တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံအစိုးရက ဗင်နီဇွဲလားနိုင်ငံအား အကူအညီပေးသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများတင်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ မြို့တော် ပေကျင်းရှိ မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင် တရုတ်နိုင်ငံအစိုးရက ဗင်နီဇွဲလားနိုင်ငံအား အကူအညီပေးသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများတင်ဆောင်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံအစိုးရက ဗင်နီဇွဲလားနိုင်ငံအား အကူအညီပေးသော ပထမအသုတ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ဘေးကယ်ဆယ်ရေးထောက်ပံ့ရေးပစ္စည်းများကို ဇူလိုင် ၅ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ မြို့တော်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ စတင် ပို့ဆောင်ခဲ့သည်။

ပထမအသုတ် ထောက်ပံ့ရေးပစ္စည်းများသည် အလေးချိန်အားဖြင့် တန်ချိန် ၈၀ ကျော်ရှိရာ အဓိကအားဖြင့် မီးစက် အလုံး ၂၀ ၊ ရေသန့်စင်ယာဉ် ၈ စီး၊ ပိုးသတ်စက် အလုံး ၂၀၀ ၊ ဆိုလာမီး အစုံ ၂၀၀ ၊ ရွက်ဖျင်တဲ အလုံးရေ ၁,၇၀၀ ကျော်နှင့် ခြုံစောင် အထည် ၆,၇၀၀ ကျော် စသည်တို့ပါဝင်ကြောင်း၊ အဆိုပါပစ္စည်းများအား အရပ်ဘက်သုံးလေယာဉ်တစ်စင်းဖြင့် လေယာဥ်စင်းလုံးငှားကာ ဗင်နီဇွဲလားနိုင်ငံ မြို့တော် ကရာကက်စ်သို့ ပို့ဆောင်ခြင်းဖြစ်ပြီး အခြားကျန်ရှိသော အသုတ်လိုက်ခွဲထားသည့်ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဆက်တိုက် ပို့ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံသည် ဇွန်လ ၂၄ ရက်တွင် အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် လူသေဆုံးဒဏ်ရာရမှုနှင့် ပစ္စည်းဥစ္စာဆုံးရှုံးနစ်နာမှု အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်နိုင်ငံအစိုးရသည် ဗင်နီဇွဲလားနိုင်ငံသို့ အရေးပေါ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ငလျင်ဘေးကယ်ဆယ်ရေးအတွက် ငွေသားအကူအညီများ ချက်ချင်းပေးအပ်ခဲ့ပြီး ဖြစ်သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

中国政府援助委内瑞拉首批紧急人道主义救灾物资启运

新华社北京7月5日电(记者董雪、张文)7月5日晚间,中国政府向委内瑞拉提供的首批紧急人道主义地震救灾援助物资从北京首都国际机场启运。   

据了解,首批物资重80余吨,主要包括20台发电机、8套净水车、200个消毒机、200套太阳能照明设备、1700余件帐篷和6700余条毛毯等,由1架民航包机运往委内瑞拉首都加拉加斯。其余批次物资将陆续发运。   

委内瑞拉6月24日发生强烈地震,造成严重人员伤亡和财产损失。地震发生后,中国政府已第一时间向委方提供紧急人道主义地震救灾现汇援助。(完)

1. 7月5日,在北京首都国际机场,中国政府向委内瑞拉提供的首批紧急人道主义地震救灾援助物资正在装机。新华社记者 陈朔 摄