တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအုပ်စုသစ်အား တင်ဆောင်ထားသည့် မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအုပ်စုသစ်အား တင်ဆောင်ထားသည့် မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၄ ရက်က လွှတ်တင်စဉ် (ဆင်ဟွာ)

ထိုက်ယွမ်၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုင်ငံမြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာမှ ဂြိုဟ်တုအုပ်စုသစ်ကို အာကာသထဲသို့ ဇူလိုင် ၄ ရက်တွင်  ပို့ဆောင်ခဲ့သည်။

မွမ်းမံထားသော Long March-6 သယ်ဆောင်ရေးဒုံးပျံဖြင့် ပေကျင်းစံတော်ချိန် ညနေ ၅ နာရီ ၃၀ မိနစ်တွင် လွှတ်တင်ခဲ့သည့် အဆိုပါဂြိုဟ်တုအုပ်စုမှာ သတ်မှတ်ထားသော ဂြိုဟ်ပတ်လမ်းထဲသို့ အောင်မြင်စွာ ဝင်ရောက်သွားခဲ့သည်။ ယင်းဂြိုဟ်တုအုပ်စုမှာ တရုတ်နိုင်ငံ၏ ဧရာမစီးပွားဖြစ် ဂြိုဟ်ပတ်လမ်းကြောင်းနိမ့် တရုတ်ဂြိုဟ်တုကွန်ရက်ဖြစ်သည့် Spacesail Constellation ၏ အစိတ်အပိုင်းအဖြစ် ပါဝင်ဖွဲ့စည်းမည်ဖြစ်ကြောင်း သိရသည်။

ထိုလွှတ်တင်မှုမှာ Long March သယ်ဆောင်ရေးဒုံးပျံစီးရီး၏ ၆၅၅ ကြိမ်မြောက် ပျံသန်းရေးမစ်ရှင်ဖြစ်ကြောင်း အဆိုပါလွှတ်တင်ရေးစင်တာ၏ အဆိုအရ သိရသည်။ (Xinhua)

.......................................................................

(English Version)

China launches new satellite group for commercial constellation

TAIYUAN, July 4 (Xinhua) -- China sent a new satellite group into space on Saturday from the Taiyuan Satellite Launch Center in north China's Shanxi Province.

The satellite group was launched at 5:30 p.m. (Beijing Time) aboard a modified Long March-6 carrier rocket and entered its preset orbit successfully. It will form part of the Spacesail Constellation, a mega commercial Chinese low-orbit satellite network.

This launch marked the 655th flight mission of the Long March carrier rocket series, according to the launch center. ■

English Caption 1-4

A modified Long March-6 carrier rocket carrying a new satellite group blasts off from the Taiyuan Satellite Launch Center in north China's Shanxi Province on July 4, 2026. (Photo by Li Tiantian/Xinhua)