
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
“အက်ဂါ စနိုး စိတ်ဓာတ်အမွေအနှစ်၏ ယနေ့ခေတ်တန်ဖိုးနှင့် ကမ္ဘာ့အနက်အဓိပ္ပာယ်” နိုင်ငံတကာဆွေးနွေးပွဲသည် ဇူလိုင် ၈ ရက်တွင် ဖိုရမ်ကျင်းပ၍ “အက်ဂါ စနိုးနှင့် နိုင်ငံတကာမိတ်ဆွေများ၏ ဖြန့်ချိရေး အကျိုးဆောင်မှု” ၊ “နိုင်ငံတကာဖြန့်ချိရေးသမိုင်း၊ လက်ရှိအခြေအနေနှင့် အနာဂတ်” စသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့သည်။
“အက်ဂါ စနိုး စိတ်ဓာတ်အမွေအနှစ်၏ ယနေ့ခေတ်တန်ဖိုးနှင့် ကမ္ဘာ့အနက်အဓိပ္ပာယ်” နိုင်ငံတကာဆွေးနွေးပွဲကို ဇူလိုင် ၇ ရက်တွင် တရုတ်နိုင်ငံ ပေကျင်းမြို့၌ စတင်ဖွင့်လှစ်ကျင်းပခဲ့သည်။ အက်ဂါ စနိုး၏ မိသားစုဝင်၊ အမေရိကန် အက်ဂါ စနိုး အထိမ်းအမှတ် ဖောင်ဒေးရှင်း ကိုယ်စားလှယ်၊ ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၊ သတင်းမီဒီယာကိုယ်စားလှယ်များသည် ပေကျင်းတက္ကသိုလ်တွင် စုစည်းပြီး သက်ဆိုင်ရာ အကြောင်းအရာနှင့်စပ်လျဉ်း၍ ထဲထဲဝင်ဝင် ဆွေးနွေးဖလှယ်ခဲ့ကြသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
中外学者同台 共探斯诺精神
新华社照片,北京,2026年7月8日
7月8日,“埃德加·斯诺精神遗产的当代价值与世界意义”国际研讨会举行论坛,围绕“斯诺与国际友人的传播贡献”“国际传播的历史、现状与未来”等话题进行研讨。
“埃德加·斯诺精神遗产的当代价值与世界意义”国际研讨会7月7日在北京开幕。斯诺亲属、美国埃德加·斯诺纪念基金会代表、海内外专家学者、新闻媒体代表聚首北京大学,围绕相关主题深入交流。
图说1:7月8日,美国埃德加·斯诺纪念基金会主席希德妮·伍德在研讨会论坛上发言。 新华社记者 张玉薇 摄图说2:7月8日,美国哈佛大学费正清中国研究中心传播处主任、埃德加·斯诺亲属萨姆·麦克利恩在研讨会论坛上发言。新华社记者 张玉薇 摄








