
ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော် သမ္မတ ရှီကျင့်ဖိန်နှင့် ကိုရီးယားအလုပ်သမားပါတီ (WPK) ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ မြောက်ကိုရီးယား နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းတို့သည် ဇူလိုင် ၁၁ ရက်က “တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အထောက်အကူပေးရေး သဘောတူစာချုပ်” ချုပ်ဆိုခြင်း ၆၅ နှစ်မြောက် ဂုဏ်ပြုသဝဏ်လွှာအား အပြန်အလှန်ပေးပို့ခဲ့ကြသည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က ၁၉၆၁ ခုနှစ်တွင် တရုတ်-မြောက်ကိုရီးယား ရှေးယခင်အကြီးအကဲများက “တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အထောက်အကူပေးရေး သဘောတူစာချုပ်” ကို လက်မှတ်ရေးထိုး ချုပ်ဆိုပြီး နှစ်နိုင်ငံပြည်သူများ၏ အသက်သွေးချွေးဖြင့် စုစည်းထားသော တိုက်ပွဲဝင်ချစ်ကြည်ရေး ခိုင်မာမြဲမြံစေရန်အတွက် အရေးကြီးသည့် နိုင်ငံရေးနှင့် ဥပဒေရေးရာ အခြေခံအုတ်မြစ်ချပေးခဲ့ရာ တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး၊ ဒေသတွင်းသာမက ကမ္ဘာကြီး တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ထိန်းသိမ်းရန်အတွက် အရေးကြီးသည့်အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြကြောင်း၊ ၆၅ နှစ်ကြာကာလတွင် နှစ်ဖက်သည် သဘောတူစာချုပ်စိတ်ဓာတ်ကို လက်ကိုင်ထားပြီး အပြန်အလှန်အထောက်အကူပေးခြင်း၊ စည်းလုံးညီညွတ်စွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ပခုံးချင်းယှဉ် တိုက်ပွဲဝင်ကြခြင်း တို့လုပ်ဆောင်ခဲ့ရာ တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး ခေတ်အဆက်ဆက်ချစ်ကြည်ရင်းနှီးခြင်း၊ အေးအတူ ပူအမျှ ယှဉ်တွဲနေထိုင်ခြင်း၊ အပြန်အလှန်ဖေးမကူညီခြင်း ဟူသော ထင်ရှားသည့် ဝိသေသလက္ခဏာများကို ပီပြင်စွာ လှစ်ဟပြသလိုက်ခြင်း ဖြစ်ကြောင်း ထောက်ပြ ပြောကြားခဲ့သည်။
ယခုနှစ် ဇွန်လတွင် မိမိအနေဖြင့် မြောက်ကိုရီးယားနိုင်ငံသို့ နိုင်ငံတော်ခရီးစဉ် အောင်မြင်စွာ သွားရောက်ပြီး ရဲဘော်အထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ တရုတ်-မြောက်ကိုရီးယား အစဉ်အလာချစ်ကြည်ရေး ဆက်ခံမှု ခိုင်မာစေရေးနှင့် ခေတ်သစ်အနှစ်သာရ ဖြည့်တင်းရေးနှင့်စပ်လျဉ်း၍ အရေးကြီးသဘောတူညီချက်ရရှိခဲ့ရာ ခေတ်သစ် တရုတ်-မြောက်ကိုရီးယား ဆက်ဆံရေး တိုးတက်ဖွံ့ဖြိုးစေရန်အတွက် မဟာဗျူဟာလမ်းညွှန်မှုနှင့် အနာဂတ်အစီအစဉ်ကို ရေးဆွဲခဲ့ကြောင်း၊ ကမ္ဘာ့ရာစုနှစ်အပြောင်းအလဲများ အရှိန်အဟုန်မြင့်ဆင့်ကဲဖြစ်ပေါ်နေသည်ကို ရင်ဆိုင်ရာတွင် မိမိအနေဖြင့် ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ မဟာဗျူဟာညှိနှိုင်းဆွေးနွေးမှုများ တစ်ဆင့်တိုးလုပ်ဆောင်ပြီး နှစ်နိုင်ငံဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်မှုဦးတည်ချက်ကို အခိုင်အမာပဲ့ကိုင်ကာ နှစ်ဖက် ချစ်ကြည်ရင်းနှီးရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးကို ဦးဆောင်ကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်သော အကျိုးကို ဆောင်ကြဉ်းရန်၊ ဒေသတွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ရန်အတွက် တက်ကြွစွာ အကျိုးဆောင်ရန် ဆောင်ရွက်သွားလိုကြောင်း ရှီကျင့်ဖိန်က အလေးထား ပြောကြားခဲ့သည်။
နိုင်ငံတကာအခြေအနေမည်သို့ပင် ပြောင်းလဲစေကာမူ တရုတ်နိုင်ငံ၏ ပါတီနှင့် အစိုးရက တရုတ်-မြောက်ကိုရီးယား အစဉ်အလာချစ်ကြည်ရေးကို အထူးအလေးထားသည့် ခိုင်မာသော ရပ်တည်ချက်မှာ ပြောင်းလဲမည်မဟုတ်သလို ရဲဘော်အထွေထွေအတွင်းရေးမှူးချုပ် ကင်ဂျုံအန်း ဦးဆောင်သော မြောက်ကိုရီးယား ဆိုရှယ်လစ်ဝါဒလုပ်ငန်းအပေါ် ခိုင်မာသောထောက်ခံအားပေးမှုမှာ ပြောင်းလဲမည်မဟုတ်သည့်အပြင် တရုတ်-မြောက်ကိုရီးယား နှစ်ဖက်ဘုံအကျိုးစီးပွားနှင့် ကောင်းမွန်သော မဟာဗျူဟာမြောက်ပတ်ဝန်းကျင်ကို ကာကွယ်ထိန်းသိမ်းသည့် ခိုင်မာသောဆုံးဖြတ်ချက်မှာ ပြောင်းလဲမည်မဟုတ်သည်ကို မိမိအနေဖြင့် ထပ်လောင်းပြောကြားလိုကြောင်း ရှီကျင့်ဖိန်က ဆိုသည်။
ရဲဘော်အထွေထွေအတွင်းရေးမှူးချုပ် ခေါင်းဆောင်သည့် ကိုရီးယားအလုပ်သမားပါတီ (WPK) ၏ ဦးဆောင်မှုအောက်တွင် မြောက်ကိုရီးယားပြည်သူများသည် ကိုရီးယားအလုပ်သမားပါတီ (WPK) ၏ ဆုံးဖြတ်ချက်မူဝါဒကြီး ၉ ရပ် ဖြန့်ကြက်မှုကို မုချမသွေ ဘက်စုံအကောင်အထည်ဖော်ဆောင်ကာ ဆိုရှယ်လစ်ဝါဒတည်ဆောက်ရေးလုပ်ငန်းတွင် ပို၍ကြီးမားသောအောင်မြင်မှုအသစ်များ စဉ်ဆက်မပြတ် ရရှိမည်ဟု ယုံကြည်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကင်ဂျုံအန်းက လွန်ခဲ့သည့် ၆၅ နှစ်က နှစ်ဖက်အနေဖြင့် “တရုတ်-မြောက်ကိုရီးယား ချစ်ကြည်ရေး၊ ပူးပေါင်းဆောင်ရွက်ရေးနှင့် အပြန်အလှန် အထောက်အကူပေးရေး သဘောတူစာချုပ်” ကို လက်မှတ်ရေးထိုး ချုပ်ဆိုခဲ့ကြရာ နယ်ချဲ့ဝါဒ ဆန့်ကျင်၍ ကိုယ်ပိုင်ရပ်တည်ရေး၊ ငြိမ်းချမ်းရေးနှင့် ဆိုရှယ်လစ်ဝါဒ ကြီးမားသည့်လုပ်ငန်း ဖော်ဆောင်ရေးအတွက် အသက်သွေးချွေးစတေး၍တိုက်ပွဲဝင်ရာတွင် စုစည်းခဲ့ကြသည့် မြောက်ကိုရီးယား-တရုတ် တိုက်ပွဲဝင်ချစ်ကြည်ရေးနှင့် စည်းလုံးညီညွတ်စွာ အပြန်အလှန်အထောက်အကူပြု၍ ပူးပေါင်းဆောင်ရွက်ကြသည့် ဆက်ဆံရေး ဆက်လက်တိုးတက်စေရန်အတွက် ခိုင်မာမြဲမြံသော ဥပဒေရေးရာ အခြေခံအုတ်မြစ်ကို ချမှတ်ခဲ့ကြကြောင်း ပြောကြားခဲ့သည်။
လွန်ခဲ့သည့်ကာလတစ်ခုတွင် မြောက်ကိုရီးယား-တရုတ် နှစ်နိုင်ငံအနေဖြင့် သမိုင်း၏လေဒဏ်မိုးဒဏ်များကို ဖြတ်သန်းခဲ့ကြရာတွင် အစဉ်သဖြင့် အပြန်အလှန် အခိုင်အမာ အထောက်အကူပေး၍ အနီးကပ်ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း၊ ယင်းမှာ အစဉ်အလာချစ်ကြည်ရေးကြောင့် တစ်မူထူးခြားမှု၊ တူညီသော ဆိုရှယ်လစ်ဝါဒ ကြီးမားသည့်လုပ်ငန်းကြောင့် တစ်မူထူးခြားမှု၊ မယိမ်းမယိုင် ခိုင်မာမြဲမြံသော ဆက်ခံမှုကြောင့် တစ်မူထူးခြားမှု ရှိသည့် မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေး၏ ထာဝရမမှေးမှိန်ဘဲ ဖျောက်ဖျက်မရအောင် ခိုင်မာမြဲမြံမှုရှိသည်ကို ကမ္ဘာတစ်ဝန်းအား အပြည့်အဝ ထင်ရှားစွာ ပြသခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကင်ဂျုံအန်းက မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးသည် နှစ်ပါတီနှင့် နှစ်နိုင်ငံ ပြည်သူများ၏ မဟာဗျူဟာမြောက် ရွေးချယ်မှုနှင့် ဘုံအဖိုးတန်ပိုင်ဆိုင်မှုဖြစ်ရာ မြင့်မားသောမဟာဗျူဟာသစ်တွင် အရှိန်မြင့်မား၍ တိုးတက်လျက်ရှိကြောင်း၊ ထို့အပြင် ရှုပ်ထွေးပြောင်းလဲနေသည့် နိုင်ငံတကာအခြေအနေတွင် နှစ်နိုင်ငံ၏ အချုပ်အခြာအာဏာ၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအကျိုးစီးပွားကို ကာကွယ်ထိန်းသိမ်းရန်အတွက်လည်းကောင်း၊ ဒေသတွင်းသာမက ကမ္ဘာကြီး၏ တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ရန်အတွက်လည်းကောင်း အရေးကြီးသော အကျိုးအား ဆောင်ကြဉ်းခဲ့ကြောင်း ပြောကြားခဲ့သည်။
ဆိုရှယ်လစ်ဝါဒကို ဗဟိုပြုသည့် မြောက်ကိုရီးယား-တရုတ် အစဉ်အလာ ချစ်ကြည်ရင်းနှီးမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးကို ခေတ်ကာလအပြောင်းအလဲ၊ နှစ်နိုင်ငံပြည်သူများ၏သောဆန္ဒနှင့်လျော်ညီအောင် တွန်းအားပေးခြင်းနှင့် ကဏ္ဍအသီးသီးတွင် ပိုမိုတက်ကြွစွာ တိုးတက်အောင် ဆောင်ရွက်ခြင်းမှာ မြောက်ကိုရီးယားနိုင်ငံ၏ ပါတီနှင့် အစိုးရ၏ မပြောင်းမလဲ ခိုင်မာသော ရပ်တည်ချက်ဖြစ်ကြောင်း၊ မိမိအနေဖြင့် ရဲဘော် အထွေထွေအတွင်းရေးမှူးချုပ်နှင့်အတူ သမိုင်းကာလရှည်ကြာ၍ ထူးချွန်ကောင်းမွန်သော အစဉ်အလာကို အခြေခံသည့် မြောက်ကိုရီးယား-တရုတ် ချစ်ကြည်ရေး မြင့်မားသောအဆင့်သစ်သို့ တက်လှမ်းစေရန် ဦးဆောင်သွားလိုကြောင်း၊ အင်အားတောင့်တင်းခိုင်မာမှု အရှိဆုံးနှင့် မဟာဗျူဟာမြောက် ပြည့်ဝမှုအရှိဆုံးသော ဆိုရှယ်လစ်ဝါဒနိုင်ငံချင်း ဆက်ဆံရေး၏ စံနမူနာအဖြစ် ဆောင်ရွက်သွားလိုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
习近平同朝鲜劳动党总书记、国务委员会委员长金正恩就《中朝友好合作互助条约》签订65周年互致贺电
新华社北京7月11日电 7月11日,中共中央总书记、国家主席习近平同朝鲜劳动党总书记、国务委员会委员长金正恩就《中朝友好合作互助条约》签订65周年互致贺电。
习近平指出,1961年,中朝两国老一辈领导人签订《中朝友好合作互助条约》,为巩固两国人民用鲜血凝成的战斗友谊奠定了重要政治法律基础,对传承弘扬中朝友好、维护地区乃至世界和平稳定发挥了重要作用。65年来,双方秉持条约精神,相互支持、团结协作、并肩奋斗,生动诠释了中朝关系世代友好、命运与共、守望相助的鲜明特征。
习近平强调,今年6月,我成功对朝鲜进行国事访问,同总书记同志就巩固传承中朝传统友谊并注入新的时代内涵达成重要共识,为新时期中朝关系发展作出战略指引、擘画新的蓝图。面对加速演进的世界百年变局,我愿同总书记同志进一步密切战略沟通,把牢两国关系发展方向,引领双方友好合作更好造福两国人民,为促进地区和平与发展作出积极贡献。
习近平指出,我愿重申,无论国际形势如何变化,中国党和政府高度重视中朝传统友好的坚定立场不会改变,对金正恩总书记同志领导朝鲜社会主义事业的坚定支持不会改变,维护中朝双方共同利益和良好战略环境的坚定决心不会改变。相信在以总书记同志为首的朝鲜劳动党领导下,朝鲜人民必将全面贯彻落实朝鲜劳动党九大各项决策部署,在社会主义建设事业中不断取得新的更大成就。
金正恩表示,65年前,双方签订《朝中友好合作互助条约》,为在实现反帝自主、和平和社会主义伟业的浴血奋战历程中结成的朝中战斗友谊和团结互助合作关系永续发展奠定了坚实的法律基础。过去一段时期,朝中两国历经历史风雨,始终相互坚定支持、密切合作,向全世界充分彰显了因传统友谊而特殊、因共同的社会主义伟业而特殊、因坚定不移传承而特殊的朝中友好关系的永不褪色和牢不可破。
金正恩表示,朝中友好合作关系作为两党和两国人民的战略性选择和共同宝贵财富,正在新的战略高度得到升华和发展,并在复杂多变的国际局势中,为维护两国主权、安全和发展利益,捍卫地区乃至世界和平稳定作出重要贡献。推动以社会主义为核心的朝中传统友好合作关系顺应时代变迁和两国人民意愿,并在各领域实现更活跃发展,是朝鲜党和政府坚定不移的立场。我愿同总书记同志一道,引领以悠久历史和优秀传统为基础的朝中友谊迈向新高度,发展成为最强有力、最富战略性的社会主义国家间关系典范。(完)
1. 当地时间6月8日下午,中共中央总书记、国家主席习近平在平壤锦绣山迎宾馆同朝鲜劳动党总书记、国务委员长金正恩举行会谈。 新华社记者 谢环驰 摄
2. 当地时间6月9日下午,中共中央总书记、国家主席习近平结束对朝鲜的国事访问离开平壤。朝鲜劳动党总书记、国务委员长金正恩和夫人李雪主到机场送行,为习近平和夫人彭丽媛举行隆重的欢送仪式。 新华社记者 李响 摄








