
ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်း စစ်ပွဲအခြေအနေကြောင့် ကမ္ဘာလုံးဆိုင်ရာစီးပွားရေးအပေါ် သယ်ဆောင်လာသည့် မသေချာမရေရာမှုများက အတန်အသင့် မြင့်မားနေဆဲဖြစ်ပြီး ၎င်း၏သက်ရောက်မှုများ ဆက်လက်တည်ရှိနေကြောင်း၊ အထူးသဖြင့် စွမ်းအင်ဈေးကွက်နှင့် ကုန်စည်ပို့ဆောင်ရေးအပိုင်းတွင် ဖိအားများနှင့် ရင်ဆိုင်နေရဆဲဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) ၊ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF)၊ ကမ္ဘာ့ဘဏ်အုပ်စုနှင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) တို့သည် မကြာသေးမီက ပူးတွဲကြေညာချက်ထုတ်ပြန်၍ ပြောကြားခဲ့သည်။
အဆိုပါ နိုင်ငံတကာအဖွဲ့အစည်း ၄ ခု၏ တာဝန်ရှိပုဂ္ဂိုလ်များသည် ဇူလိုင် ၇ ရက်တွင် အစည်းအဝေးကျင်းပ၍ လက်ရှိ ကမ္ဘာ့စွမ်းအင်၊ ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေများကို ဆွေးနွေးခဲ့ကြောင်း ကြေညာချက်အရ သိရသည်။ အစည်းအဝေးတက်ရောက်သော တာဝန်ရှိပုဂ္ဂိုလ်များက ကမ္ဘာ့စီးပွားရေးသည် ယေဘုယျအားဖြင့် အရှေ့အလယ်ပိုင်းစစ်ပွဲအခြေအနေအပေါ် ကြံ့ကြံ့ခံနိုင်ရည်ရှိသော်လည်း စစ်ပွဲကြောင့်သက်ရောက်ခံရမှုသည် ညီမျှခြင်းမရှိကြောင်း၊ နိုင်ငံနှင့်ဒေသများစွာ၏ စွမ်းအင်ပံ့ပိုးမှု၊ စားနပ်ရိက္ခာဖူလုံမှု၊ အဓိကကုန်စည်များဈေးနှုန်းနှင့် စီးပွားရေးလှုပ်ရှားမှုများ ပုံမှန်လည်ပတ်မှုအပေါ် သက်ရောက်မှုရှိပြီး ပြည်သူများက စီးပွားရေးတိုးတက်မှုနှင့် ကုန်ဈေးနှုန်းတည်ငြိမ်မှုအပေါ် စိုးရိမ်ပူပန်မှု တိုးလာစေခဲ့ကြောင်း ပြောကြားခဲ့သည်။
ကြေညာချက်က ဘက်အသီးသီးအနေဖြင့် ပဋိပက္ခဖြေရှင်းရေးနှင့် ဟော်မုဇ်ရေလက်ကြား ပြန်လည်ဖွင့်လှစ်ရေးအပိုင်းတွင် တစ်ဆင့်တိုး တိုးတက်မှုရရှိရန် တိုက်တွန်းခဲ့ပြီး နိုင်ငံအသီးသီးမှ အစိုးရနှင့် နိုင်ငံတကာအဖွဲ့အစည်းအနေဖြင့် အရေးကြီးရေကြောင်းလမ်းတွင် လုံခြုံစွာဖြတ်သန်းသွားလာမှုအား ကာကွယ်ထိန်းသိမ်းရေး၊ စီးပွားရေးပြန်လည်နိုးထမှုကို အားပေးခြင်း၊ ပြည်သူလူနေမှုဘဝနှင့် အလုပ်အကိုင်ရရှိမှုအား အာမခံရေး၊ စွမ်းအင်နှင့် စားနပ်ရိက္ခာဖူလုံမှုမြှင့်တင်ခြင်း၊ အနာဂတ်ထိုးနှက်မှုများအပေါ် ရင်ဆိုင်နိုင်မှုစွမ်းရည်မြှင့်တင်ခြင်းတို့ကို ဆက်လက်အတူတကွ ကြိုးပမ်းဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။
သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းနှင့် အဖွဲ့ဝင်များအနေဖြင့် နီးကပ်စွာ ပူးပေါင်းဆောင်ရွက်ပြီး စွမ်းအင်၊ ကုန်သွယ်ရေးနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အနီးကပ်ဂရုပြုကာ လိုအပ်ချိန်တွင် သက်ဆိုင်ရာ ပံ့ပိုးကူညီမှုများ ထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
国际组织:中东战事带来的不确定性依然较高
新华社北京7月9日电(记者宿亮)国际能源署、国际货币基金组织、世界银行集团和世界贸易组织日前发表联合声明说,中东战事给全球经济带来的不确定性依然较高,其影响可能持续存在,特别是能源市场和货物运输仍面临压力。
根据声明,四家国际组织负责人7日举行会议,就当前全球能源、贸易和经济发展情况进行讨论。与会负责人说,全球经济总体上对中东战事冲击表现出韧性,但战事的影响极不均衡,许多国家和地区的能源供应、粮食安全、大宗商品价格以及经济活动的正常运转受到波及,加剧了人们对经济增长和物价稳定的担忧。
声明呼吁各方在解决冲突和重新开放霍尔木兹海峡方面取得进一步进展。各国政府和国际社会应继续共同努力,维护重要通道航行安全,支持经济复苏,保障民生和就业,加强能源和粮食安全,增强应对未来冲击的能力。
声明表示,相关国际组织将与成员紧密合作,密切关注能源、贸易和经济发展,并在必要时提供相应支持。(完)
图说:这是5月29日在阿曼北部小镇海塞卜拍摄的滞留在霍尔木兹海峡水域的商船(手机照片)。新华社记者温新年摄








