ကိုပင်ဟေဂင်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံအနေဖြင့် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးချဲ့ရေး၊ အစိမ်းရောင် ပူးတွဲလုပ်ငန်းအစီအစဉ် ပုံစံသစ်အတွက် ဆွေးနွေးမှုများ စတင်ရေး၊ သိပ္ပံနည်းကျ သုတေသနနှင့် ဆန်းသစ်တီထွင်မှု၊ အစိမ်းရောင် ရေကြောင်းကုန်စည်ပို့ဆောင်မှုနှင့် ကျန်းမာရေးစောင့်ရှောက်မှု ကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်မှု နက်နက်ရှိုင်းရှိုင်းရှိရေးအတွက် ဒိန်းမတ်နိုင်ငံနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက ဇူလိုင် ၂ ရက်၌ ပြောကြားခဲ့သည်။
ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့၌ ဒိန်းမတ်နိုင်ငံခြားရေးဝန်ကြီး လာစ် လော့ကီ ရက်စ်မွတ်ဆန်နှင့် တွေ့ဆုံဆွေးနွေးစဉ် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်လည်းဖြစ်သူ ဝမ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
ကာလကြာရှည် အပြန်အလှန်ကူးလူးဆက်ဆံခဲ့သော သမိုင်းကြောင်းရှိခဲ့သည့် တရုတ်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့သည် "ပထမဆုံး" အဖြစ် မှတ်တမ်းဝင်ခဲ့သည့် အကြောင်းအရာများစွာကို ပိုင်ဆိုင်ခဲ့ကြောင်း၊ ဒိန်းမတ်နိုင်ငံသည် တရုတ်နိုင်ငံနှင့် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး ထူထောင်သည့် ပထမဆုံး စကင်ဒီနေဗီးယားနိုင်ငံ ဖြစ်ရုံသာမက တရုတ်နိုင်ငံနှင့် အစိမ်းရောင်အသွင်ကူးပြောင်းမှု ပူးပေါင်းဆောင်ရွက်ရေးယန္တရား ထူထောင်ခဲ့သည့် ပထမဆုံးနိုင်ငံလည်းဖြစ်ကာ ဒုတိယမြောက် မာဂရက်ဘုရင်မကြီးသည်လည်း တရုတ်နိုင်ငံ၌ ပြုပြင်ပြောင်းလဲမှုနှင့် တံခါးဖွင့်လှစ်မှုများ ပြုလုပ်ခဲ့ပြီးနောက် တရုတ်နိုင်ငံသို့ ပထမဆုံး လာရောက်ခဲ့သည့် အနောက်နိုင်ငံ ခေါင်းဆောင်ဖြစ်ကြောင်း ဝမ်က ပြောသည်။
ယမန်နှစ်တွင် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ထူထောင်မှု ၇၅ နှစ် ပြည့်မြောက်ခဲ့သည်ကို ဝမ်က ပြန်ပြောင်းပြောဆိုလျက် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦးအကြား ရရှိထားသော အရေးကြီးဘုံသဘောတူညီမှုများကို ဆက်လက်အကောင်အထည်ဖော်ရန်၊ အဆင့်မြင့်အလွှာ ကူးလူးဆက်ဆံမှုများကို ထိန်းသိမ်းရန်၊ နယ်ပယ်အသီးသီးနှင့် ကိစ္စရပ်အသီးသီး၌ တွေ့ဆုံဆွေးနွေးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းအောင် လုပ်ဆောင်ရန် တရုတ်နိုင်ငံက အသင့်ရှိသည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
အာရှဒေသ၌ ဒိန်းမတ်နိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက် ဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံအနေဖြင့် ပညာရေး၊ ယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်း၊ လူငယ်ရေးရာနှင့် အားကစားနယ်ပယ်တို့တွင် ကူးလူးဆက်ဆံမှုများ ချဲ့ထွင်ရန် ဆန္ဒရှိသကဲ့သို့ နှစ်နိုင်ငံပြည်သူအချင်းချင်း အပြန်အလှန်နားလည်မှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်လျက်ရှိကာ နှစ်နိုင်ငံ ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးကိုလည်း ရှုထောင့်အသစ်များ ပေါင်းစပ်ထည့်သွင်းလျက်ရှိကြောင်း ဝမ်က ပြောသည်။
ဒိန်းမတ် စီးပွားရေးလုပ်ငန်းများအနေဖြင့်လည်း တရုတ်နိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်လုပ်ဆောင်ကာ ဒိန်းမတ်နိုင်ငံအနေဖြင့်လည်း တရုတ်စီးပွားရေးလုပ်ငန်းများအတွက် ပွင့်လင်းမျှတ၍ ကြိုတင်ခန့်မှန်းနိုင်သော စီးပွားရေးပတ်ဝန်းကျင်တစ်ခု ဖန်တီးပေးလိမ့်မည်ဟု မျှော်လင့်ကြောင်း ဝမ်က ဆိုသည်။
နှစ်ဖက်အနေဖြင့် နှစ်နိုင်ငံဆက်ဆံရေး၏ နိုင်ငံရေးအခြေခံအုတ်မြစ်ကို အတူတကွ ထိန်းသိမ်းသင့်ကြောင်း၊ ဒိန်းမတ်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ပြုကျင့်သုံးလျက်ရှိသည့်အပေါ် တရုတ်နိုင်ငံက အသိအမှတ်ပြုကာ ဒိန်းမတ်နိုင်ငံက ယင်း၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက် ပြည့်စုံမှုအား ကာကွယ်စောင့်ရှောက်ရာတွင်လည်း တရုတ်နိုင်ငံက အထောက်အကူပေးလျက်ရှိရာ ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းပါ ရည်ရွယ်ချက်များ၊ မူဝါဒများနှင့် ကိုက်ညီမှုရှိသကဲ့သို့ နိုင်ငံတကာဆက်ဆံရေး စီမံခန့်ခွဲမှု အခြေခံစံနှုန်းများနှင့်လည်း ကိုက်ညီမှုရှိကြောင်း ဝမ်က ပြောသည်။
နိုင်ငံတကာနှင့် ဒေသတွင်းရေးရာများနှင့် စပ်လျဉ်း၍ ပြောကြားရာတွင် ဝမ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများဖြစ်ကြသည့် တရုတ်နိုင်ငံနှင့် ဒိန်းမတ်နိုင်ငံတို့သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထောက်ခံအားပေးကာ နိုင်ငံတကာ ဥပဒေစိုးမိုးမှုကို ထိန်းသိမ်းလျက်ရှိသလို နိုင်ငံတကာရေးရာများတွင် ကုလသမဂ္ဂ၏ ဗဟိုအခန်းကဏ္ဍကိုလည်း ထောက်ခံလျက်ရှိသည်ဟု ပြောကြားခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260703/fb7e84a55eac408aaf1d8c66513e81f4/c.html
.....................................................................
(English Version)
China to expand green, trade cooperation with Denmark -- FM
COPENHAGEN, July 3 (Xinhua) -- China is ready to work with Denmark to expand trade and investment cooperation, launch discussions on a new version of the green joint work program, and deepen cooperation in scientific research and innovation, green shipping and health care, Chinese Foreign Minister Wang Yi said on Thursday.
Wang, also a member of the Political Bureau of the Communist Party of China Central Committee, made the remarks during talks with Danish Foreign Minister Lars Lokke Rasmussen in Copenhagen.
With a long history of exchanges, China and Denmark have achieved a number of "firsts" -- Denmark was the first Nordic country to establish a comprehensive strategic partnership with China and the first to establish a green transition cooperation mechanism with China, and Queen Margrethe II was also the first Western head of state to visit China after the country's reform and opening up, he said.
Recalling the 75th anniversary of diplomatic ties celebrated last year, Wang voiced China's readiness to follow through on the important consensus reached by the two heads of state, maintain high-level exchanges, and strengthen dialogue and cooperation across various departments and fields.
As Denmark's largest trading partner in Asia, China is also willing to expand exchanges in education, culture, tourism, youth and sports, enhancing mutual understanding and friendship between the peoples of the two countries and adding new dimensions to the China-Denmark comprehensive strategic partnership, Wang said.
He expressed the hope that Danish enterprises will continue investing in China and that Denmark will provide an open, fair and predictable business environment for Chinese enterprises.
Noting that both sides should jointly uphold the political foundation of bilateral relations, Wang said that China appreciates Denmark's adherence to the one-China principle and supports Denmark in safeguarding its national sovereignty and territorial integrity, which is in line with the purposes and principles of the UN Charter and the basic norms governing international relations.
On international and regional affairs, Wang said both China and Denmark, as members of the UN Security Council, support multilateralism, uphold the rule of international law, and advocate the central role of the United Nations in international affairs.
https://english.news.cn/20260703/fb7e84a55eac408aaf1d8c66513e81f4/c.html
English Caption
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, holds talks with Danish Foreign Minister Lars Lokke Rasmussen in Copenhagen, Denmark, on July 2, 2026. (Xinhua/Peng Ziyang)








