တီဟီရန်၊ ဇူလိုင် ၇ ရက် (ဆင်ဟွာ)

ကွယ်လွန်ပြီးဖြစ်သော အီရန်ထိပ်တန်းခေါင်းဆောင် အယာတိုလာ အလီခါမေနီ၏ ဈာပနအခမ်းအနားကို အီရန်နိုင်ငံ မြို့တော် တီဟီရန်တွင် ဇူလိုင် ၆ ရက်၌ ပြုလုပ်ခဲ့ပြီး ဈာပနအခမ်းအနားသို့ ဝမ်းနည်းပူဆွေးသူ သန်းပေါင်းများစွာ တက်ရောက်ခဲ့ကြသည်။

ဇူလိုင် ၃ ရက်တွင် ခါမေနီ၏ ရုပ်ကလာပ်အား ဂါရဝပြုနှုတ်ဆက်ခြင်း အခမ်းအနားကို တီဟီရန်မြို့၌ ပြုလုပ်ခဲ့ပြီး အီရန်နိုင်ငံ နယ်ပယ်အသီးသီးမှ လူပုဂ္ဂိုလ်များ၊ ဘာသာရေးခေါင်းဆောင်များနှင့် နိုင်ငံအများအပြားမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ အစီအစဉ်အရ ခါမေနီနှင့် ၎င်းမိသားစုဝင်များ၏ ရုပ်ကလာပ်ဈာပနအခမ်းအနားကို ဇူလိုင် ၇ ရက်တွင် ရှီယာ (Shia) ဘာသာဝင်များ၏ သန့်ရှင်းသောမြို့ ကွမ် (Qom) တွင် ကျင်းပမည်ဖြစ်ပြီး ဇူလိုင် ၉ ရက်တွင် အီရန်နိုင်ငံ အရှေ့မြောက်ပိုင်းရှိ သန့်ရှင်းသောမြို့ မက်ရှ်ဟတ် (Mashhad) ၌ သင်္ဂြိုဟ်မည်ဖြစ်သည်။ ယင်းနေရာမှာ ခါမေနီ၏ မွေးရပ်မြေဖြစ်သည်။ (Xinhua)

...............................

(Chinese Version)

德黑兰民众送别哈梅内伊

新华社照片,德黑兰,2026年7月6日

伊朗已故最高领袖阿里·哈梅内伊的送葬仪式7月6日在伊朗首都德黑兰举行,数百万哀悼者出席了葬礼。

7月3日,哈梅内伊遗体告别仪式已在德黑兰举行,伊朗各界人士、宗教领袖以及多国官员出席。根据计划,7月7日将在什叶派圣城库姆举行哈梅内伊及其家属遗体送葬仪式。7月9日,将在伊朗东北部圣城马什哈德举行安葬仪式,那里是哈梅内伊的出生地。

图说:7月6日,民众在伊朗首都德黑兰送别伊朗已故最高领袖哈梅内伊。 新华社/迈赫尔通讯社