အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ရှိ အတ္တလန်တာ အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်က အာဂျင်တီးနားအသင်းနှင့် အီဂျစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွင် အာဂျင်တီးနားအသင်းမှ အန်ဇို ဖာနန်ဒက်ဇ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ အတ္တလန်တာမြို့ရှိ အတ္တလန်တာ အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၇ ရက်က အာဂျင်တီးနားအသင်းနှင့် အီဂျစ်အသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်တွင် အာဂျင်တီးနားအသင်းမှ အန်ဇို ဖာနန်ဒက်ဇ် ဂိုးသွင်းပြီးနောက် အောင်ပွဲခံနေစဉ် (ဆင်ဟွာ)

အတ္တလန်တာ၊ အမေရိကန်၊ ဇူလိုင် ၈ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ အတ္တလန်တာမြို့တွင် ဇူလိုင် ၇ ရက်က အာဂျင်တီးနားအသင်းနှင့် အီဂျစ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်၌ အာဂျင်တီးနားအသင်းက နှစ်ဂိုးရှုံးနိမ့်နေသော်လည်း ၃ ဂိုး ပြန်လည်သွင်းယူကာ အံ့အားသင့်ဖွယ် comeback နိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်သို့ တက်ရောက်သွားခဲ့ပြီဖြစ်သည်။

ပွဲချိန် မိနစ် ၈၀ နီးပါးအထိ နှစ်ဂိုးရှုံးနိမ့်နေသည့် အာဂျင်တီးနားအသင်းက အံ့အားသင့်ဖွယ် ကောင်းလောက်အောင် တုံ့ပြန်ကစားနိုင်ခဲ့ပြီး ငါးမိနစ်အတွင်း နှစ်ဂိုးသွင်းယူကာ ထပ်ဆောင်းအချိန်ပိုတွင် အနိုင်ဂိုးသွင်းယူနိုင်ခဲ့သဖြင့် ရင်ခုန်စိတ်လှုပ်ရှားဖွယ် comeback နိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့သည်။

အီဂျစ်အသင်းက ပွဲစစချင်းမှာပင် လက်ရှိချန်ပီယံ အာဂျင်တီးနားအသင်းကို ရှိန်မနေဘဲ သူတင်ကိုယ်တင် တိုက်စစ်ဖွင့်ကစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုအနေဖြင့်လည်း နှစ်သင်းစလုံး ညီတူမျှတူရှိခဲ့သည်။

ပွဲကစားချိန် ၁၅ မိနစ်တွင် အာဂျင်တီးနားအသင်း၏ ခံစစ်အားနည်းချက်ကြောင့် အီဂျစ်နောက်ခံလူ ယက်ဆာ အီဘရာဟင်က ဖြတ်တင်ဘောပေးပို့မှုကို ခေါင်းတိုက်ကာ အဖွင့်ဂိုးသွင်းယူနိုင်ခဲ့သည်။

ပွဲချိန် ၁၉ မိနစ်တွင် ဂိုးဧရိယာထဲ၌ နစ်ကိုးလပ်စ် တာဂလီယာဖီကို ပြစ်ဒဏ်ကျူးလွန်ခံရသည့်အတွက် အာဂျင်တီးနားအသင်း ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့သည်။ အဆိုပါ ပင်နယ်တီကို အာဂျင်တီးနား အသင်းခေါင်းဆောင် လီယွန်နယ် မက်ဆီ ကန်သွင်းခဲ့သော်လည်း အီဂျစ်ဂိုးသမား မိုစတာဖာ ရှူဘီယာ ကာကွယ်နိုင်ခဲ့သည်။

ပရိသတ်များ၏ ကျယ်ကျယ်လောင်လောင် အော်ဟစ်အားပေးသံများနှင့်အတူ အာဂျင်တီးနားက တိုက်စစ်အရှိန်မြှင့်ခဲ့ပြီး ချေပဂိုးရရှိရန် အကြိတ်အနယ် ကြိုးပမ်းလာခဲ့သည်။ သို့သော် ပွဲချိန် ၃၀ မိနစ်တွင် မက်ဆီ၏ ဖရီးကစ်ကန်ချက်မှာ ဂိုးတိုင်နှင့်ထိခဲ့သလို ၉ မိနစ်အကြာတွင် ဂျူလီယန် အယ်လ်ဗာရက်ဇ်၏ အနီးကပ်အဆုံးသတ်မှုကိုလည်း ဂိုးသမား ရှူဘီယာ ကာကွယ်သွားခဲ့သည်။

ဒုတိယပိုင်းပြန်စချိန်တွင် အာဂျင်တီးနားအသင်း၏ အခြေအနေမှာ ပိုမိုခက်ခဲသွားခဲ့သည်။ အာဂျင်တီးနားက တရစပ် တိုက်စစ်ဆင်နေသော်လည်း အီဂျစ်၏ မာကျောသည့်ခံစစ်ကို ဖောက်ထွက်နိုင်ရန် ရုန်းကန်ခဲ့ရသလို တစ်ဖက်တွင်လည်း အီဂျစ်က တန်ပြန်တိုက်စစ်မှတစ်ဆင့် အာဂျင်တီးနား ဂိုးပေါက်ကို ခြိမ်းခြောက်နေဆဲဖြစ်သည်။

ပွဲချိန် ၅၈ မိနစ်တွင် အီဂျစ်အသင်းက တန်ပြန်တိုက်စစ်မှတစ်ဆင့် ဒုတိယဂိုးရရှိသွားပြီဟု ထင်မှတ်ရသော်လည်း ကစားကွက်တည်ဆောက်ရာတွင် အီဂျစ်အသင်းမှ မာဝမ် အက်တီယာ ပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် VAR ပြန်ကြည့်ကာ အဆိုပါသွင်းဂိုးအား ပယ်ဖျက်ခဲ့သည်။

နောက်ဆုံးတွင် အီဂျစ်အသင်း၏ နည်းဗျူဟာက အလုပ်ဖြစ်ခဲ့ပြီး ပွဲချိန် ၆၇ မိနစ်တွင် တန်ပြန်တိုက်စစ်ဆင်မှတစ်ဆင့် မိုစတာဖာ ဇီကိုက ဒုတိယဂိုးသွင်းယူကာ ၂-၀ ဂိုး ဖြစ်စေခဲ့သည်။

အာဂျင်တီးနားအသင်းမှာ ဘေးကျပ်နံကျပ် အခြေအနေနှင့် ရင်ဆိုင်နေရချိန်တွင် ပေါက်ကွဲအားပြင်းပြင်းနှင့် ပြန်လာနိုင်ခဲ့ပြီး ခရစ်ရှန် ရိုမဲရိုးက အားပါသည့် ခေါင်းတိုက်ချက်ဖြင့် အသင်းအတွက် မျှော်လင့်ချက်ဖြစ်စေမည့် ချေပဂိုးတစ်ဂိုး သွင်းယူပေးခဲ့သည်။ ထို့နောက် ဂိုးဧရိယာထဲတွင် ရှုပ်ယှက်ခတ်နေစဉ် မက်ဆီက ချေပဂိုးထပ်မံသွင်းယူနိုင်ခဲ့သည်။

ထပ်ဆောင်းအချိန်ပိုတွင် အန်ဇို ဖာနန်ဒက်ဇ်က တန်ပြန်တိုက်စစ်မှတစ်ဆင့် အနိုင်ဂိုးသွင်းယူကာ အာဂျင်တီးနားအတွက် အံ့အားသင့်ဖွယ် comeback နိုင်ပွဲကို ရယူပေးခဲ့သည်။

ကမ္ယာ့ဖလားသွင်းဂိုး ၂၁ ဂိုးမြောက်နှင့် ယခုပြိုင်ပွဲတွင် ၈ ဂိုးမြောက်သွင်းဂိုးကို သွင်းယူခဲ့သည့် မက်ဆီအား အသင်းဖော်များက လေထဲသို့မြှောက်ကာ ဂုဏ်ပြုအောင်ပွဲခံခဲ့ကြပြီး မက်ဆီမှာ ယခုကမ္ဘာ့ဖလားပြိုင်ပွဲတွင် ရွှေဖိနပ်ဆုအတွက် တစ်ဂိုးအသာဖြင့် ဦးဆောင်လျက်ရှိသည်။

အဆိုပါပွဲစဉ်၌ အရေးပါသည့် စွမ်းဆောင်မှုကို ထပ်မံပြသနိုင်ခဲ့သည့် မက်ဆီ၏ အရည်အသွေးနှင့် စိတ်ဓာတ်ကြံ့ခိုင်မှုတို့ကို နည်းပြစကာလိုနီက ချီးကျူးခဲ့ပြီး အဆိုပါ ဝါရင့်တိုက်စစ်မှူးမှာ တစ်သင်းလုံးအတွက် စံပြဖြစ်သည်ဟု ဆိုသည်။ "မက်ဆီက ကစားသမားအားလုံးအတွက် စံပြပုဂ္ဂိုလ်တစ်ယောက်ပါ။ သူ ပင်နယ်တီလွဲချော်ခဲ့ပေမဲ့ အဆက်မပြတ် ဘောလုံးတောင်းပြီး မရပ်မနား ကြိုးစားနေတုန်းပါပဲ" ဟု စကာလိုနီက ပြောသည်။ (Xinhua)

..................................................................

(English Version)

Argentina completes stunning comeback against Egypt to reach World Cup quarterfinals

ATLANTA, United States, July 7 (Xinhua) -- Argentina staged a stunning comeback at the World Cup round of 16 as the defending champion came from two goals down to edge past Egypt 3-2 and reach the quarterfinals here on Tuesday.

Having trailed by two goals for nearly 80 minutes, Argentina mounted a dramatic fightback, scoring twice within five minutes before netting a stoppage-time winner to complete a sensational comeback victory.

Egypt took the game to the defending champion from the opening whistle, showing little fear as the two sides were evenly matched in terms of possession.

In the 15th minute, a defensive lapse in Argentina's backline allowed Egypt defender Yasser Ibrahim to head home the opener from a cross.

In the 19th minute, Nicolas Tagliafico was brought down inside the box to win a penalty. Argentina captain Lionel Messi stepped up to take the spot-kick, but his effort was saved by Egyptian goalkeeper Mostafa Shoubir.

Roared on by its fans, Argentina intensified its attacking pressure and pushed forward in search of an equalizer. In the 30th minute, Messi's free kick rattled the post before Julian Alvarez's close-range effort was denied by Shoubir nine minutes later.

After the restart, the situation went from bad to worse for Argentina. Despite launching wave after wave of attacks, it struggled to break down Egypt's resolute defense, while Egypt continued to threaten Argentina's goal on the counterattack.

In the 58th minute, Egypt thought it had doubled its lead through a counterattack, but VAR ruled the goal out after Marwan Attia was found to have committed a foul in the build-up.

Egypt's game plan finally paid off as forward Mostafa Zico struck on the counterattack to double its advantage and make it 2-0 in the 67th minute.

With its back against the wall, Argentina launched a furious comeback, with Cristian Romero pulling one back with a powerful header to give his side hope. Messi then leveled the score by firing home from a goalmouth scramble inside the box.

In stoppage time, Enzo Fernandez struck on the counterattack to seal a remarkable comeback victory for Argentina.

Messi was thrown into the air by his teammates in celebration after netting his 21st World Cup goal and eighth of this tournament to edge back in front of the battle for the Golden Boot.

Scaloni praised Messi's character and determination after another influential performance, describing the veteran forward as an example for everyone in the squad. "Messi is a role model for all the players," he said. "He missed a penalty, but he still asks for the ball and goes on and on."

English Caption 1

Enzo Fernandez of Argentina celebrates his goal during the round of 16 match between Argentina and Egypt at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 7, 2026. (Xinhua/Chen Yichen)

English Caption 2

Lionel Messi of Argentina celebrates his goal during the round of 16 match between Argentina and Egypt at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 7, 2026. (Xinhua/Huang Zongzhi)

English Caption 3

Lionel Messi (R) of Argentina breaks through during the round of 16 match between Argentina and Egypt at the 2026 FIFA World Cup at Atlanta Stadium in Atlanta, the United States, July 7, 2026. (Xinhua/Chen Yichen)