ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်တွင် ဇိုး (ယာဘက်) က ပျောက်ဆုံးနေသော ကလေးကို ရှာဖွေနေစဉ်အတွင်း ဗင်နီဇွဲလားနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စကားပြောဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်တွင် ဇိုး (ယာဘက်) က ပျောက်ဆုံးနေသော ကလေးကို ရှာဖွေနေစဉ်အတွင်း ဗင်နီဇွဲလားနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များနှင့် စကားပြောဆိုနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

La Guaira ၊ ဗင်နီဇွဲလား၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)

“ကျွန်မသားကိုတွေ့မိလား”

ဗင်နီဇွဲလားနိုင်ငံ ငလျင်ဒဏ် အပြင်းထန်ဆုံးခံစားရသည့်ဒေသဖြစ်သော La Guaira ပြည်နယ်ရှိ ဆေးရုံတစ်ရုံသို့ သတင်းထောက် ရောက်ရှိသွားချိန်တွင် ဒေသခံအမျိုးသမီးတစ်ဦးက အင်္ကျီလက် လာဆွဲခြင်းကို ခံလိုက်ရသည်။

ဒေသစံတော်ချိန် ဇွန် ၂၄ ရက် ညပိုင်းတွင် ဗင်နီဇွဲလားနိုင်ငံ၌ နှစ်တစ်ရာကျော်အတွင်း အပြင်းထန်ဆုံးငလျင် လှုပ်ခတ်ခဲ့ရာ တစ်မိနစ်ပင်မပြည့်သည့်အချိန်အတွင်း ပြင်းအား ၇ အဆင့်နှင့်အထက်သော အင်အားပြင်းငလျင်နှစ်ကြိမ် လှုပ်ခတ်ခဲ့သည်။ ၎င်းငလျင်များကြောင့် လူပေါင်း ၂,၉၅၄ ဦး သေဆုံးခဲ့ပြီး ငလျင်လှုပ်ခတ်သည့် တဒင်္ဂအတွင်း အဆောက်အဦရာချီ ပြိုလဲပျက်စီးသွားခဲ့သည်။ အဆိုပါ ရုတ်တရက်ဖြစ်ပွားသော သဘာဝကပ်ဘေးတွင် ဇိုးဟု အမည်ရသော အမျိုးသမီးတစ်ဦးသည် သေဘေးမှလွတ်မြောက်လာခဲ့သော်လည်း ၎င်း၏သားဖြစ်သူ ဟာဗွီရာ လိုဗဲရာကိုမူ ယနေ့တိုင် ရှာမတွေ့သေးပေ။

“ကျွန်မနေတဲ့တိုက်ကို မြေကြီးက မျိုသွားတဲ့အတိုင်းပဲ ရုတ်တရက်နိမ့်ဆင်းသွားတာ။ အားလုံးပျက်စီးသွားတယ်။” ထိုကြောက်မက်ဖွယ်ရာအခိုက်အတန့်ကို ပြန်လည်အောက်မေ့လိုက်ချိန်တွင် ဇိုးက ထိတ်လန့်နေဆဲပင်ဖြစ်သည်။

ဇိုး၏ နေအိမ်သည် ၄ လွှာတွင်ဖြစ်သည်။ ကံကောင်းထောက်မသည်မှာ နေအိမ်က လုံးဝပျက်စီးသွားသော်လည်း ၎င်းနှင့် ၎င်း၏သမီးငယ်၊ အမျိုးသားတို့သည် ပြိုလဲကျလာသော နံရံအောက်တွင် ပိမိနေခြင်း မရှိပေ။ ၎င်းသည် သမီးငယ်ကို ရင်ဝယ်ပိုက်ပြီး အမျိုးသားဖြစ်သူနှင့်အတူ အပျက်အစီးများကို ဖယ်ရှားကာ မြေပြင်နှင့် တစ်မီတာကျော်ကွာသည့် နံရံအပျက်အစီးများကြားမှ ခုန်ချမှသာ သေဘေးမှ သီသီလေး လွတ်လာခဲ့ခြင်းဖြစ်သည်။

“ခုန်ချလိုက်တဲ့အချိန်မှာ ကျွန်မက ကွဲနေတဲ့မှန်ပြတင်းပေါက်ကိုတောင် နင်းမိသေးတယ်၊ ကျွန်မတောင် သတိမထားမိဘူး။ ကျွန်မဒဏ်ရာနည်းနည်းပဲရလိုက်တယ်။ အဲဒီနေ့က ကျွန်မရဲ့မွေးနေ့၊ ဒါကတကယ့်ကိုအံ့ဖွယ်ပဲ။”

သေဘေးမှလွတ်မြောက်လာသော ဇိုးသည် များမကြာမီမှာပင် အခြားထိတ်လန့်မှုတစ်ခုကို ကြုံတွေ့ခဲ့ရသည်။

ငလျင်မလှုပ်ခတ်မီ ၎င်း၏ အသက် ၉ နှစ်အရွယ် သားလေးသည် အဖွားဖြစ်သူနှင့်အတူ တိုက်အောက်ဆင်း၍ အမှိုက်ပစ်ရာ ၎င်းတို့နှစ်ဦးသည် ထို့နောက်ပိုင်းတွင် သတင်းအစအနပျောက်သွားခဲ့သည်။ ငလျင်အလွန် ၄ ရက်မြောက်တွင် “ကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်သန်နေဆဲ ယောက်ျားလေး ကလေးငယ်တစ်ဦး ရှာဖွေတွေ့ရှိ” ဟူသော ဗီဒီယိုသည် ဒေသတွင်းလူမှုကွန်ရက်တွင် ပျံ့နှံ့သွားခဲ့သည်။

“ကျွန်မ အကြိမ်များစွာကြည့်ထားတာ၊ ကျွန်မသားဆိုတာ သေချာပါတယ်” ဟု  ဇိုးသည် အိတ်ကပ်ထဲမှ လက်ကိုင်ဖုန်းကို ကမန်းကတန်းထုတ်၍ တစ်မိနစ်မပြည့်သည့် ရုပ်ပုံဝေဝါးနေသောဗီဒိယိုကို အကြိမ်ကြိမ် ဖွင့်နေမိသည်။ ဗီဒီယိုပါကလေးငယ် မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို အတည်ပြုရန်အတွက် ၎င်းသည် နောက်ဆက်တွဲငလျင် အန္တရာယ်များကိုပင် မမှုနိုင်ဘဲ အရပ်လေးမျက်နှာသို့ သွားရောက်ကာ ဒဏ်ရာရရှိသူများကို လက်ခံကုသပေးသော ယာယီဆေးရုံတစ်ရုံပြီး တစ်ရုံသို့ သွားရောက်မေးမြန်းခဲ့သည်။

“တချို့ကပြောတော့ ကျွန်မသားကို ကယ်ဆယ်ရေးအဖွဲ့ဝင်တွေ ရှာတွေ့သွားပြီတဲ့၊ တချို့ကလည်း သူ့ကို ရဟတ်ယာဉ်နဲ့ ပို့လိုက်ပြီပြောတယ်။ တချို့ကကျတော့ ကလေးကို ကယ်ထုတ်လာတဲ့အချိန် အသက်ရှင်နေသေးတယ်တဲ့၊ တချို့ကလည်း သူ့ကို ဆေးရုံပို့လိုက်တယ်ပြောတယ် ... ကလေးကို ဘယ်ဆေးရုံ ပို့လိုက်တာလဲ။ သူ ဘယ်မှာလဲ၊ ကျွန်မတို့ သူဘယ်မှာလဲဆိုတာကိုပဲ သိချင်တာပါ”

ငလျင်အလွန် La Guaira ပြည်နယ်တွင် လမ်းအများအပြား ပျက်စီးသွားသဖြင့် လမ်းပန်းဆက်သွယ်ရေး ဆိုးရွားစွာ အတားအဆီးဖြစ်နေသည်။ ကားနှင့် ဆိုင်ကယ်များမရှိသည့် ဇိုးသည် စေတနာရှင်များနှင့် ဒေသတွင်း စေတနာ့ဝန်ထမ်းများ၏ ကူညီမှုဖြင့်သာ နေရာချထားရေးစခန်းနှင့် ဆေးရုံအသီးသီးတွင် သွားလာနေရသည်။

“ကျွန်မအခု အရမ်မွန်းကျပ်ပြီး စိတ်လှုပ်ရှားနေပေမဲ့ စွန့်စားဖို့အသင့်ပါပဲ။ သဲလွန်စလေး တစ်ခုပဲရှိရင်တောင် ကျွန်မမျှော်လင့်ချက်ကို စွန့်လွှတ်မှာ မဟုတ်ပါဘူး။ ကျွန်မ သူ့ကိုရှာတွေ့မယ်ဆိုတာ သိပါတယ်။ ကျွန်မ အမျိုးသားကလည်း ကျွန်မတို့ရဲ့အမေကို အပူတပြင်းလိုက်ရှာနေပါတယ်” ဟု ၎င်းက ဆိုသည်။

ဇိုးနှင့် သတင်းထောက် ပြောဆိုသံကို ကြားလိုက်သည့် ဆေးရုံတံခါးဝရှိ ဗင်နီဇွဲလားပြည်သူ့ရဲတပ်ဖွဲ့ဝင် ဂါရီဒိုလည်း စိတ်မကောင်းဖြစ်သွားသည်။ ၎င်းက ဇိုး၏ ပခုံးကို အသာအယာပုတ်ပေးပြီး “ဒါက ကျွန်တော့်ရဲ့ ဖုန်းနံပါတ်ပါ။ ကလေးရဲ့ဓာတ်ပုံနဲ့ ဗီဒီယိုကို ကျွန်တော့်ကိုပို့ပေးပါ။ ကျွန်တော်အခုပဲ သူငယ်ချင်းတွေကို ပို့ပြီး မေးပေးပါမယ်။ ကျွန်တော်တို့ သေချာပေါက် အစွမ်းကုန်ဆောင်ရွက်ပေးပါမယ်” ဟု ဆိုခဲ့သည်။

ဆေးရုံအဝင်ဝ မျက်နှာချင်းဆိုင်ရှိ စောင့်ဆိုင်းရေးဇုန်တွင် ပျောက်ဆုံးသူများ စာရင်း ကပ်ထားသော နံရံတစ်ခုရှိပြီး အဆိုပါနံရံပေါ်တွင် ပျောက်ဆုံးသူ၏ ဓာတ်ပုံနှင့် ဆေးရုံအချို့၌ လက်ခံကုသနေသော လူနာများစာရင်းကို အပြည့်ကပ်ထားသည်။ ဇိုးသည် သဲလွန်စ တစ်စမျှ လွတ်မသွားအောင် နံရံပေါ်ရှိအချက်အလက်များကို အကြိမ်ကြိမ်အခါခါ ပြန်လည်ဖတ်ရှုလျက်ရှိသည်။ ထိုအချိန်တွင် ဓာတ်ပုံတစ်ပုံက ၎င်း၏အာရုံကိုဖမ်းစားသွားခဲ့သည်။

“ဒါက ကျွန်မရဲ့ အိမ်နီးချင်း လူးဝစ်စ်ပါ…သူက တကယ်တော့ ဆုံးသွားပါပြီ”

ဇိုး၏ မျက်လုံးတွင် သွေးကြောမျှင်များနှင့် အပြည့်ဖြစ်နေပြီး အလွန်ပင်ပန်းနွမ်းနယ်နေသယောင်ရှိကာ စကားပြောရာတွင်လည်း တောင်စဉ်ရေမရ ပြောနေမိသည်။ လူအများအပြားကလည်း သူ့ကို အခြေအနေ အတန်အသင့်ကောင်းမွန်သည့် ဒုက္ခသည်နေရာချထားရေးစခန်းတွင် အနားယူရန် ဖျောင်းဖျကြသော်လည်း ၎င်းက အကြိမ်ကြိမ်ငြင်းပယ်ခဲ့သည်။

“ဟာဗွီရာကို ရှာတွေ့ပြီးမှ ကျွန်မတို့က ဒုက္ခသည်နေရာချထားရေးစခန်းကို သွားမှာပါ။ ကျွန်မတို့ဒီတိုင်းထွက်သွားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်မတို့ဒီတိုင်းထွက်သွားတယ်ဆိုရင် သူတို့ကိုပစ်ပယ်ထားတာနဲ့တူတူပဲ… ‘သူတို့သေသွားပြီ’ လို့ ကျွန်မက ကိုယ့်ဘာသာကိုယ် ပြောမှာမဟုတ်ဘူး၊ လုံးဝမပြောဘူး၊ ကျွန်မလုံးဝ လက်မလျှော့ဘူး” ဟု ဇိုးက ဆိုခဲ့သည်။ (Xinhua)

ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်ရှိ Caraballeda မြို့၌ အမျိုးသမီးတစ်ဦးက ပျောက်ဆုံးသူများ စာရင်း ကပ်ထားသောနံရံတွင် မိသားစုဝင်အချက်အလက်အား ရှာဖွေနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်ရှိ Caraballeda မြို့၌ အမျိုးသမီးတစ်ဦးက ပျောက်ဆုံးသူများ စာရင်း ကပ်ထားသောနံရံတွင် မိသားစုဝင်အချက်အလက်အား ရှာဖွေနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်ရှိ Caraballeda မြို့၌ ကယ်ဆယ်ရေးဝန်ထမ်းက အပျက်စီးများအပေါ်တွင် ရပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ La Guaira ပြည်နယ်ရှိ Caraballeda မြို့၌ ကယ်ဆယ်ရေးဝန်ထမ်းက အပျက်စီးများအပေါ်တွင် ရပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇွန် ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

特写|“绝不认输”:委内瑞拉震区一位母亲的守候

新华社委内瑞拉拉瓜伊拉7月4日电 特写|“绝不认输”:委内瑞拉震区一位母亲的守候  新华社记者朱雨博 田睿 刘宇辰  

“你见过我的儿子吗?”  

记者日前刚抵达委内瑞拉地震重灾区拉瓜伊拉州的一家医院,便被一名当地女子拉住衣袖。  

当地时间6月24日晚,委内瑞拉发生百余年来最强地震,一分钟内出现两次7级以上强震,已造成2954人遇难,数百栋建筑在地动山摇中瞬间垮塌。在这场突如其来的天灾中,这位名叫佐伊的女子死里逃生,但她的儿子哈维尔·洛韦拉至今下落不明。  

“我住的公寓楼就像被大地吞噬了一样,猛地塌陷下去。一切都毁了。”回忆起那个惊魂时刻,佐伊仍心有余悸。  

佐伊家在四楼,万幸的是,尽管房屋彻底损毁,但她和小女儿、丈夫都没有被压在倒塌的墙体下。她将小女儿抱在怀中,与丈夫一起扒开废墟,从离地一米多高的断壁残垣处跳下才勉强逃生。  

“跳下来时,我还踩到破损的玻璃窗上,我都没注意到。但我只受了点轻伤。那天正好是我的生日,这简直是个奇迹。”  

劫后余生的佐伊很快陷入另一种恐惧。  

地震发生前,她9岁的儿子随外婆一起下楼倒垃圾,两人之后再无音信。震后第四天,“救援队发现一名仍有生命体征的男孩”的视频在当地社交网络上传播。  

“我看了无数遍,那肯定是我的儿子!”佐伊从口袋中慌乱地掏出手机,反复播放着那段不足一分钟、画面模糊的视频。为了核实视频中孩子的下落,她不顾余震风险四处奔波,走访了一家又一家收治伤员的临时医院。  

“有人说我儿子被救援人员找到了,有人说他被直升机送出去了,有人说孩子被救出来的时候还活着,有人说他被送到了医院……那孩子究竟被送到了哪家医院?他在哪里?我们只想知道他的下落。”  

震后的拉瓜伊拉州不少道路受损,交通严重受阻,没有汽车和摩托车的佐伊,只能依靠好心人和当地救援志愿者的帮助,奔波于各个安置点和医院。“我现在神经高度紧张,但我愿意冒险。只要有一点线索,我就绝不放弃希望,我知道我会找到他的。我丈夫也在拼命寻找我们的母亲。”她说。  

听到佐伊与记者的对话,医院门口的委内瑞拉国民警卫队成员加里多十分动容。他轻轻拍了拍佐伊的肩膀:“这是我的电话号码,把孩子的照片和视频发给我,我现在就发给朋友们问问,我们一定会尽力。”  

医院入口对面的等候区有一面寻亲墙,贴满了失踪人员的照片和几家医院收治患者的名单。佐伊一遍遍扫着墙上的信息,生怕错过一丝线索。此时,一张照片引起她的注意。“这是我的邻居路易斯……他其实已经遇难了。”  

佐伊的眼睛布满血丝,看上去极度疲惫,讲起话来有些语无伦次。许多人劝她先去条件稍好的灾民安置点休整,但都被她一一回绝。  

“找到小哈维尔之后,我们才会去灾民安置点。我们不可能就这样一走了之。如果我们直接离开,就等于抛弃他们……我不会跟自己说‘他们已经死了’,绝不,我绝不认输。”佐伊说。(完)

图说1:7月3日,在委内瑞拉拉瓜伊拉,佐伊(右)寻找失踪孩子期间与委内瑞拉国民警卫队成员交流。新华社记者 朱雨博 摄

图说2:7月3日,在委内瑞拉拉瓜伊拉,一位当地女性在寻亲墙上寻找家人的信息。新华社记者 朱雨博 摄

图说3:6月28日,在委内瑞拉拉瓜伊拉州卡拉巴耶达,救援人员站在一处废墟上。新华社发