
အမေရိကန်နိုင်ငံ ဟူစတန်မြို့ရှိ ဟူစတန်အားကစားကွင်း၌ ဇူလိုင် ၄ ရက်က မော်ရိုကိုအသင်းနှင့် ကနေဒါအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလားပွဲစဉ်တွင် မော်ရိုကိုအသင်းက ၃-၀ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ကွာတားဖိုင်နယ်သို့ ပထမဆုံးတက်ရောက်နိုင်ခဲ့သည့်အသင်း ဖြစ်လာခဲ့သည်။
ဂျက်ဆီ မာ့ချ်၏အသင်းမှာ ပထမပိုင်းတွင် စွမ်းဆောင်ရည် ပိုမိုကောင်းမွန်ခဲ့သော်လည်း ဒုတိယပိုင်းတွင်မူ မော်ရိုကိုအသင်းက ၎င်းတို့၏ ဘောလုံးအဆင့်အတန်းကို ပြသသွားခဲ့ပြီး အက်ဇီဒင်း အူနာဟီက နှစ်ဂိုးသွင်းယူခဲ့ကာ ဆူဖီယန်နီ ရာဟီမီက ပွဲပြီးခါနီးတွင် တတိယဂိုးသွင်းယူခဲ့သည်။
"ကျွန်တော်တို့ သိပ်ပျော်ပါတယ်။ ဒါက ကမ္ဘာ့ဖလားပွဲစဉ်ဖြစ်တာမို့ အသင်းတွေက ရေကုန်ရေခမ်း ကစားကြတော့ ပွဲစဉ်တွေက ခက်ခဲပါတယ်။ ဒုတိယပိုင်းမှာတော့ second ball ကောက်တဲ့အပိုင်းမှာရော ဘောလုံးယှဉ်လုတဲ့အပိုင်းမှာပါ ကျွန်တော်တို့ အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့တယ်" ဟု မော်ရိုကိုအသင်းနည်းပြ မိုဟာမက် အူအာဘီက ပွဲအပြီးတွင် ပြောကြားခဲ့သည်။
ယခုအနိုင်ရလဒ်ကြောင့် မော်ရိုကိုအသင်းအနေဖြင့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အဆင့်သို့ နှစ်ကြိမ်တက်ရောက်နိုင်သည့် ပထမဆုံး အာဖရိကအသင်းအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ကနေဒါအသင်းက ပထမပိုင်းတွင် ပိုမိုအားပြည့်အင်ပြည့် တိုက်စစ်ဆင်ကစားနိုင်ခဲ့သည်။ ကနေဒါအသင်း၏ တရစပ်ဖိအားပေးမှုကြောင့် မော်ရိုကိုအသင်းမှာ ပုံမှန်ပြုလုပ်နေကျမဟုတ်သည့် အမှားများကို ကျူးလွန်မိခဲ့ပြီး ကနေဒါက ဘောလုံးရရှိသည်နှင့် အလျင်အမြန် တိုက်စစ်ဆင်ခဲ့သည်။
မော်ရိုကိုအသင်း၏ ထိပ်တန်းဂိုးသွင်းရှင် အစ္စမေး ဆာအီဘရီ ဒဏ်ရာရရှိခဲ့ခြင်းကြောင့် ရာဟီမီနှင့် လူစားလဲခဲ့ရခြင်းကလည်း မော်ရိုကိုအတွက် စောပိုင်းတွင် ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။ မော်ရိုကိုအနေဖြင့် ပွဲကစားချိန် ၂၈ မိနစ်ရောက်မှသာ ပထမဆုံးအကြိမ် ဂိုးပေါက်တည့်အောင် ကန်သွင်းနိုင်ခဲ့ပြီး ရာဟီမီ အဝေးမှ အနိမ့်ဘောကန်သွင်းမှုကို ကနေဒါဂိုးသမား မက်ဆီမီ ခရီပူးက အလွယ်တကူ ကာကွယ်နိုင်ခဲ့သည်။ သို့သော် ကနေဒါက ပထမပိုင်းတွင် ဂိုးပေါက်တည့်ကန်ချက် လေးကြိမ်အထိရှိခဲ့ပြီး အသာစီးယူနိုင်ခဲ့သည်။
သို့သော် ဒုတိယပိုင်း ပြန်စချိန်တွင် မော်ရိုကိုက ပွဲကိုဦးဆောင်နိုင်ခဲ့သည်။ ပွဲချိန် မိနစ် ၅၀ တွင် အက်ချ်ရက်ဖ် ဟာကီမီ ညာခြမ်းမှ အနိမ့်ဘော ဖရီးကစ်ကန်တင်ပေးခဲ့ရာ လူကပ်ခံရခြင်းမရှိသည့် အိုအူနာဟီက လွတ်လွတ်ကျွတ်ကျွတ် အခွင့်အရေးရရှိသွားပြီး ဘောလုံးထိချက် တစ်ကြိမ်တည်းဖြင့် ဂိုးညာဘက်ထောင့်ထဲသို့ တိတိကျကျ အဆုံးသတ်နိုင်ခဲ့သဖြင့် မော်ရိုကိုအသင်းက ဦးဆောင်ဂိုးရရှိခဲ့သည်။
ပွဲကစားချိန် ၈၂ မိနစ်တွင် မော်ရိုကိုအသင်းက ဒုတိယဂိုးရရှိခဲ့သည်။ မော်ရိုကိုက လျင်မြန်သည့် တန်ပြန်တိုက်စစ်ဖြင့် ကနေဒါကို ထိထိရောက်ရောက် အန္တရာယ်ပေးနိုင်ခဲ့ကာ ဘရာဟင် ဒီယက်ဇ်၏ ဖြတ်တင်ဘောပေးပို့မှုကို အိုအူနာဟီက အမြောက်ဘောကန်သွင်းကာ ၂-၀ ဂိုး ဖြစ်စေခဲ့သည်။
ထပ်ဆောင်းအချိန်ပို နောက်ဆုံးမိနစ်တွင် မော်ရိုကိုက တတိယဂိုးသွင်းယူနိုင်ခဲ့သည်။ တန်ပြန်တိုက်စစ်မှတစ်ဆင့် ကနေဒါအသင်းဘက်ကို ထိုးဖောက်လာရင်း ဒီယက်ဇ်က ရာဟီမီထံ ဘောလုံးခင်းပေးခဲ့ရာ ရာဟီမီက ဂိုးသမား ခရီပူးကိုကျော်၍ ပိုင်ပိုင်နိုင်နိုင် အဆုံးသတ်နိုင်ခဲ့သည့်အတွက် ၃-၀ ဂိုး ဖြစ်သွားခဲ့သည်။ကနေဒါအသင်းနည်းပြ ဂျက်ဆီ မာ့ချ်က မော်ရိုကိုအသင်း၏ အဖွင့်ဂိုးမှာ ပွဲ၏အရှိန်အဟုန်ကို ပြောင်းလဲသွားစေခဲ့ပြီး ကနေဒါအသင်းဘက်က စွန့်စားမှုများ ပိုမိုပြုလုပ်လာအောင် ဖိအားပေးနိုင်ခဲ့သည်ဟု ပွဲအပြီးတွင် ပြောကြားခဲ့သည်။ (Xinhua)
...................................................................
(English Version)
Morocco reaches World Cup quarterfinals after 3-0 win over Canada
HOUSTON, United States, July 4 (Xinhua) -- Morocco beat Canada 3-0 in Houston Stadium on Saturday to become the first team at the World Cup to progress to the quarterfinals.
Despite a dominant first-half performance from Jesse Marsch's side, the Atlas Lions showed their class in the second half, with Azzedine Ounahi scoring twice before Soufiane Rahimi added a late third to seal the win.
"We are very happy. It's a World Cup match and these are difficult games with teams playing for their lives. We reacted very well in the second half in the second balls and the duels," said Morocco coach Mohamed Ouahbi.
With the win, Morocco has become the first African side to reach the World Cup quarterfinals twice.
Canada was the more aggressive side in the first half. It put constant pressure on Morocco, forcing uncharacteristic mistakes and attacking with speed whenever it won the ball.
The north African side suffered an early setback when its leading scorer, Ismael Saibari, was forced off by injury and replaced by Rahimi. The Atlas Lions waited until the 28th minute for their first shot on target - a low drive from distance by Rahimi which Maxime Crepeau saved comfortably. In contrast, Canada had registered four shots on target by the end of a dominant first half.
However, Morocco turned the game on its head at the beginning of the second half. Achraf Hakimi took a low free-kick from the right and found the completely unmarked Ounahi. The midfielder finished clinically with his first touch, finding the bottom-right corner in the 50th minute to break the deadlock.
Morocco extended the lead in the 82nd minute. Ounahi fired Brahim Diaz's cross into the roof of the net to make it 2-0 as Morocco undid Canada on a swift counterattack.
The Atlas Lions added a third in the final minute of stoppage time. Cutting through Canada once more on the counterattack, Diaz played in Rahimi, who slotted the ball past Crepeau with the final kick of the game to make it 3-0.
Canada coach Jesse Marsch said that the opening goal by Morocco shifted the momentum and forced Canada to take more risks.
English Caption 1
Redouane Halhal (R) of Morocco competes with Tajon Buchanan (C) of Canada during the round of 16 match between Canada and Morocco at the 2026 FIFA World Cup at Houston Stadium in Houston, the United States, July 4, 2026. (Xinhua/Xiao Yijiu)
English Caption 2
Azzedine Ounahi (L) of Morocco celebrates after scoring during the round of 16 match between Canada and Morocco at the 2026 FIFA World Cup at Houston Stadium in Houston, the United States, July 4, 2026. (Xinhua/Li Ming)
English Caption 3
Noussair Mazraoui (front R) of Morocco competes with Niko Sigur (L) of Canada during the round of 16 match between Canada and Morocco at the 2026 FIFA World Cup at Houston Stadium in Houston, the United States, July 4, 2026. (Xinhua/Xiao Yijiu)








