ပင်လယ်ပြင် ပြန်လည်သိမ်းဆည်းရေးပလက်ဖောင်းတွင် ပိုက်ကွန်စနစ်ဖြင့် Long March-10B သယ်ဆောင်ရေးဒုံးပျံ ပထမအဆင့်အား အောင်မြင်စွာ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ပင်လယ်ပြင် ပြန်လည်သိမ်းဆည်းရေးပလက်ဖောင်းတွင် ပိုက်ကွန်စနစ်ဖြင့် Long March-10B သယ်ဆောင်ရေးဒုံးပျံ ပထမအဆင့်အား အောင်မြင်စွာ ပြန်လည်သိမ်းဆည်းနိုင်ခဲ့သည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝန်ချန်း (ဟိုင်နန်)၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် Long March-10B သယ်ဆောင်ရေးဒုံးပျံကို ဇူလိုင် ၁၀ ရက်တွင် ဟိုင်နန် စီးပွားဖြစ် အာကာသယာဉ် လွှတ်တင်ရေးစခန်းမှ လွှတ်တင်ခဲ့ပြီး ယင်းဂြိုဟ်တုကို သတ်မှတ်ဂြိုဟ်ပတ်လမ်းထဲသို့ အောင်မြင်စွာ ပို့ဆောင်နိုင်ခဲ့သည်။ ဒုံးပျံ ပထမအဆင့်ကို အောင်မြင်စွာ ပြန်လည်သိမ်းဆည်းနိုင်ခဲ့ပြီး လွှတ်တင်ရေးလုပ်ငန်း အပြည့်အဝ အောင်မြင်မှုရရှိခဲ့သည်။

ယခုအကြိမ် မစ်ရှင်သည် တရုတ်နိုင်ငံက သယ်ဆောင်ရေးဒုံးပျံ ပထမအဆင့်အား ထိန်းချုပ်၍ပြန်လည်သိမ်းဆည်းမှုကို ပထမအကြိမ်အဖြစ် အောင်မြင်စွာ လုပ်ဆောင်ခြင်းဖြစ်သလို ကမ္ဘာပေါ်တွင်လည်း ပထမဆုံးအကြိမ်အဖြစ် သယ်ဆောင်ရေးဒုံးပျံအား ပင်လယ်ပြင်တွင် ပိုက်ကွန်စနစ်ဖြင့် ပြန်လည်သိမ်းဆည်းနိုင်ခြင်း ဖြစ်သည်။ (Xinhua)

...............................

(Chinese Version)

长征十号乙首飞成功 我国运载火箭首次实现可控回收

新华社照片,文昌(海南),2026年7月10日

7月10日,长征十号乙运载火箭在海南商业航天发射场发射升空,成功将卫星送入预定轨道,火箭一子级成功回收,任务取得圆满成功。

此次任务是我国首次成功实施运载火箭一子级可控回收,也是全球首次实现运载火箭海上网系回收。

图说1:这是海上回收平台通过网系捕获方式成功回收长征十号乙运载火箭一子级(无人机照片)。 新华社记者 邢广利 摄

图说2:7月10日,长征十号乙运载火箭在海南商业航天发射场发射升空。新华社记者 杨冠宇 摄