
လားဆ၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ကုန်းပြင်မြင့် ဦးနှောက်နှင့် ကွန်ပျူတာချိတ်ဆက်မှု ဆေးကုသရေး အသုံးချမှုစင်တာကို တရုတ်နိုင်ငံ ရှီးဇန့်ဒေသ လားဆမြို့ ပြည်သူ့ဆေးရုံ၌ ဇူလိုင် ၉ ရက်တွင် ဆိုင်းဘုတ်ဖွင့်လှစ်ခဲ့သည်။ ဦးနှောက်နှင့် ကွန်ပျူတာချိတ်ဆက်မှု နည်းပညာသည် အာရုံကြောအချက်ပြမှုများကို စုစည်း၍ ဉာဏ်ရည်တု (AI) ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုတွက်ချက်ခြင်းနှင့် ဆုံးဖြတ်ချက်ပေးပို့ခြင်းတို့ကို အခြေခံကာ ဦးနှောက်၏ အာရုံကြောအချက်ပြမှုများကို ထိန်းချုပ်မှုညွှန်ကြားချက်များအဖြစ် ပြောင်းလဲလိုက်ခြင်းဖြစ်သည်။ ထိုသို့အားဖြင့် ဦးနှောက်နှင့် ပြင်ပစက်ကိရိယာများ ချိတ်ဆက်မှုကို အကောင်အထည်ဖော်ကာ အကြောသေနေသည့်လူနာများ၏ လှုပ်ရှားမှုလုပ်ဆောင်ချက် ပြန်လည်ရရှိရေးရန် ကူညီဆောင်ရွက်ပေးသည်။ ပေကျင်းမြို့ ထျန်းထန်ဆေးရုံမှ ရှီးဇန့်ဒေသအား အကူအညီပေးသည့် ဆေးကုသရေးအဖွဲ့သည် ၂၀၂၆ ခုနှစ်တွင် အဆိုပါနည်းပညာကို ရှီးဇန့်ဒေသသို့ ဆောင်ကြဉ်းလာခဲ့ရာ ဆီးနှင်းကုန်းပြင်မြင့်ဒေသမှ လူနာများအတွက် ပြန်လည်သန်စွမ်းရေး မျှော်လင့်ချက်များ ယူဆောင်လာခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
高原脑机接口临床应用中心在拉萨揭牌
新华社照片,拉萨,2026年7月9日
7月9日,高原脑机接口临床应用中心在拉萨市人民医院揭牌。脑机接口技术通过采集神经信号,基于人工智能解析运算与决策输出,将大脑神经信号转化为控制指令,实现大脑与外部设备的连接,帮助瘫痪患者恢复运动功能。北京天坛医院援藏医疗团队2026年将这一技术引入西藏,为雪域高原的患者带来康复希望。
图说1:7月9日,拉萨市人民医院高原脑机接口临床应用中心揭牌。新华社记者 晋美多吉 摄
图说2、3:7月9日,31岁的高位截瘫患者西热措姆在接受脑机接口技术神经康复治疗。新华社记者 晋美多吉 摄








