
ဖျက်သင်္ဘောခိုင်းဖုန်းပေါ်မှ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့၏ ရေတပ်သင်္ဘောများသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆန်းတုန်းပြည်နယ် ချင်းသောင်မြို့အနီးရှိ သတ်မှတ်ထားသော ဧရိယာအတွင်း ကျည်အစစ်အသုံးပြုသည့် လက်တွေ့ ရေကြောင်းစစ်ရေးလေ့ကျင့်မှုများကို ဇူလိုင် ၉ ရက်၌ စတင်ခဲ့ကြောင်း သိရသည်။
အဆိုပါ စစ်ရေးလေ့ကျင့်မှုများမှာ ဇူလိုင် ၆ ရက်၌ စတင်ခဲ့ပြီး တပ်စုရုံးခြင်း၊ ဆိပ်ကမ်းအခြေပြု စီမံချက်ရေးဆွဲခြင်းနှင့် ပင်လယ်ပြင် စစ်ဆင်ရေးလုပ်ဆောင်ခြင်းဟူသော အဆင့်သုံးဆင့်ပါဝင်သည့် "Joint Sea-2026" ဟု အမည်ပေးထားသော စစ်ရေးလေ့ကျင့်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည်။
ပင်လယ်ရေကြောင်း လေ့ကျင့်မှုအဆင့်၌ ပူးတွဲကင်းထောက်ခြင်း၊ လေကြောင်းနှင့် ဒုံးလက်နက်အန္တရာယ် ကာကွယ်ခြင်း၊ ရေငုပ်သင်္ဘော ရှာဖွေရေးနှင့် ကယ်ဆယ်ရေးအစီအစဉ်များကို ပေါင်းစပ်ညှိနှိုင်း လုပ်ဆောင်ခြင်းတို့ ပါဝင်သည်ဟု ထိုစစ်ရေးလေ့ကျင့်မှု အစီအစဉ်အရ သိရသည်။
ပင်လယ်ရေကြောင်းအဆင့်မတိုင်မီ စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်သည့် တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့မှ တပ်ဖွဲ့ဝင်များက စစ်ရေယာဉ်များထံ အပြန်အလှန် သွားရောက်လေ့လာခြင်း အပါအဝင် ကမ်းခြေအခြေပြု ကူးလူးဖလှယ်ရေး အစီအစဉ်များ ပြုလုပ်ခဲ့ကြောင်း သိရသည်။ (Xinhua)

............................................................................
(English Version)
China, Russia conduct live-force, live-fire drills at sea
ABOARD DESTROYER KAIFENG, July 9 (Xinhua) -- Chinese and Russian naval vessels on Thursday started to carry out live-force, live-fire maritime drills in designated areas near the city of Qingdao, east China's Shandong Province.
The drills are part of the "Joint Sea-2026" exercise, which began on Monday and consists of three phases: force assembly, harbor-based planning and at-sea operations.
According to the exercise plan, the maritime phase includes drills on joint reconnaissance, air defense and anti-missile defense, and coordinated submarine search and rescue operations.
Before the maritime phase, Chinese and Russian participating personnel held a series of shore-based exchange activities, including visits to each other's naval vessels.
English Caption 1
A drone photo taken on July 6, 2026 shows the China's guided-missile destroyer Kaifeng berthing at a military port in Qingdao, east China's Shandong Province. (Xinhua/Li Jie)








