တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြိုရှိ ဖိန်တုန်းအလယ်တန်းကျောင်း ကျင်းပသော Flying Tigers ချစ်ကြည်ရေးကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝန်းအတွင်း လာရောက်ခြင်း အစီအစဉ်တွင် ဖူကျိုး အလယ်တန်းကျောင်းမှ ကျောင်းသားတစ်ဦးနှင့် အမေရိကန်လူငယ်နှစ်ဦး ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြိုရှိ ဖိန်တုန်းအလယ်တန်းကျောင်း ကျင်းပသော Flying Tigers ချစ်ကြည်ရေးကျောင်းမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ ကျောင်းဝန်းအတွင်း လာရောက်ခြင်း အစီအစဉ်တွင် ဖူကျိုး အလယ်တန်းကျောင်းမှ ကျောင်းသားတစ်ဦးနှင့် အမေရိကန်လူငယ်နှစ်ဦး ၂၀၂၆ ခုနှစ် ဇွန် ၃၀ ရက်တွင် အမှတ်တရဓာတ်ပုံ ရိုက်ကူးနေစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

လတ်တလောကာလတွင် တရုတ်-အမေရိကန် သက်ဆိုင်ရာ ဖလှယ်ရေးလှုပ်ရှားမှုများ အောင်မြင်စွာ ကျင်းပနိုင်ခဲ့ရာ ယင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံပြည်သူများတွင် တူညီသောသံယောဇဉ်များရှိသည်ကို အပြည့်အဝဖော်ပြနေကြောင်း၊ တရုတ်နိုင်ငံသို့ အမေရိကန်ပြည်သူများစွာ လာရောက်လည်ပတ်ဖလှယ်၍ စစ်မှန်သော၊ ရုပ်လုံးကြွ၍ ဘက်စုံဖြစ်သည့် တရုတ်နိုင်ငံအား လက်တွေ့ခံစားသိရှိရန် ကြိုဆိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် မော်နင်က ဇူလိုင် ၈ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် တရုတ်-အမေရိကန် အရပ်ဘက်ဖလှယ်မှုနှင့် စပ်လျဉ်း၍ မေးမြန်းမှုကို ဖြေကြားမှုအတွင်း ပြောကြားခဲ့သည်။

သတင်းများအရ ၂၀၂၆ ခုနှစ် “ကူလျင်ယွမ်” တရုတ်-အမေရိကန် လူငယ် ဘေ့စ်ဘော ချစ်ကြည်ရေးပြိုင်ပွဲနှင့် အားကစားဖလှယ်ရေး သီတင်းပတ်ကို အောင်မြင်စွာ ကျင်းပခဲ့ပြီး တရုတ်-အမေရိကန် လူငယ်ဘေ့စ်ဘောအသင်း ၈ သင်းသည် အတူယှဉ်ပြိုင်၍ “ဘေ့စ်ဘောဖြင့် မိတ်ဖွဲ့” ခဲ့ရာ အပြန်အလှန် နားလည်သိရှိမှုနှင့် ချစ်ကြည်ရင်းနှီးမှုကို တိုးမြှင့်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ထိုမတိုင်မီ “၅ နှစ်အတွင်း အမေရိကန်လူငယ် ၅ သောင်း တရုတ်နိုင်ငံသို့ လာရောက် လေ့လာဖလှယ်ရန် ဖိတ်ခေါ်ခြင်း” အဆိုပြုချက်သည် မျှော်မှန်းရည်မှန်းချက်ကို အချိန်စော၍ အကောင်အထည်ဖော်နိုင်ခဲ့သည်ဟု ထုတ်ပြန်ကြေညာခဲ့ပြီး  ယခုနှစ် ပထမနှစ်ဝက်တွင် အမေရိကန်မှ ပြည်ဝင်လာရောက်လည်ပတ်သည့် ခရီးသွားဧည့်သည်ပမာဏသည်လည်း အရှိန်မြင့်တိုးတက်လျက်ရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရုတ်-အမေရိကန် အရပ်ဘက်ဖလှယ်မှုအပေါ် မည်ကဲ့သို့ မျှော်လင့်ချက်ရှိသနည်းဟု သတင်းထောက်က မေးမြန်းခဲ့သည်။

မော်နင်က “ကျွန်မတို့အနေနဲ့ ကူလျင်အကြောင်းအရာဟာ နှစ်တစ်ရာကျော် ကျော်ဖြတ်ပြီးတဲ့တိုင် ရှင်သန်စွမ်းအားများနဲ့ သစ်လွင်နေပြီး ချစ်ကြည်ရင်းနှီးစွာ ဆက်ဆံမှု စာမျက်နှာသစ်များစွာ ဆက်လက်ရေးခြယ်‌နေတာကို ဝမ်းမြောက်စွာ တွေ့မြင်ရပါတယ်” ဟု ဆိုသည်။

လတ်တလောကာလတွင် တရုတ်-အမေရိကန်လူငယ်များ အားကစားဖလှယ်ရေးသီတင်းပတ်၊ Flying Tigers လူငယ်ခေါင်းဆောင်တွေ့ဆုံဆွေးနွေးပွဲ၊ “ပန်ဒါဝက်ဝံကြီးများနှင့်အတူ တရုတ်နိုင်ငံအား လည်ပတ်ခြင်း” စသည့် ကူးလူးဖလှယ်မှု အစီအစဉ်အများအပြား အောင်မြင်စွာကျင်းပခဲ့ကြောင်း၊ ယင်းသည် တရုတ်-အမေရိကန် နှစ်နိုင်ငံ ပြည်သူများက တူညီသည့် သံယောဇဉ်များရှိသဖြင့် ကွာဟမှုများကို လုံးဝကျော်ဖြတ်ပြီး အပြန်အလှန် နှစ်သက်သဘောကျကာ ချစ်ကြည်ရေးသံယောဇဉ်မိတ်ဖွဲ့နိုင်သည်ကို အပြည့်အဝ ဖော်ပြနေကြောင်း၊ တရုတ်-အမေရိကန် ဆက်ဆံရေး၏ မျှော်လင့်ချက်သည် ပြည်သူများလက်ထဲတွင်ရှိပြီး အခြေခံသည် အရပ်ဘက်တွင်ဖြစ်ကာ အနာဂတ်သည် လူငယ်များလက်ထဲတွင်ရှိသလို ရှင်သန်တက်ကြွမှုသည် ဒေသန္တရဖလှယ်မှုများတွင်ရှိသည်ကို အပြည့်အဝ သက်သေထူနေကြောင်း ၎င်းက ပြောကြားခဲ့သည်။

“တရုတ်နိုင်ငံကို အမေရိကန်ပြည်သူများစွာ လာရောက်လည်ပတ်ဖလှယ်ကာ စစ်မှန်တဲ့ ရုပ်လုံးကြွပြီးဘက်စုံဖြစ်တဲ့ တရုတ်နိုင်ငံကို လက်တွေ့ခံစားသိရှိပြီး တရုတ်-အမေရိကန် ချစ်ကြည်ရေးလုပ်ငန်းမှာ ပါဝင်ကြဖို့ ကျွန်မတို့ ကြိုဆိုပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ လမ်းသွယ်သုံးလမ်း၊ လမ်းကြားခုနစ်ခု၌ လည်ပတ်နေသာ အမေရိကန်နိုင်ငံ 
ဗာဂျီးနီးယားပြည်နယ် Near West ဘေ့စ်ဘောအသင်းဝင်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဖူကျန့်ပြည်နယ် ဖူကျိုးမြို့ရှိ လမ်းသွယ်သုံးလမ်း၊ လမ်းကြားခုနစ်ခု၌ လည်ပတ်နေသာ အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် Near West ဘေ့စ်ဘောအသင်းဝင်များကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

--------------------------------------------------------------------------------------

(Chinese Version)

外交部:欢迎更多美国民众来华参访交流

新华社北京7月8日电(记者王宾、董雪)外交部发言人毛宁8日在例行记者会上就中美民间交流答问时表示,近期中美相关交流活动成功举办,充分说明中美两国人民有着共通的情感。欢迎更多美国民众来华参访交流,实地感知真实、立体、全面的中国。  

有记者问:据报道,2026年“鼓岭缘”中美青少年棒球友谊赛暨体育交流周在华成功举办,中美8支青少年棒球队同台竞技、“以球会友”,增进彼此了解和友谊。中方此前宣布“5年5万”倡议已经提前实现预期目标,今年上半年美国入境游客也在快速增长。中方对中美民间交流有何期待?  

“我们高兴地看到,鼓岭故事跨越百年,正焕发新的生机,续写出更多友好交往新篇。”毛宁表示,近期,中美青少年体育交流周、飞虎队青年领袖对话会、“跟着熊猫游中国”等交流活动成功举办,充分说明中美两国人民有着共通的情感,完全可以跨越差异、彼此欣赏、建立友谊,充分印证中美关系希望在人民、基础在民间、未来在青年、活力在地方。  

“我们欢迎更多美国民众来华参访交流,实地感知真实、立体、全面的中国,投身中美友好事业。”毛宁说。(完)

图说1:6月30日,在福州屏东中学举行的飞虎队友谊学校师生进校园活动上,一名福州中学生与两位美国青年拍照留念。新华社记者 姜克红 摄

图说2:7月1日,美国弗吉尼亚州西邻棒球队在福州三坊七巷参观。新华社记者 姜克红 摄