
တယ်လျင့်ဟား (ချင်းဟိုင်)၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)
ချိုင်တာမုချိုင့်ဝှမ်းတွင် တည်ရှိသော တရုတ်နိုင်ငံ ချင်းဟိုင်ပြည်နယ် ဟိုင်ရှီး မွန်ဂိုလူမျိုး ဇန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်ခွဲ တယ်လျင့်ဟားမြို့တွင် ကျယ်ပြန့်သော ဂိုဘီသဲကန္တာရ ပိုင်ဆိုင်ထားခြင်း၊ မြေမျက်နှာသွင်ပြင် ပြန့်ပြူးကျယ်ပြန့်ခြင်း၊ တစ်နှစ်လျှင် ပျမ်းမျှ နေရောင်ခြည် ၃,၀၀၀ နာရီကျော် ရရှိခြင်းတို့ကြောင့် စွမ်းအင်သစ်လုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလားအလာအလွန်ကြီးမားပေသည်။
ချင်းဟိုင်ပြည်နယ် ဟွာတျန့် တယ်လျင့်ဟား ၁ ဂစ်ဂါဝပ် နေရောင်ခြည်စွမ်းအင်သိုလှောင်မှုစီမံကိန်းနှင့် ၃ မဂ္ဂါဝပ် နေရောင်ခြည်စွမ်းအင်သုံး ဟိုက်ဒရိုဂျင်ထုတ်လုပ်မှုစီမံကိန်းသည် နေရောင်ခြည်စွမ်းအင်-ဟိုက်ဒရိုဂျင်-စွမ်းအင်သိုလှောင်မှု ပေါင်းစပ်ပုံစံကို အမှီပြုကာ စွမ်းအင်သစ်ဖြင့် လျှပ်စစ်ဓာတ်အားထုတ်လုပ်ရာတွင် ပြတ်တောင်းပြတ်တောင်းဖြစ်မှု၊ မတည်ငြိမ်မှု ပြဿနာများကို ဖြေရှင်းနိုင်ခဲ့ရာ ထိုဒေသ၏ ‘သဲကန္တာရ၊ ဂိုဘီနှင့် လွင်တီးခေါင်မြေ’ နေရာများတွင် အစိမ်းရောင်စွမ်းအင် အသွင်ကူးပြောင်းမှု ဖော်ဆောင်နိုင်ရန် ကူညီအားဖြည့်ပေးခဲ့သည်။ အဆိုပါ စီမံကိန်းသည် စုစုပေါင်း လျှပ်စစ်ဓာတ်အား ကီလိုဝပ်နာရီ ၄ ဘီလီယံ ထုတ်လုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ (Xinhua)
..........................
(Chinese Version)
美丽中国行·探访三江源丨青海:光储及光伏制氢项目助力“沙戈荒”地区绿色转型
新华社照片,德令哈(青海),2026年7月9日
地处柴达木盆地的青海省海西蒙古族藏族自治州德令哈市拥有广袤的戈壁荒漠,地形平坦开阔,年均日照时数超过3000小时,新能源产业发展潜力巨大。青海华电德令哈100万千瓦光储项目及3兆瓦光伏制氢项目依托光氢储一体化模式,破解新能源发电的间歇性和波动性问题,助力当地的“沙戈荒”地区实现绿色能源转型。据介绍,该项目已累计发电超40亿千瓦时。
图说1:这是7月8日在青海省海西蒙古族藏族自治州德令哈市的华电德令哈100万千瓦光储项目及3兆瓦光伏制氢项目基地内拍摄的光伏板(无人机照片)。新华社记者 王艳 摄
图说2:7月8日,在青海省海西蒙古族藏族自治州德令哈市的华电德令哈100万千瓦光储项目及3兆瓦光伏制氢项目基地内,工作人员对储能电站进行巡检。新华社记者 王艳 摄








