တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ ချင်းဟွာ တက္ကသိုလ်တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသည့် တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့ဉာဏ်ရည်တု (AI) ကွန်ဖရင့်နှင့် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုစနစ်ဆိုင်ရာ အဆင့်မြင့်အစည်းအဝေးတို့ကို အခွင့်အလမ်းအဖြစ် အကျိုးရှိစွာအသုံးချ၍ ကျယ်ပြန့်သော သဘောတူညီချက်အ‌ပေါ် အခြေခံသည့် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုစနစ် တည်ဆောက်ရေးအတွက် သက်ဆိုင်သူအဖွဲ့အစည်းအားလုံးနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ကူးလူးဆက်ဆံမှုများကို အားကောင်းစေမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်က ဇူလိုင် ၃ ရက်၌ ပြောကြားခဲ့သည်။

မြို့တော်ပေကျင်းတွင် ကျင်းပပြုလုပ်သည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်စဉ် ဟန်က အထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ပြီး AI ကဲ့သို့သော ထွန်းသစ်စနယ်ပယ်များတွင် စီမံခန့်ခွဲမှုအားကောင်းစေရေးအတွက် တိုက်တွန်းခဲ့သည်။ တရုတ်နိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုအစီအမံအား တင်ပြထားပြီး ပြည်သူဗဟိုပြု ချဉ်းကပ်နည်းနှင့် လူသားမျိုးနွယ်ကောင်းကျိုးအတွက် AI ဖွံ့ဖြိုးတိုးတက်ရေးတို့ကို အားပေးလျက်ရှိကြောင်း ဟန်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ မြို့တော်ပေကျင်းရှိ Tsinghua တက္ကသိုလ်တွင် ကျင်းပသည့် ၁၄ ကြိမ်မြောက် ကမ္ဘာ့ငြိမ်းချမ်းရေးဖိုရမ် ဖွင့်ပွဲအခမ်းအနားမတိုင်မီ ဧည့်သည်တော်များနှင့်အတူ အဖွဲ့လိုက်အမှတ်တရဓာတ်ပုံ ရိုက်ကူးနေသည့် တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

.......................................................................

(English Version)

China to promote forging of widely-accepted global AI governance system: vice president

BEIJING, July 3 (Xinhua) -- China will use the World Artificial Intelligence (AI) Conference and High-Level Meeting on Global AI Governance as an opportunity to strengthen exchanges and cooperation with all parties to build a global AI governance system based on broad consensus, Chinese Vice President Han Zheng said on Friday.

Han made the remarks when addressing the opening ceremony of the 14th World Peace Forum in Beijing, calling for strengthening governance in emerging fields like AI.

China has put forward the Global AI Governance Initiative, advocating a people-centered approach and the development of AI for the good of humanity, Han said. ■

English Caption 1

Chinese Vice President Han Zheng addresses the opening ceremony of the 14th World Peace Forum at Tsinghua University in Beijing, capital of China, July 3, 2026. (Xinhua/Ding Lin)

English Caption 2

Chinese Vice President Han Zheng poses for a group photo with guests before the opening ceremony of the 14th World Peace Forum at Tsinghua University in Beijing, capital of China, July 3, 2026. (Xinhua/Ding Lin)