အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က ယှဉ်ပြိုင်ကစားသည့် အင်တာမီလန်အသင်းနှင့် အတ္တလန်တာအသင်း စီးရီးအေဘောလုံးပွဲစဉ်အတွင်း အင်တာမီလန်အသင်းမှ ဒန်ဇယ် ဒမ်ဖရီးစ် (အောက်)၊ နီကိုလာ ဘာရယ်လာ (ညာ) နှင့် အတ္တလန်တာအသင်းမှ Nicola Zalewski တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)
အီတလီနိုင်ငံ မီလန်မြို့တွင် ၂၀၂၆ ခုနှစ် မတ် ၁၄ ရက်က ယှဉ်ပြိုင်ကစားသည့် အင်တာမီလန်အသင်းနှင့် အတ္တလန်တာအသင်း စီးရီးအေဘောလုံးပွဲစဉ်အတွင်း အင်တာမီလန်အသင်းမှ ဒန်ဇယ် ဒမ်ဖရီးစ် (အောက်)၊ နီကိုလာ ဘာရယ်လာ (ညာ) နှင့် အတ္တလန်တာအသင်းမှ Nicola Zalewski တို့ ဘောလုံးယှဉ်လုနေစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

အင်တာမီလန်အသင်းမှ နယ်သာလန်လက်ရွေးစင် နောက်ခံလူ ဒန်ဇယ် ဒမ်ဖရီးစ်ကို လေးနှစ်သက်တမ်းရှိ စာချုပ်ဖြင့် ခေါ်ယူလိုက်ကြောင်း ရီးရဲလ်မက်ဒရစ်အသင်းက ဇူလိုင် ၅ ရက်၌ အတည်ပြုခဲ့သည်။

အသက် ၃၀ နှစ်ရှိ ညာနောက်ခံကစားသမား ဒမ်ဖရီးစ်က နယ်သာလန်အသင်း၏ ကမ္ဘာ့ဖလားပွဲစဉ်များ မပြီးဆုံးမီအထိ အဆိုပါအပြောင်းအရွှေ့အတည်ပြုချက်အား နှောင့်နှေးထားခဲ့ပြီး ၎င်း၏ နိုင်ငံအသင်း၏ ကမ္ဘာ့ဖလားပွဲစဉ်များ အဆုံးသတ်ပြီးနောက် အပြောင်းအရွှေ့အား အပြီးသတ်ခဲ့ခြင်းဖြစ်သည်။

ဒါနီ ကာဗာဂျယ်ထွက်ခွါသွားသဖြင့် လစ်ဟာသွားသည့်နေရာကို ကူညီဖြည့်ဆည်းပေးမည်ဟု မျှော်မှန်းရသည့် နောက်ခံလူ ဒမ်ဖရီးစ်ကို ခေါ်ယူရန် ၎င်း၏ စာချုပ်ဖျက်သိမ်းကြေး ယူရို သန်း ၂၀ (အမေရိကန်‌ဒေါ်လာ ၂၃ သန်း) ကို မက်ဒရစ်အသင်းက ပေးချေခဲ့သည်။ ဝါရင့်ညာနောက်ခံလူ ဒါနီ ကာဗာဂျယ်မှာ ၎င်း၏ စာချုပ် သက်တမ်းကုန်ဆုံးပြီးနောက် လွန်ခဲ့သည့်ရာသီကုန်တွင် အသင်းမှ ထွက်ခွာသွားခဲ့ခြင်းဖြစ်သည်။

ဒမ်ဖရီးစ်သည် ပွဲထွက်ကစားသမားစာရင်းတွင် နေရာရရှိရန်အတွက် ထရန့် အလက်ဇန်းဒါး အာနိုးနှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဒမ်ဖရီးမှာ မာ့ခ် ကူကူရယ်လာ၊ အီဘရာဟီမာ ကိုနိတ်နှင့် ဘာနာဒို ဆေးလ်ဗားတို့ ရောက်ရှိလာပြီးနောက် နွေရာသီတွင် မက်ဒရစ်အသင်းက စတုတ္ထမြောက်ခေါ်ယူသည့် ကစားသမားဖြစ်လာသည်။ ကိုနိတ်နှင့် ဆေးလ်ဗားတို့နှစ်ဦးစလုံးကမူ အလွတ်ပြောင်းရွှေ့ကြေးများဖြင့် ဝင်ရောက်လာခဲ့ခြင်းဖြစ်သည်။

အသင်းအနေဖြင့် ဆုကြီးတစ်ဆုမျှ မရရှိဘဲ နှစ်ရာသီကုန်ဆုံးပြီးနောက် အသင်း၏ ကံကြမ္မာကို ပြန်လည်အသက်သွင်းရန် ကြိုးပမ်းနေချိန်တွင် နည်းပြချုပ်အဖြစ် ဟိုဆေး မော်ရင်ဟိုအား ပြန်လည်ခန့်အပ်လိုက်ကြောင်းလည်း ရီးရဲလ်မက်ဒရစ်အသင်းက အတည်ပြုခဲ့သည်။ (Xinhua)

.................

(English Version)

Real Madrid signs right back Dumfries from Inter Milan

MADRID, July 5 (Xinhua) -- Real Madrid confirmed on Sunday the signing of Netherlands international defender Denzel Dumfries from Inter Milan on a four-year contract.

The 30-year-old right back completed the move after the Netherlands' World Cup campaign ended, having delayed confirmation of the transfer until his country's tournament was over.

Madrid paid Dumfries' 20 million euro (23 million U.S. dollar) release clause to secure the defender, who is expected to help fill the void left by Dani Carvajal. The veteran right back departed at the end of last season after his contract was not renewed.

Dumfries will compete with Trent Alexander-Arnold for a place in the starting lineup.

He becomes Madrid's fourth signing of the summer following the arrivals of Marc Cucurella, Ibrahima Konate and Bernardo Silva. Konate and Silva both joined on free transfers.

The club has also confirmed the return of Jose Mourinho as head coach as it looks to revive its fortunes after two seasons without winning a major trophy. ■

English Caption 1

Inter Milan's Denzel Dumfries (Below) and Nicolo Barella (R) vies with Atalanta's Nicola Zalewski during a Serie A football match between Inter Milan and Atalanta in Milan, Italy, March 14, 2026. (Photo by Alberto Lingria/Xinhua)