
စတော့ဟုမ်း၊ ဇူလိုင် ၅ ရက် (ဆင်ဟွာ)
ဆွီဒင်နိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို လိုက်နာလျက်ရှိပြီး ဆွေးနွေးပွဲ ပိုမိုအားကောင်းစေရန်၊ သဘောတူညီချက် ပိုမိုကျယ်ပြန့်စေရန်နှင့် တရုတ်နိုင်ငံနှင့် နယ်ပယ်များစွာတွင် အပြန်အလှန်အကျိုးရှိ၍ အလားအလာကောင်းသော ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ဆန္ဒရှိကြောင်း ဆွီဒင်ဝန်ကြီးချုပ် Ulf Kristersson က ဇူလိုင် ၄ ရက် ပြောကြားခဲ့သည်။
ဆွီဒင်နိုင်ငံသည် ဆွေးနွေးပွဲ ပိုမိုအားကောင်းစေရေးနှင့် ကွဲပြားခြားနားမှုများအား ကောင်းမွန်စွာ စီမံခန့်ခွဲရေးတို့တွင်လည်း ဥရောပနှင့် တရုတ်နိုင်ငံတို့ကို ပံ့ပိုးလျက်ရှိကြောင်း Kristersson က တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဆွီဒင်နိုင်ငံ မြို့တော်စတော့ဟုမ်းတွင် တွေ့ဆုံဆွေးနွေးမှုအတွင်း ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)

.......................................................................
(English Version)
Sweden adheres to one-China policy, supports stronger China-Europe dialogue: PM
STOCKHOLM, July 4 (Xinhua) -- Sweden adheres to the one-China policy and is willing to strengthen dialogue, broaden consensus and advance mutually beneficial and promising cooperation across various fields with China, Swedish Prime Minister Ulf Kristersson said on Saturday.
Sweden also supports Europe and China in strengthening dialogue and properly managing differences, Kristersson added when meeting with Chinese Foreign Minister Wang Yi in Stockholm. ■
English Caption 1, 2
Chinese Foreign Minister Wang Yi, also a member of the Political Bureau of the Communist Party of China Central Committee, meets with Swedish Prime Minister Ulf Kristersson in Stockholm, Sweden, July 4, 2026. (Xinhua/Peng Ziyang)








