
ဟိုင်ခို၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဟိုင်နန်ပြည်နယ် ချုံဟိုင်မြို့ရှိ တရုတ် (ဟိုင်နန်) တောင်တရုတ်ပင်လယ်ပြတိုက်တွင် “ပင်လယ်ပြာ၏ ရတနာများ - တောင်တရုတ်ပင်လယ် အနောက်မြောက်ကုန်းမြေ အမှတ် (၁) ၊ အမှတ် (၂) သင်္ဘောနစ်မြုပ်မှု ရှေးဟောင်းသုတေသနရလဒ် အထူးပြပွဲ” ၊ “နှစ် ၈၀၀ စောင့်ရှောက်မှု - ရှီးရှားကျွန်းစု ဟွာကွမ်းကျောက်ဆောင်တွင် နစ်မြုပ်သွားသော အမှတ် (၁) သင်္ဘောပါပစ္စည်းများ အထူးပြပွဲ” စသည့် ပြပွဲများ ကျင်းပလျက်ရှိပြီး ပင်လယ်ရေကြောင်းပိုးလမ်းမကြီးနှင့် သက်ဆိုင်သည့် တူးဖော်ရရှိထားသော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို ပြသထားသည်။ အဆိုပါယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများသည် ရှေးဟောင်း တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ ကုန်သွယ်စီးပွားရေး သွားလာမှုအတွက် ဆောင်ကြဉ်းရာဖြစ်သလို တရုတ်နိုင်ငံ ပြည်တွင်းပြည်ပ လူမှုယဉ်ကျေးမှုများ ပေါင်းစည်း၍ အပြန်အလှန်လေ့လာသင်ယူခြင်းကို သက်သေထူမှုလည်းဖြစ်သည်။
လတ်တလောနှစ်ပိုင်းတွင် အဆိုပါပြတိုက်သည် တူးဖော်ရရှိသော ယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို စိတ်ကူးအကြံဉာဏ်နှင့် နမူနာပုံစံအဖြစ်ထားရှိကာ လက်ဝတ်ရတနာ၊ Blind Box ၊ ရေခဲသေတ္တာကပ်သံလိုက်၊ သတ္တုကီးချိန်း၊ အရုပ်ကီးချိန်း စသည့် ယဉ်ကျေးမှုဆန်းသစ်လက်ရာထုတ်ကုန်များစွာကို ဖန်တီးထားပြီး နစ်မြုပ်သောသင်္ဘောများ၏ အဖိုးတန်ရတနာများကို ပြခန်းထဲတွင် ပြသထားသည်မှ လက်တွေ့ထိတွေ့နိုင်သော ယဉ်ကျေးမှုအမှတ်သင်္ကေတများအဖြစ် ပြောင်းလဲပေးလိုက်သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
文化中国行丨海丝文创让沉船遗珍焕发新彩
新华社照片,海口,2026年7月5日
位于海南琼海的中国(海南)南海博物馆设有“深蓝宝藏——南海西北陆坡一二号沉船考古成果特展”“八百年守候——西沙华光礁Ⅰ号沉船特展”等展览,展出大量与海上丝绸之路相关的出水文物。这些文物既是古代中外经贸往来的载体,也是中外文明交融互鉴的见证。近年来,该馆以出水文物为设计灵感和原型,打造了首饰、盲盒、冰箱贴、金属挂饰、玩偶挂件等众多文创产品,让沉船遗珍走出展厅,化作触手可及的文化印记。
图说1:7月1日在中国(海南)南海博物馆拍摄的文创产品。 新华社记者 蒲晓旭 摄
图说2:7月1日,游客在中国(海南)南海博物馆观看“八百年守候——西沙华光礁Ⅰ号沉船特展”。新华社记者 蒲晓旭 摄








