းအဝိုင်းက ကြိုဆိုသော ဘက်စုံသဘောတူညီချက်ကို ဆောလျင်စွာရရှိရန် ကြိုးပမ်းရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ဒုတိယအချက်မှာ ပင်လယ်ကွေ့တွင် ပုံမှန်ဖြတ်သန်းသွားလာမှုကို အမြန်ဆုံး ပြန်လည်ဖော်ဆောင်ရန် ဖြစ်ကြောင်း၊ ဟော်မုဇ်ရေလက်ကြားသည် နိုင်ငံတကာ ရေကြောင်းလမ်း ဖြတ်သန်းသွားလာရန် အသုံးပြုသည့် ရေလက်ကြားဖြစ်ရာ ရေလက်ကြား ဘေးကင်းလုံခြုံမှု၊ လွတ်လပ်စွာ ဖြတ်သန်းသွားလာမှုအား ပြန်လည်ဖော်ဆောင်ခြင်းသည် တစ်ကမ္ဘာလုံး ကုန်ထုတ်လုပ်ငန်းနှင့် ထောက်ပံ့ရေးကွင်းဆက် တည်ငြိမ်မှုကို ကာကွယ်ထိန်းသိမ်းရန်အတွက် အကျိုးပြုသလို ဒေသတွင်းနိုင်ငံနှင့် နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံအကျိုးစီးပွားနှင့်လည်း ကိုက်ညီကြောင်း၊ ရေလက်ကြားအပေါ် စီစဉ်မှုများသည် ကမ်းရိုးတန်းတစ်လျှောက်နိုင်ငံများ၏ အချုပ်အခြာအာဏာနှင့် တရားဝင် အခွင့်အရေး၊ အကျိုးစီးပွားကို လေးစားရမည့်အပြင် နိုင်ငံတကာလုပ်ထုံးလုပ်နည်းနှင့် နိုင်ငံအသီးသီး၏ ဘုံမျှော်မှန်းချက်နှင့်လည်း ကိုက်ညီရမည်ဖြစ်ကြောင်း ဖုချုံးက ပြောကြားခဲ့သည်။
တတိယအချက်မှာ ဒေသတွင်းနိုင်ငံများ၏ အပြန်အလှန်ဆက်ဆံရေး တိုးတက်ကောင်းမွန်လာစေရန် ဖြစ်ကြောင်း၊ ပင်လယ်ကွေ့အပါအဝင် အရှေ့အလယ်ပိုင်းဒေသသည် နိုင်ငံကြီးများ အားပြိုင်သည့်နေရာနှင့် ပထဝီနိုင်ငံရေးအတွက် စတေးခံရသည့်အရာ ထပ်မံမဖြစ်သင့်တော့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဒေသတွင်းနိုင်ငံများက စစ်မှန်သော မဟာဗျူဟာ မိမိကိုယ်ပိုင်ရပ်တည်မှုအား စွဲမြဲစွာ လက်ကိုင်ထားခြင်း၊ ဘုံဖြစ်သော၊ ဘက်စုံဖြစ်သော၊ ပူးပေါင်းဆောင်ရွက်သော၊ စဉ်ဆက်မပြတ်သော လုံခြုံရေးအမြင်ကို အရင်းခံခြင်း၊ ဆွေးနွေးညှိနှိုင်းမှုဖြင့် သဘောထားကွဲလွဲမှုများကို ဖြေရှင်းခြင်း၊ ဒေသတွင်း လုံခြုံရေးမူဘောင်အသစ်ကို ဆွေးနွေးခြင်း၊ ကံကြမ္မာကို မိမိ၏လက်ထဲတွင် စွဲမြဲစွာဆုပ်ကိုင်ထားခြင်းကို ထောက်ခံအားပေးကြောင်း ၎င်းက ပြောကြားခဲ့သည်။
တာဝန်ယူမှုရှိသောနိုင်ငံကြီးနှင့် ဒေသတွင်းနိုင်ငံများ၏ စစ်မှန်ရိုးသားသောမိတ်ဖက်အနေဖြင့် တရုတ်နိုင်ငံသည် သမ္မတ ရှီကျင့်ဖိန်အဆိုပြုသော အရှေ့အလယ်ပိုင်းဒေသ ငြိမ်းချမ်းတည်ငြိမ်မှုကို ကာကွယ်ခြင်းနှင့် မြှင့်တင့်ခြင်းဆိုင်ရာ အဆိုပြုချက်လေးရပ်ကို ဆက်လက်အရင်းခံကာ နိုင်ငံတကာအသိုင်းအဝိုင်းနှင့်အတူ ဒေသတွင်းအရေးကြီးကိစ္စရပ်များကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းမှု၊ ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ်မှုအား ကာကွယ်ထိန်းသိမ်းမှုနှင့် မြှင့်တင်မှုကို ဖော်ဆောင်ရန်အတွက် အပြုသဘောဆောင်သည့် အခန်းကဏ္ဍမှ ပါဝင်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
中国代表呼吁避免海湾局势升级
新华社联合国7月2日电 中国常驻联合国代表傅聪2日在安理会中东局势紧急公开会上发言,呼吁各方保持冷静克制,避免海湾局势升级。
傅聪说,最近美国和伊朗发生新一轮相互袭击,巴林和科威特境内目标遭到波及。中方一贯主张各方都应遵守联合国宪章宗旨和原则,反对在国际关系中使用或威胁使用武力。中方呼吁各方保持冷静克制,避免采取威胁言论和军事冒险行动,避免刺激紧张局势升级。
傅聪说,中方欢迎美伊在巴基斯坦、卡塔尔协助下启动谅解备忘录后续磋商,并就下步谈判机制形成共识。在各方共同努力下,冲突终于转向对话,但停火局面仍然脆弱,能否真正实现和平有待各方共同努力。中方呼吁重点做好以下三点:
第一,巩固全面停火止战局面。美伊应秉持最大诚意,切实履行谅解备忘录,保持谈判势头,克服困难干扰,争取早日达成美伊双方同意、地区国家接受、国际社会欢迎的全面协议。
第二,尽快恢复海峡正常通航。霍尔木兹海峡是用于国际航行的海峡,恢复海峡安全、自由通行有助于维护全球产供链稳定,符合地区国家和国际社会的共同利益。对海峡的安排既要尊重沿岸国主权和合法权益,也要符合国际惯例和各国共同愿望。
第三,改善地区国家彼此关系。包括海湾在内的中东地区不能再成为大国博弈角斗场和地缘政治牺牲品。中方支持地区国家坚持真正的战略自主,秉持共同、综合、合作、可持续的安全观,通过对话协商化解分歧,探讨新的地区安全架构,把命运牢牢掌握在自己手里。
他说,作为负责任大国和地区国家真诚伙伴,中方将继续秉持习近平主席提出的维护和促进中东和平稳定的四点主张,同国际社会一道,为实现地区热点问题的政治解决、维护和促进地区和平稳定发挥建设性作用。(完)
图说1:2月28日,在位于纽约的联合国总部,安理会就中东地区冲突升级举行紧急会议。新华社记者 谢锷 摄
图说2:这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。新华社记者 温新年 摄








