
ပေကျင်း၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ဆော်လမွန်ကျွန်းစုနိုင်ငံ ၄၈ နှစ်မြောက် လွတ်လပ်ရေးရရှိမှုနှင့် စပ်လျဉ်း၍ ဆော်လမွန်ကျွန်းစုနိုင်ငံ၏ ဘုရင်ခံချုပ် David Tiva Kapu ထံသို့ ဇူလိုင် ၇ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာ ပေးပို့ခဲ့သည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နိုင်ငံနှင့် ဆော်လမွန်ကျွန်းစုနိုင်ငံတို့သည် ၂၀၁၉ ခုနှစ်တွင် သံတမန်ဆက်ဆံရေး ထူထောင်သည့်အချိန်မှစ၍ နိုင်ငံရေးအရ အပြန်အလှန်ယုံကြည်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းလာပြီး လက်တွေ့ပူးပေါင်းဆောင်ရွက်မှု ရလဒ်များ ကြွယ်ဝလာကာ ပြည်သူအချင်းချင်း ဖလှယ်မှုသည်လည်း တစ်နေ့တခြားနီးကပ်လာသောကြောင့် နှစ်ဖက်ဆက်ဆံရေးမှာ ရေရှည်တိုးတက်မှု ရှိလာကြောင်း ထောက်ပြခဲ့သည်။
မိမိအနေဖြင့် တရုတ်-ဆော်လမွန် ဆက်ဆံရေး တိုးတက်မှုကို များစွာအလေးထားကြောင်း၊ ဘုရင်ခံချုပ် David Tiva Kapu နှင့်အတူ တရုတ်-ဆော်လမွန် အပြန်အလှန်လေးစားသော၊ အတူတကွ ဖွံ့ဖြိုးတိုးတက်မှု ဖော်ဆောင်သော ဘက်စုံမဟာဗျူဟာမြောက်မိတ်ဖက်ဆက်ဆံရေးကို ဆက်လက်နက်ရှိုင်းစေပြီး ခေတ်သစ် တရုတ်-ဆော်လမွန် အေးအတူပူအမျှအသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးကာ နှစ်နိုင်ငံပြည်သူများအား ပိုမိုကောင်းမွန်စွာ အကျိုးပြုလိုကြောင်း ရှီကျင့်ဖိန်က ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
习近平就所罗门群岛独立日向所罗门群岛总督卡普致贺电
新华社北京7月7日电 7月7日,国家主席习近平致电所罗门群岛总督大卫·蒂瓦·卡普,祝贺所罗门群岛独立48周年。
习近平指出,中所两国2019年建交以来,政治互信持续深化,务实合作成果丰硕,人文交流日益密切,双边关系取得长足发展。我高度重视中所关系发展,愿同卡普总督一道努力,继续深化中所相互尊重、共同发展的全面战略伙伴关系,推动构建新时代中所命运共同体,更好造福两国人民。(完)








