တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ယန်ကျိုးမြို့ရှိ မဟာတူးမြောင်း၏ ညဘက်မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဇွန် ၁၄ ရက်က ဝေဟင်မှရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ကျန်းဆူးပြည်နယ် ယန်ကျိုးမြို့ရှိ မဟာတူးမြောင်း၏ ညဘက်မြင်ကွင်းအား ၂၀၂၃ ခုနှစ် ဇွန် ၁၄ ရက်က ဝေဟင်မှရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

ရီယတ်၊ ဇူလိုင် ၁၀ ရက် (ဆင်ဟွာ)

ရေရှည်စီမံကိန်း၊ လက်တွေ့အကောင်အထည်ဖော်မှု၊ ဖြစ်ပေါ်ပြောင်းလဲနေသော ပကတိအခြေအနေများနှင့် စဉ်ဆက်မပြတ် လိုက်လျောညီထွေ ချိန်ညှိမှုတို့ကို ပေါင်းစပ်ထားသည့် ဘက်စုံချဉ်းကပ်နည်းအပေါ် အခြေခံသော တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အရေးပါသည့် စေ့ဆော်အားပေးမှုကို ပေးစွမ်းလျက်ရှိသည်ဟု ဆော်ဒီနိုင်ငံမှ ကျွမ်းကျင်ပညာရှင်တစ်ဦးက ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် "သမိုင်းဆိုင်ရာ တိုက်ဆိုင်မှုမျှသာ" မဟုတ်ဘဲ တရုတ်ကွန်မြူနစ်ပါတီ၏ ဦးဆောင်မှုအောက်တွင် ကာလရှည် ကြိုးပမ်းအားထုတ်မှုနှင့် နက်ရှိုင်းသော ဖွံ့ဖြိုးတိုးတက်မှု အတွေ့အကြုံတို့၏ ရလဒ်သာဖြစ်သည်ဟု ဆော်ဒီအာရေဗျနိုင်ငံရှိ သုတေသနနှင့် အပြန်အလှန်ဆက်သွယ်ရေးပညာရပ်ဆိုင်ရာ စင်တာ၏ စီးပွားရေးသုတေသနဌာန အကြီးအကဲ မိုဟာမက် အယ်လ်-ဆာဒစ်က ဆိုသည်။

တရုတ်နိုင်ငံ၏ အတွေ့အကြုံမှာ ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် အထူးအရေးပါနေသည့် အကြောင်းရင်းမှာ ထိုအတွေ့အကြုံက ဖြစ်နိုင်ခြေရှိသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းများနှင့် စပ်လျဉ်း၍ ၎င်းတို့၏ အတွေးအမြင်ကို ပိုမိုကျယ်ပြန့်စေသည့်အတွက် စီးပွားရေးတိုးတက်မှုအား အနောက်တိုင်း စံနမူနာဖြင့်သာ ကာလကြာမြင့်စွာ ချိတ်ဆက်ပြောဆိုခဲ့သည့် အနောက်နိုင်ငံများ၏ ပုံရိပ်ဖော်ညွှန်းမှုအပေါ် အလုံးစုံမှီခိုနေရခြင်းကို ရှောင်လွှဲနိုင်မည်ဟု မကြာသေးမီက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူး၌ ၎င်းက ထည့်သွင်းပြောဆိုခဲ့သည်။

"တရုတ်နိုင်ငံရဲ့ အတွေ့အကြုံက ယဉ်ကျေးမှု၊ စီမံအုပ်ချုပ်ရေးနဲ့ စီးပွားရေးဆိုင်ရာ လမ်းကြောင်းသစ်နဲ့အတူ ကမ္ဘာကြီးကို စေ့ဆော်အားပေးခဲ့တယ်" ဟု ၎င်းက ပြောကြားခဲ့ကာ အခြားနိုင်ငံများက တရုတ်နိုင်ငံ၏ စံနမူနာကို အတုယူသင့်သည်ဟု အဆိုပါအတွေ့အကြုံက ဆိုလိုခြင်းမဟုတ်ဘဲ နိုင်ငံအသီးသီးအနေဖြင့် ယင်းတို့၏ သမိုင်း၊ လူမှုရေးစနစ်နှင့် အဖွဲ့အစည်းဆိုင်ရာ အခြေအနေများနှင့် ကိုက်ညီသော လမ်းကြောင်းကို ရှာဖွေရန် အခွင့်အရေးရှိသည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း ဆက်လက်ပြောကြားသည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://english.news.cn/20260701/2b8f10916b8743ffa52a66bb3d28f2b8/c.html

..........................................................................

(English Version)

China's development offers valuable inspiration for developing countries, says Saudi expert

RIYADH, July 1 (Xinhua) -- China's development, which is based on an integrated approach that combines long-term planning, practical implementation and continuous adaptation to evolving realities, offers valuable inspiration for developing countries, said a Saudi expert.

China's development was not "a mere historical coincidence," but rather the result of long-term efforts and a profound development experience under the leadership of the Communist Party of China, said Mohammed Al-Sadiq, head of the economic research department at the Center for Research and Intercommunication Knowledge in Saudi Arabia.

What makes the Chinese experience particularly important for developing countries is that it broadens their thinking about possible development paths, moving away from complete dependence on the Western narrative that has long linked economic progress solely to the Western model, he said in a recent interview with Xinhua.

"The Chinese experience has inspired the world with a new cultural, administrative and economic path," he said, noting that this experience does not mean other countries should copy the Chinese model, but rather that every country has the right to seek a path suited to its historical, social and institutional conditions.

https://english.news.cn/20260701/2b8f10916b8743ffa52a66bb3d28f2b8/c.html

English Caption

This aerial photo taken on June 14, 2023 shows a night view of the Grand Canal in Yangzhou, east China's Jiangsu Province. (Xinhua/Yang Lei)