တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် တရုတ်-အမေရိကန် လေကြောင်းအမွေအနှစ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဂျက်ဖရီ ဂရင်း (ဝဲ) က စာသင်ကျောင်း၏ ကိုယ်စားလှယ်အား အထိမ်းအမှတ်မော်ကွန်းကျောက်ပြား လက်ဆောင်ပေးအပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ် ဝူဟန့်မြို့တွင် တရုတ်-အမေရိကန် လေကြောင်းအမွေအနှစ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဂျက်ဖရီ ဂရင်း (ဝဲ) က စာသင်ကျောင်း၏ ကိုယ်စားလှယ်အား အထိမ်းအမှတ်မော်ကွန်းကျောက်ပြား လက်ဆောင်ပေးအပ်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝူဟန့်၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အလယ်ပိုင်း ဟူပေပြည်နယ်တွင် ကျင်းပသော အခမ်းအနားတစ်ခုတွင် တရုတ်-အမေရိကန် လေကြောင်းအမွေအနှစ်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ ဂျက်ဖရီ ဂရင်းက ယင်းပြည်နယ်တွင် နာမည်အသစ်ပေးထားသော Flying Tigers ချစ်ကြည်ရေးကျောင်း ၆ ကျောင်းမှ ကိုယ်စားလှယ်များထံ အထိမ်းအမှတ်ဂျာကင်များ လက်ဆောင်ပေးအပ်ခဲ့ကာ နှစ်နိုင်ငံအကြား ၈၅ နှစ်ကြာ ချစ်ကြည်ရင်းနှီးမှု စာမျက်နှာသစ် ဖွင့်လှစ်လိုက်သည်။

"ဒီ B-15 ဂျာကင်တွေက ၁၉၄၄ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အတွင်း Flying Tigers ရဲ့ ၁၄ ကြိမ်မြောက် လေတပ်လေယာဉ်မှူးတွေ ဝတ်ဆင်ခဲ့တဲ့ B-15 flight jacket ဖြစ်ပါတယ်။ ဒီဂျာကင်ကို ဝတ်ဆင်လိုက်ခြင်းဟာ Flying Tigers မိသားစုဝင်ဖြစ်လာတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ မိသားစုဝင်အသစ်ကို ကြိုဆိုပါတယ်" ဟု ဂရင်း၏ ဇနီး ကက်သရင်း ဂရင်းက အဆိုပါ ဂျာကင်များ၏ အရေးပါမှုကို ရှင်းပြရာ၌ တရုတ်ဘာသာစကား ကျွမ်းကျင်ပိုင်နိုင်စွာ ပရိသတ်များအား ပြောကြားခဲ့သည်။

ဥက္ကဋ္ဌသည် Flying Tigers စစ်ပြန်များ၊ အမေရိကန်နိုင်ငံရှိ Flying Tigers ချစ်ကြည်ရေးကျောင်းများမှ ဆရာ၊ ဆရာမ၊ ကျောင်းသား၊ ကျောင်းသူများ အပါအဝင် လူဦးရေ ၁၀၀ နီးပါးပါဝင်သော ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်လျက် ကာလကြာရှည် ချစ်ကြည်ရင်းနှီးမှု အထိမ်းအမှတ် အခမ်းအနား တက်ရောက်ရန် တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန့်မြို့သို့ ရောက်ရှိလာခဲ့သည်။

ယခုနှစ်သည် ဂျပန်တပ်ဖွဲ့များ၏ ကျူးကျော်မှုကို တွန်းလှန်ရာ၌ တရုတ်နိုင်ငံအား ကူညီရန် အမေရိကန် ဗိုလ်ချုပ် Claire Lee Chennault က ၁၉၄၁ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော တရုတ်လေတပ်၏ အမေရိကန် စေတနာ့ဝန်ထမ်းအဖွဲ့ဟု တရားဝင်လူသိများသည့် Flying Tigers အဖွဲ့ တည်ထောင်ခြင်း ၈၅ နှစ်မြောက် နှစ်ပတ်လည်ဖြစ်သည်။

ယင်းစစ်ပွဲအတွင်း Flying Tigers အဖွဲ့ဝင် လေတပ်သား ၂,၀၀၀ ကျော် ကျဆုံးခဲ့သလို တရုတ်ပြည်သူများကလည်း မိမိကိုယ်ကိုယ်အနစ်နာခံလျက် ကူညီပေးခဲ့ကြပြီး အန္တရာယ်ကြုံတွေ့နေသော လေယာဉ်မှူး ၂၀၀ ကျော်အား ကယ်ဆယ်ရေးလုပ်ဆောင်ရာ၌ တရုတ်နိုင်ငံသား ထောင်နှင့်ချီ အသက်စတေးခဲ့ကြောင်း သိရသည်။

လူ့သမိုင်းကြောင်းတွင် ဝေးကွာလှသောနေရာမှ လာရောက်ကာ ၎င်းတို့နှင့်အတူ ပါဝင်တိုက်ခိုက်ပေးခဲ့သည့် ပြည်ပမှ သူစိမ်းများကို ကယ်ဆယ်ရန်နှင့် ကာကွယ်ရန် ယခုကဲ့သို့ ကြီးမားသော အန္တရာယ်ကို လုပ်ဆောင်လိုသည့် ပြည်သူများရှိသည့် နိုင်ငံမှာ ရာခိုင်နှုန်း အတော်ပင်ရှားရှားပါးပါးဖြစ်ကြောင်း ဂျက်ဖရီ ဂရင်းက ဆိုသည်။

အဆိုပါ ဖောင်ဒေးရှင်းက ၂၀၂၂ ခုနှစ်တွင် Flying Tigers ချစ်ကြည်ရေးကျောင်းနှင့် လူငယ်ခေါင်းဆောင်မှုကို ဗဟိုပြုသည့် အစီအစဉ်တစ်ရပ်ကို ကြေညာခဲ့ကာ တရုတ်-အမေရိကန် ပူးပေါင်းဆောင်ရွက်မှု သမိုင်းအမွေအနှစ်ကို ဆက်လက်သယ်ပိုးမည့်၊ စိန်ခေါ်မှုအသစ်များကို အတူတကွရင်ဆိုင်မည့် လူငယ်မျိုးဆက်သစ်များကို ဖိတ်ခေါ်လျက်ရှိသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260708/2de01623d4894b9e9275c3de92cb7cf5/c.html

……………………………………..

(English Version)

Feature: Flying Tiger bond continues to connect China, U.S. youth over eight decades

WUHAN, July 8 (Xinhua) -- At a ceremony held in central China's Hubei Province, Jeffrey Greene, chairman of the Sino-American Aviation Heritage Foundation, presented commemorative flight jackets to the representatives of six newly named Flying Tigers friendship schools in the province, marking a new chapter in an 85-year friendship between the two countries.

"This is the B-15 flight jacket worn by the Flying Tigers' 14th Air Force pilots from 1944 to 1945. Wearing this jacket means you become part of the Flying Tigers family. Welcome aboard," Katharine Greene, Greene's wife, told the audience in fluent Chinese as she explained the jackets' significance.

The chairman led a delegation of nearly 100 people, including descendants of Flying Tigers veterans as well as teachers and students from Flying Tigers friendship schools in the United States, to Wuhan, the provincial capital, for an event commemorating the long-standing friendship.

This year marks the 85th anniversary of the establishment of the Flying Tigers, officially known as the American Volunteer Group of the Chinese Air Force, which was formed in 1941 by U.S. General Claire Lee Chennault to help China in its fight against invading Japanese forces.

More than 2,000 Flying Tigers airmen lost their lives in the war, and the Chinese people, at great personal cost, came to their aid, rescuing more than 200 pilots in distress while thousands of Chinese sacrificed their lives during the rescue operations.

In human history, there is hardly any precedent where the people of a country are willing to take such a huge risk to rescue and protect foreign strangers who have come from afar to fight alongside them, said Jeffrey Greene.

In 2022, the foundation launched a program centered on Flying Tigers friendship school and youth leadership, calling on the younger generation to carry forward the historical legacy of China-U.S. cooperation and rise to new challenges together.

https://english.news.cn/20260708/2de01623d4894b9e9275c3de92cb7cf5/c.html

Photo: Jeffrey Greene (L), chairman of the Sino-American Aviation Heritage Foundation, presents a commemorative plaque to a school representative in Wuhan, central China's Hubei Province, July 3, 2026. (Photo by Li Liangyu/Xinhua)