
နယူးယောက်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
အရှေ့အလယ်ပိုင်းဒေသ စစ်ရေးအရှိန် ထပ်မံမြင့်တက်လာခြင်း၏ သက်ရောက်မှုကြောင့် ဇူလိုင် ၈ ရက်တွင် နိုင်ငံတကာ ရေနံစိမ်းအနာဂတ်ဈေးနှုန်းများ သိသိသာသာ မြင့်တက်လာရာ ဈေးကွက်ပိတ်သိမ်းချိန်တွင် ဈေးနှုန်းမြင့်တက်မှု ၄ ရာခိုင်နှုန်းကျော် ရှိခဲ့ကြောင်း သိရသည်။
ထိုနေ့ ဈေးကွက်ပိတ်သိမ်းချိန်အထိ နယူးယောက်ကုန်စည်ဒိုင် (NYMEX) တွင် ဩဂုတ်လအတွက် ပေးပို့ရမည့် အပေါ့စားရေနံစိမ်းအနာဂတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃.၀၈ ဒေါ်လာ မြင့်တက်ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၇၃.၅၂ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ရာ ၄.၃၇ ရာခိုင်နှုန်း မြင့်တက်လာသည်။ စက်တင်ဘာလအတွက် ပေးပို့ရမည့် လန်ဒန်ဘရန့်ရေနံစိမ်းအနာဂတ်ဈေးနှုန်းမှာ ကန်ဒေါ်လာ ၃.၈၆ ဒေါ်လာ မြင့်တက်ပြီး တစ်စည်လျှင် ကန်ဒေါ်လာ ၇၈.၀၂ ဒေါ်လာဖြင့် ဈေးပိတ်ခဲ့ရာ ၅.၂ ရာခိုင်နှုန်း မြင့်တက်လာသည်။
အမေရိကန်သမ္မတ ထရမ့်က ဇူလိုင်လ ၈ ရက်က တူကီယဲနိုင်ငံ မြို့တော် အန်ကာရာ၌ ကျင်းပသည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေးသို့ တက်ရောက်နေစဉ်အတွင်း အမေရိကန်နှင့် အီရန်တို့ ချုပ်ဆိုထားသည့် နားလည်မှုစာချွန်လွှာမှာ "ပြီးဆုံးသွားပြီ" ဟု ၎င်းအနေဖြင့် ယူဆကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် အမေရိကန်အနေဖြင့် အီရန်၏ အရပ်ဘက် အခြေခံအဆောက်အအုံများကို တိုက်ခိုက်နိုင်ကြောင်းနှင့် Khark ကျွန်းကို ထိန်းချုပ်ရန် ကြိုးပမ်းမည်ဖြစ်ကြောင်းလည်း ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။
ထိုနေ့တွင်ပင် အီရန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက်တစ်စောင် ထုတ်ပြန်ပြီး "အမေရိကန်စစ်တပ်က အီရန်နိုင်ငံ တောင်ဘက်ကမ်းရိုးတန်းရှိ စောင့်ကြည့်ထိန်းချုပ်ရေးစင်တာများစွာကို စစ်ရေးအရ ကျူးကျော်တိုက်ခိုက်ခဲ့ခြင်း" အပေါ် ပြင်းထန်စွာ ရှုတ်ချပြီး အမေရိကန်စစ်တပ်က အီရန်အပေါ် ဆက်တိုက် တိုက်ခိုက်မှုများသည် အီရန်-အမေရိကန် နားလည်မှုစာချွန်လွှာကို ပြင်းထန်စွာ ချိုးဖောက်ခြင်းဖြစ်သည်ဟု ယူဆကြောင်း ပြောကြားခဲ့သည်။
သို့သော် ထရမ့်က ထိုနေ့ညပိုင်းတွင် အမေရိကန်နှင့် အီရန်အကြား လက်ရှိဖြစ်ပေါ်နေသည့် တင်းမာမှုများမှာ မကြာမီ ငြိမ်းအေးသွားလိမ့်မည်ဖြစ်ကြောင်းနှင့် အီရန်နှင့် စစ်ပွဲ ထပ်မံဖြစ်ပွားလိမ့်မည်ဟု မယူဆကြောင်း ပြောကြားခဲ့သည်။ ထိုသဘောထား ဖော်ပြချက်သည် ရေနံဈေးနှုန်းများကို အချိန်အတိုင်းအတာ တစ်ခုအတွင်း ပြန်လည်ကျဆင်းသွားစေရန် လှုံ့ဆော်ပေးခဲ့သည်။
Capital Economics မှ သုံးသပ်လေ့လာသူ Hammad Hussain က အမေရိကန်အနေဖြင့် အီရန်ရေနံအပေါ် ပိတ်ဆို့မှုများ ပြန်လည်ချမှတ်ခြင်း၏ တိုက်ရိုက်သက်ရောက်မှုမှာ အကန့်အသတ်ရှိနိုင်ခြေများကြောင်း၊ ပို၍ကြီးမားသည့် အန္တရာယ်မှာ အီရန်အနေဖြင့် ဟော်မုဇ်ရေလက်ကြား ရှိ ပင်လယ်ရေကြောင်း သယ်ယူပို့ဆောင်ရေးကို တစ်ဆင့်တိုး ကန့်သတ်လာခြင်း သို့မဟုတ် အမေရိကန်က အီရန်၏ ဆိပ်ကမ်းများကို ပြန်လည်ပိတ်ဆို့ခြင်းတို့ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အရှေ့အလယ်ပိုင်းပဋိပက္ခ၏ နောက်ဆုံးအခြေအနေသည် ပင်လယ်ကွေ့ဒေသ၏ ရေနံထုတ်လုပ်မှု ပြန်လည်ဦးမော့လာမှုကို နှောင့်နှေးကြန့်ကြာစေမည့် အန္တရာယ်ရှိနေပြီး ရေနံစိမ်းဈေးနှုန်းများမှာလည်း လာမည့်လများတွင် အတက်အကျဖြစ်ပေါ်နိုင်ခြေနှင့်ပြည့်နှက်နေမည်ဟု ၎င်းက ယူဆသည်။
နိုင်ငံတကာ စွမ်းအင်သတင်းအချက်အလက် ဝန်ဆောင်မှုအဖွဲ့အစည်း Rystad Energy ကုမ္ပဏီ၏ ပထဝီနိုင်ငံရေးဆိုင်ရာ လေ့လာသုံးသပ်ရေးဌာန တာဝန်ခံ Jorge León က အမေရိကန်နှင့် အီရန်တို့ကြား နောက်ဆုံးဖြစ်ပွားခဲ့သည့် စစ်ရေးပဋိပက္ခသည် နှစ်နိုင်ငံ ညှိနှိုင်းဆွေးနွေးမှုများ ရပ်တန့်သွားမည့် အန္တရာယ် သို့မဟုတ် ပို၍ အားနည်းသည့် ပတ်ဝန်းကျင်အခြေအနေသို့ ရောက်ရှိသွားမည့် အန္တရာယ်ကို ပိုမိုကြီးမားလာစေကြောင်း၊ သင်္ဘောများ၏ လုံခြုံရေး၊ အာမခံအရင်းအနှီးစရိတ်များ၊ ဖြစ်နိုင်ခြေရှိသည့် နှောင့်နှေးကြန့်ကြာမှုများနှင့် နောက်တစ်ဆင့် လက်တုံ့ပြန်မှုများအပေါ် မသေချာမရေရာမှုများကြောင့် ကာလတိုအတွင်း ရေနံဈေးနှုန်းများလှုပ်ခတ်မှု ဆက်တိုက်ဖြစ်ပေါ်စေနိုင်ကြောင်း ယူဆသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
中东战事再度升级推动国际油价8日显著上涨
新华社纽约7月8日电(记者刘亚南)受中东战事再度升级影响,国际原油期货价格8日大幅上涨,收盘时涨幅超4%。
截至当天收盘,纽约商品交易所8月交货的轻质原油期货价格上涨3.08美元,收于每桶73.52美元,涨幅为4.37%;9月交货的伦敦布伦特原油期货价格上涨3.86美元,收于每桶78.02美元,涨幅为5.2%。
美国总统特朗普8日在土耳其首都安卡拉参加北约峰会期间说,他认为美国和伊朗达成的谅解备忘录“已终结”。他还表示,美国可能打击伊朗的民用基础设施,并试图控制哈尔克岛。伊朗外交部当天发表声明,谴责“美军对伊朗南部沿海多个监控中心发动军事侵略”,认为美军接连袭击伊朗严重违反伊美谅解备忘录。
不过,特朗普当天晚些时候表示,当前美国与伊朗之间的局势升级会很快平息,他不认为会再度爆发与伊朗的战争。这一表态刺激油价一度显著回落。
凯投宏观分析师哈马德·侯赛因说,美国对伊朗石油重新实施制裁的直接影响很可能有限。更大的风险是伊朗进一步限制霍尔木兹海峡航运或美国重新封锁伊朗港口。他认为,中东冲突的最新态势让海湾地区石油生产的复苏面临延迟风险,原油价格预计在未来几个月将充满波动。
国际能源信息服务机构雷斯塔能源公司地缘政治分析负责人乔治·莱昂认为,美国与伊朗最新的军事冲突加大了两国谈判陷入停滞或继续面临更脆弱环境的风险,围绕船只安全、保险成本、潜在延迟和进一步报复的不确定性,或导致近期油价持续波动。(完)
1. 5月19日,车辆在南非约翰内斯堡的加油站加油。新华社记者陈为摄








