
တာကူ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
ဖင်လန်နိုင်ငံ သမ္မတ Alexander Stubb သည် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဇူလိုင် ၅ ရက်က ဖင်လန်နိုင်ငံ မြို့တော် တာကူတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။
ထိုသို့တွေ့ဆုံရာတွင် Alexander Stubb က သမ္မတ ရှီကျင့်ဖိန်ထံသို့ ဆုမွန်ကောင်းတောင်းစကားကို ဝမ်ရိမှ တစ်ဆင့် ပြောကြားခဲ့သည်။
၁၉၅၀ ပြည့်နှစ်က ဖင်လန်-တရုတ် သံတမန်ဆက်ဆံရေးထူထောင်ချိန်မှစ၍ တရုတ်နိုင်ငံသည် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး တည်ငြိမ်မှုနှင့် သိပ္ပံနည်းပညာ ဆန်းသစ်မှု ကဏ္ဍများစွာတွင် ထင်ရှားသည့်အောင်မြင်မှုများရရှိကာ ဖွံ့ဖြိုးတိုးတက်ရေး အံ့ဖွယ်ကို ဖော်ဆောင်ခဲ့ကြောင်း၊ လက်ရှိ နိုင်ငံတကာအခြေအနေသည် အချက်အချာကျသည့်လမ်းဆုံသို့ ရောက်ရှိနေရာ မျက်မှောက်ကမ္ဘာအတွက် တရုတ်နိုင်ငံသည် အဖိုးတန်သည့် တည်ငြိမ်မှုကို ဖြည့်တင်းလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန် အဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ အစီအမံကြီးလေးရပ်သည် နိုင်ငံတကာအခြေအနေကို ထိထိရောက်ရောက်သုံးသပ်ထားပြီး ကိုင်တွယ်ဖြေရှင်းရမည့်အစီအစဉ်များကို ရှင်းလင်းစွာ စနစ်တကျ ဖော်ပြထားသဖြင့် နိုင်ငံတကာအသိုင်းအဝိုင်းအတွက် မှတ်တိုင်တစ်ခုသဖွယ် လမ်းညွှန်ပေးသည့်အနက်အဓိပ္ပာယ်ရှိကြောင်း၊ ဖင်လန်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ အဆင့်မြင့်အလွှာကူးလူးဖလှယ်မှုများကို တိုးမြှင့်ရန်၊ အစိမ်းရောင်စီးပွားရေး၊ ဉာဏ်ရည်တု စသည့် ထွန်းသစ်စကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ရန်၊ ဘက်စုံပူးပေါင်းဆောင်ရွက်မှုကို နက်ရှိုင်းစေပြီး ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများကို လက်တွဲအတူ ကိုင်တွယ်ဆောင်ရွက်သွားရန် မျှော်လင့်ကြောင်း Alexander Stubb က ပြောကြားခဲ့သည်။
သမ္မတ ရှီကျင့်ဖိန်က သမ္မတ Alexander Stubb ထံသို့ နှုတ်ခွန်းဆက်စကားအား တစ်ဆင့်ပြောကြားပြီး သမ္မတ ရှီကျင့်ဖိန်အနေဖြင့် ၂၀၁၇ ခုနှစ် ဖင်လန်နိုင်ငံ လွတ်လပ်ရေး နှစ် ၁၀၀ ပြည့်နှစ်ပတ်လည်အခါသမယတွင် ဖင်လန်နိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် သွားရောက်၍ ဖင်လန်ပြည်သူများအပေါ် တရုတ်ပြည်သူများ၏ ရိုးသားပွင့်လင်းသောစေတနာမှန်ဖြင့် ဂုဏ်ပြုစကားကို ပေးပို့ခဲ့ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။
ရာစုနှစ်တစ်ခုကျော်ကြာကာလတွင် ဖင်လန်နိုင်ငံပြည်သူများက မဆုတ်မနစ်၊ မလျှော့သောဇွဲနပဲ “Sisu” စိတ်ဓာတ်ဖြင့် နိုင်ငံရှင်သန်ဖွံ့ဖြိုးရေးကို ဖော်ဆောင်နိုင်ခဲ့ကြောင်း၊ ယခုနှစ်သည် တရုတ်ကွန်မြူနစ်ပါတီ တည်ထောင်ခြင်း ၁၀၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်ကြောင်း၊ အလားတူပင် တရုတ်ကွန်မြူနစ်ပါတီသည် တရုတ်ပြည်သူများကို ဦးဆောင်၍ မိမိနိုင်ငံအခြေအနေနှင့်လျော်ညီသည့် ဖွံ့ဖြိုးတိုးတက်ရေးလမ်းကြောင်းကို အောင်မြင်စွာ လျှောက်လှမ်းပြီး စီးပွားရေးလျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူမှုရေး ရေရှည်တည်ငြိမ်ရေး ဟူသော “အံ့ဖွယ်ကြီးနှစ်ရပ်” ကို ဖန်တီးကာ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးဖြင့် တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းရေးကို ဘက်စုံတွန်းအားပေးဖော်ဆောင်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဖင်လန်နိုင်ငံနှင့်အတူ အနာဂတ်ကိုမျက်နှာမူသည့် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး အနေအထားပုံစံသစ်ကို အခိုင်အမာလက်ကိုင်ထားပြီး နှစ်နိုင်ငံအကြီးအကဲများ၏ မဟာဗျူဟာဦးဆောင်မှုကို လေးစားလိုက်နာကာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှု၊ အခွင့်အလမ်းမျှဝေမှု၊ စိန်ခေါ်မှုများကို အတူတကွရင်ဆိုင်မှုအား မြှင့်တင်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။
ခရီးစဉ်ကာလအတွင်း ဝမ်ရိသည် ဖင်လန်နိုင်ငံခြားရေးဝန်ကြီး Elina Valtonen နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
芬兰总统斯图布会见王毅
新华社芬兰图尔库7月5日电(记者朱昊晨)芬兰总统斯图布5日在图尔库会见中共中央政治局委员、外交部长王毅。
斯图布请王毅转达对习近平主席的良好祝愿。他表示,自芬中1950年建交以来,中国在政治、经济、社会稳定和科技创新诸多领域取得瞩目成就,实现发展奇迹。当前国际形势处于关键十字路口。中国为当今世界注入了宝贵的稳定性。习近平主席提出四大全球倡议,全面精辟研判国际大势,清晰系统阐述应对方案,对国际社会具有里程碑式的引领意义。芬方期待同中国加强高层交往,拓展绿色经济、人工智能等新兴领域合作,深化多边协作,携手应对全球性挑战。
王毅转达习近平主席对斯图布总统的问候,表示习近平主席2017年在芬兰独立100周年之际对芬兰进行国事访问,传递中国人民对芬兰人民的真诚祝贺。百余年来,芬兰人民以坚韧不拔的“西苏”精神,实现国家振兴发展。今年是中国共产党成立105周年。同样,中国共产党带领中国人民走出了一条符合本国国情的成功发展道路,创造了经济快速发展和社会长期稳定“两大奇迹”,正在以高质量发展全面推进中国式现代化。中国愿同芬方坚持面向未来的新型合作伙伴关系定位,遵循两国元首的战略引领,加强协作、分享机遇、共迎挑战。
访问期间,王毅还同芬兰外交部长瓦尔托宁举行会谈。(完)
1. 7月5日,芬兰总统斯图布在图尔库会见中共中央政治局委员、外交部长王毅。 新华社记者 彭子洋 摄
2. 7月5日,芬兰总统斯图布在图尔库会见中共中央政治局委员、外交部长王毅。这是会见前,斯图布同王毅合影。 新华社记者 彭子洋 摄








