ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်ရှိ Caraballeda မြို့တွင် ငလျင်ကြောင့် ပြိုလဲသွားသော နေအိမ်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်ရှိ Caraballeda မြို့တွင် ငလျင်ကြောင့် ပြိုလဲသွားသော နေအိမ်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဇူလိုင် ၄ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံတွင် မကြာသေးမီက လှုပ်ခတ်ခဲ့သော အင်အားပြင်းငလျင်နှစ်ကြိမ်ကြောင့် သေဆုံးသူဦးရေ ၂,၆၄၅ ဦး၊ ဒဏ်ရာရရှိသူ ၁၂,၆၆၆ ဦးအထိ ရှိလာကြောင်း ဗင်နီဇွဲလားနိုင်ငံ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ Jorge Rodríguez က ဇူလိုင် ၃ ရက်တွင် ပြောကြားခဲ့သည်။

Jorge Rodríguez က ထိုနေ့တွင် လူမှုမီဒီယာ၌ ထုတ်ပြန်သော တရားဝင်စာရင်းကောက်ယူထားသည့် အချက်အလက်များအရ လက်ရှိအထိ ကယ်ဆယ်ပြီးသူ ၆,၄၆၂ ဦး ရှိပြီဖြစ်ပြီး အိုးအိမ်မဲ့ဖြစ်သွားသူ ၁၅,၀၅၀ ဦး ရှိနေဆဲဖြစ်ကြောင်း၊ အဆိုပါနိုင်ငံတွင် စုစုပေါင်း အဆောက်အဦ ၈၈၅ လုံး ပျက်စီးခဲ့ပြီး ၎င်းအနက် ၁၈၉ လုံးမှာ လုံးဝပျက်စီးသွားခြင်းဖြစ်ကြောင်း သိရသည်။

ဇွန် ၂၄ ရက်က ငလျင်လှုပ်ခတ်ပြီးနောက် ဗင်နီဇွဲလားနိုင်ငံတွင် နောက်ဆက်တွဲငလျင် အကြိမ်ရေ ၈၉၀ လှုပ်ခတ်ခဲ့သည်ဟု မှတ်တမ်းတင်ထားပြီးဖြစ်ကြောင်း အချက်အလက်များအရ သိရသည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်ရှိ Caraballeda မြို့တွင် ကယ်ဆယ်ရေးဝန်ထမ်းများက အပျက်အစီးများကြားတွင် ပိတ်မိနေသူများအား ကြိုးပမ်းရှာဖွေနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်ရှိ Caraballeda မြို့တွင် ကယ်ဆယ်ရေးဝန်ထမ်းများက အပျက်အစီးများကြားတွင် ပိတ်မိနေသူများအား ကြိုးပမ်းရှာဖွေနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်ရှိ Caraballeda မြို့တွင် အမျိုးသမီးတစ်ဦးက ပျောက်ဆုံးသူများ စာရင်း ကပ်ထားသောနံရံတွင် မိသားစုဝင်များအချက်အလက်အား ရှာဖွေနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

委内瑞拉地震死亡人数升至2645人

新华社加拉加斯7月3日电(记者田睿 朱雨博)委内瑞拉全国代表大会主席豪尔赫·罗德里格斯3日说,该国日前发生的两次强震已造成2645人死亡、12666人受伤。  

罗德里格斯当天在社交媒体上发布的官方统计数据显示,截至目前已有6462人获救,仍有15050人无家可归。该国共有885栋建筑受损,其中189栋完全损毁。  

数据显示,自6月24日地震发生以来,委内瑞拉已记录到890次余震。(完)

图说1:这是7月3日在委内瑞拉拉瓜伊拉州卡拉巴耶达拍摄的在地震中倒塌的楼房。新华社记者 朱雨博 摄

图说2:7月3日,在委内瑞拉拉瓜伊拉州卡拉巴耶达,救援人员在废墟中尝试寻找被困人员。新华社记者 朱雨博 摄

图说3:7月3日,在委内瑞拉拉瓜伊拉,一位当地女性在寻亲墙上寻找家人的信息。新华社记者 朱雨博 摄