ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမရှေ့တွင် ပြည်သူများက ဆိုင်းဘုတ်များကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမရှေ့တွင် ပြည်သူများက ဆိုင်းဘုတ်များကိုင်ဆောင်ကာ စုဝေးဆန္ဒပြနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


တိုကျို၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

ဂျပန်ပြည်သူလုထုအမြောက်အမြားသည် ဂျပန်နိုင်ငံ တိုကျိုမြို့ရှိ လွှတ်တော်အစည်းအဝေးခန်းမရှေ့တွင် ကန့်ကွက်ဆန္ဒပြရန် လူထုစုဝေးပွဲ ကျင်းပကာ ဆာနာအဲတာကာအိချိ အစိုးရ လတ်တလော တွန်းအားပေးလျက်ရှိသော အန္တရာယ်များသည့် မူဝါဒများနှင့် ဥပဒေကြမ်းများကို ကန့်ကွက်ခဲ့ကြသည်။

အစီအစဉ် ကြီးမှူးကျင်းပသူ၏ ထုတ်ပြန်သော အချက်အလက်များအရ ထိုနေ့ ညပိုင်းတွင် လူပေါင်း ၂၇,၀၀၀ ခန့် လာရောက် ဆန္ဒပြခဲ့ပြီး အခြား လူပေါင်း ၁၁၀,၀၀၀ ခန့်မှာ အွန်လိုင်းမှ ပါဝင်ဆန္ဒပြခဲ့ကြောင်း သိရသည်။ ဆန္ဒပြသူများသည် လွှတ်တော်အစည်းအဝေးခန်းမအနီးဝန်းကျင်ရှိ လူသွားလမ်းများတွင် ကီလိုမီတာအနည်းငယ်ခန့် ရှည်လျားသော လူတန်းကြီးအဖြစ် စီတန်းကာ “တာကာအိချိကို ထင်သလိုသောင်းကျန်းခွင့် မပြု”၊ “ဂျပန်နိုင်ငံအနေနဲ့ အင်အားအသုံးပြုမှုကို အပြီးအပိုင် စွန့်လွှတ်ရမည်” စသည့် ဆောင်ပုဒ်များကို ကြွေးကြော်ခဲ့ကြပြီး ဂျပန်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉ ကို စုပေါင်းရွတ်ဆိုကာ ဝန်ကြီးချုပ် ဆာနာအဲတာကာအိချိ၏ လူထုသဘောထားကို လျစ်လျူရှုမှုနှင့် စစ်ပွဲအန္တရာယ်ရှိသည်ဟု ယူဆရသော မူဝါဒများစွာကို အတင်းအဓမ္မ မြှင့်တင်ဖော်ဆောင်မှုကို ဆန့်ကျင်ခဲ့ကြသည်။

လာရောက် ဆန္ဒပြသူ Noriko Kanamori က သတင်းထောက်၏ မေးမြန်းမှုကို လက်ခံဖြေကြားရာတွင် တာကာအိချိအစိုးရ၏ လက်ရှိ အစီအမံများစွာသည် စစ်ပွဲအတွက် အသင့်ပြင်ဆင်နေမှုဖြစ်သော်လည်း တာကာအိချိကိုယ်တိုင်ကမူ “လက်ရှိဂျပန်တွင် စစ်ပွဲဖြစ်ပွားနေခြင်း မရှိ” ဟူ၍ ပြည်သူ၏ သံသယများကို ပေါ့ပျက်ပျက် တုံ့ပြန်ခြင်းသည် ဒေါသထွက်စရာ ကောင်းကြောင်း၊ ဂျပန်နိုင်ငံသည် လက်ရှိတွင် ရေနံအကျပ်အတည်းကြောင့် လူနေမှုဘဝ အလွန်ခက်ခဲနေပြီး အစိုးရသည် ကိစ္စရပ်များကို တက်ကြွစွာ မဖြေရှင်းဘဲ “အမျိုးသားထောက်လှမ်းရေးအေဂျင်စီ” ကဲ့သို့သော အဖွဲ့အစည်း တည်ထောင်ရန် အာရုံစိုက်နေကြောင်း ပြောကြားခဲ့သည်။

အခြား ဆန္ဒပြသူတစ်ဦးဖြစ်သော Kanamori က လက်ရှိဂျပန်အစိုးရသည် ပြည်သူ့ဆန္ဒကို လုံးဝ ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ကိစ္စရပ်အားလုံးနီးပါးကို ထင်ရာစိုင်းလုပ်ဆောင်နေကြောင်း၊ “သူတို့လုပ်သမျှအရာအားလုံးက ဂျပန်နိုင်ငံကို စစ်ပွဲဆီ တစ်လှမ်းချင်း တွန်းပို့နေတာဖြစ်တယ်” ဟု သတင်းထောက်ထံ ပြောကြားခဲ့သည်။

ယခုနှစ် ဖေဖော်ဝါရီလတွင် အောက်လွှတ်တော် ရွေးကောက်ပွဲကျင်းပစဉ်မှစ၍ ဂျပန် အာဏာရပါတီသည် အောက်လွှတ်တော်ရှိ လွှတ်တော်အမတ်နေရာ အားသာချက်ဖြင့် အတိုက်အခံပါတီနှင့် လူမှုအသိုင်းအဝိုင်း နယ်ပယ်အသီးသီး၏ ကန့်ကွက်မှုကို မထောက်ဘဲ “အမျိုးသားထောက်လှမ်းရေးအေဂျင်စီ” တည်ထောင်ရန် ဥပဒေမူကြမ်းစသည့်တို့ကို အတင်းအကျပ် တွန်းအားပေးခဲ့သည်။ ထို့အပြင် ဇွန်လတွင် ၎င်းအဆိုပြုသော ယခုနှစ်အတွင်း “လုံခြုံရေးဆိုင်ရာ စာတမ်း ၃ ရပ်” အား ပြင်ဆင်ရေးနှင့်စပ်လျဉ်း၍ အကြံပြုချက်တွင် ကာကွယ်ရေးဘတ်ဂျက်ကို တစ်ဆင့်တိုး မြှင့်တင်ရန် တောင်းဆိုထားပြီး “ကာကွယ်ရေးအင်အား” ဆိုသည်ကို အားဖြည့်ရန် လမ်းခင်းခဲ့သည်။ အထက်ဖော်ပြပါ ဦးတည်ချက်များသည် ဂျပန်နိုင်ငံအား စစ်ရေးတိုးချဲ့မှုလမ်းစဉ်သို့ တစ်ဆင့်တိုး တွန်းအားပေးနေပြီး ယင်းကြောင့် အပြင်းအထန် စိုးရိမ်မှုများဖြစ်ရကြောင်း ဂျပန်လူထုသဘောထားက ယူဆကြသည်။ (Xinhua)

…………………………………………….

(Chinese Version)

近14万日本民众抗议高市政府危险政策

新华社东京7月10日电(记者李子越 杨智翔)大量日本民众10日晚在位于东京的国会议事堂前举行抗议集会,反对高市早苗政府近期推动的一系列危险政策和法案。  

根据活动主办方公布的数据,当晚约有2.7万人赴现场抗议,另有约11万人线上参与。抗议民众沿国会议事堂周边人行道排起数公里长队,高呼“不许高市胡作非为”“日本要永久放弃武力”等口号,并集体宣读日本宪法第九条,反对首相高市早苗无视民意,强行推进一系列被认为具有战争风险的政策。  

现场抗议者金森典子在接受记者采访时说,高市政府目前的一系列举措就是在为战争做准备,而高市本人却以“日本当前并未发生战争”敷衍回应民众质疑,这令人感到愤怒。她说,日本当前正因石油危机民不聊生,政府不积极应对,反而将精力放在设立“国家情报会议”这种机构上。  

另一位抗议者细井向记者表示,当前日本政府几乎一切事务都独断专行,根本未考虑国民意愿,“他们所做的一切,都在一步步把日本推向战争”。

自今年2月众议院选举以来,日本执政党凭借在众议院的议席优势,不顾在野党和社会各界反对,强行推进“国家情报会议”设立法案等。此外,在其6月提出的关于年内修订“安保三文件”的建议案中,还要求进一步增加防卫预算,为强化所谓“防卫力量”铺路。日本舆论认为上述动向将进一步推动日本走向军事扩张,因而对此抱有强烈担忧。(完)

图说:7月10日,在位于日本东京的国会议事堂前,民众手持标语参加抗议集会。新华社记者 岳晨星 摄