အန်ကာရာ/မက်ဒရစ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က စပိန်သည် နေတိုးအဖွဲ့၏ “ဆိုးရွားသောမိတ်ဖက်” ဖြစ်သည်ဟု ပြစ်တင်ပြောကြားခဲ့ပြီး “စပိန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုအားလုံး ဖြတ်တောက်မည်” ဟု ဇူလိုင် ၈ ရက်က တူကီယဲနိုင်ငံ မြို့တော်အန်ကာရာတွင် ကျင်းပသည့် နေတိုး (NATO) ထိပ်သီးအစည်းအဝေး၌ ဆိုသည်။ စပိန်နိုင်ငံ အစိုးရကမူ စပိန်အနေဖြင့် “ဒီဆက်ဆံရေးကို ပြောင်းလဲဖို့ ဆန္ဒမရှိပါဘူး” ဟု တုံ့ပြန်ပြောကြားခဲ့သည်။
ထရမ့်က ထိုနေ့တွင် နေတိုး (NATO) အထွေထွေအတွင်းရေးမှူးချုပ် Mark Rutte နှင့် တွေ့ဆုံဆွေးနွေးစဉ် အထက်ပါအတိုင်း သဘောထား ထုတ်ပြန်ပြောကြားခဲ့ခြင်းဖြစ်သည်။ စပိန်၏ ကာကွယ်ရေးအသုံးစရိတ်သည် လုံလောက်မှုမရှိကြောင်း ၎င်းက ပြစ်တင်ခဲ့သလို စပိန်အနေဖြင့် အမေရိကန်က အီရန်အား တိုက်ခိုက်မှုအပေါ် ထောက်ခံပံ့ပိုးမှုမရှိကြောင်း၊ နေတိုး (NATO) ကိစ္စရပ်များတွင်လည်း “ပါဝင်မှုမရှိ၊ ငွေပေးချေမှုမရှိ” ဟုလည်း ဝေဖန်ခဲ့သည်။ ၎င်းအနေဖြင့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Scott Bessent ကို စပိန်နှင့် ကုန်သွယ်ရေးဆက်ဆံမှုအားလုံး ဖြတ်တောက်ရန် ညွှန်ကြားထားပြီးဖြစ်ကြောင်းလည်း ဆိုခဲ့သည်။
စပိန်အသံလွှင့်ရုပ်မြင်သံကြားဌာန RTVE စသည့် မီဒီယာများကလည်း စပိန်နိုင်ငံ ဝန်ကြီးချုပ်အိမ်တော် လာမွန်ကလိုအာနန်းတော်၏ သတင်းကို ကိုးကား၍ စပိန်နိုင်ငံအစိုးရအနေဖြင့် ထရမ့်၏ အထက်ပါပြောကြားချက်အပေါ် “တည်ငြိမ်စွာရှုမြင်” ကြောင်း၊ စပိန်-အမေရိကန် ဆက်ဆံရေးသည် ကောင်းမွန်ကြောင်း၊ စပိန်ဘက်အနေဖြင့် “ထိုဆက်ဆံရေးကို ပြောင်းလဲရန် ဆန္ဒမရှိ” ကြောင်း သတင်းဖော်ပြခဲ့သည်။
ဥရောပကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် Olof Gill သည် ဥရောပကော်မရှင်အနေဖြင့် ဥရောပသမဂ္ဂနှင့် ၎င်းအဖွဲ့ဝင်နိုင်ငံများ၏ အကျိုးစီးပွားကို အစဉ်အမြဲ အပြည့်အဝအာမခံပေးမည်ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် အမေရိကန်-ဥရောပ ကုန်သွယ်ရေး သဘောတူညီချက်ပါ ကတိကဝတ်များကို လိုက်နာစောင့်ထိန်းမည်ဟု မျှော်လင့်ကြောင်း ထိုနေ့ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မီဒီယာများကို ပြောကြားခဲ့သည်။
ထရမ့်သည် စပိန်အနေဖြင့် စစ်ရေးအသုံးစရိတ်ကို GDP ၏ ၅ ရာခိုင်နှုန်းအထိ မြင့်တင်ခြင်း ဟူသော နေတိုး၏ ရည်မှန်းချက်အား သဘောမတူမှုအပေါ် ဝေဖန်ပြောကြားခဲ့ဖူးပြီး ယခုအကြိမ် အမေရိကန်က အီရန်ကို တိုက်ခိုက်သည့် စစ်ရေးလှုပ်ရှားမှုအတွင်း စပိန်က ၎င်း၏စစ်ရေးစခန်းကို အမေရိကန် အသုံးပြုခြင်းအား ငြင်းပယ်ခဲ့သည့်အတွက် “ချစ်ကြည်ရင်းနှီးမှု သဘောထားမရှိ ” ဟုလည်း ဆိုခဲ့သည်။
ထိုမတိုင်မီ စပိန်နိုင်ငံ ဝန်ကြီးချုပ်အိမ်တော်က စပိန်အနေဖြင့် နေတိုး (NATO) နှင့် သဘောတူညီချက် ရရှိထားပြီးဖြစ်ရာ GDP ၏ အရင်းအနှီး ၂.၁ ရာခိုင်နှုန်းကို ကာကွယ်ရေးကဏ္ဍအတွက် အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
…………..
(Chinese Version)
特朗普称要切断与西班牙贸易往来
新华社安卡拉/马德里7月8日电(记者张兆卿 王腾飞)美国总统特朗普8日在土耳其首都安卡拉举行的北约峰会上指责西班牙是北约“糟糕的伙伴”,称要“切断与西班牙一切贸易往来”。西班牙政府回应说,西班牙“无意改变这一关系”。
特朗普当天在会见北约秘书长吕特时作出上述表态。他指责西班牙国防开支不足,批评西班牙未支持美国打击伊朗,在北约事务中“不参与、不付钱”,并称他已指示美国财政部长贝森特中断与西班牙的一切贸易往来。
西班牙广播电视公司等媒体援引西班牙首相府蒙克洛亚宫消息报道,西班牙政府对特朗普上述言论“平静看待”,表示西美关系良好,西班牙方面“无意改变这一关系”。
欧盟委员会发言人奥洛夫·吉尔当天在例行记者会上对媒体表示,欧盟委员会将始终充分保障欧盟及其所有成员国的利益,并期待美国信守美欧贸易协议项下承诺。
特朗普曾批评西班牙不同意将军费增至国内生产总值5%的北约目标,而且在此次美国打击伊朗的军事行动中,西班牙拒绝美国使用其军事基地,“态度不友好”。西班牙首相府此前表示,西班牙已与北约达成协议,将把国内生产总值2.1%的资金用于国防领域。(完)








