အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်/တီဟီရန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ပစ်မှတ်ပေါင်း ၁၄၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း အီရန်အား တတိယအကြိမ် တိုက်ခိုက်မှုများ ပြီးမြောက်ခဲ့ကြောင်း ဇူလိုင် ၁၂ ရက်၌ ပြောကြားခဲ့သည်။အဆိုပါ ပစ်မှတ်များအနက် ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်ရာနေရာများ၊ လက်နက်ခဲယမ်း သိုလှောင်ရာနေရာများ၊ ဆက်သွယ်ရေးကိရိယာများနှင့် အခြားနေရာများ ပါဝင်သည်ဟု ယင်းကွပ်ကဲမှုဌာနချုပ်က X ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွင် ပို့စ်တင်၍ ပြောကြားခဲ့သည်။

"အစောပိုင်းက အရပ်ဘက်သင်္ဘောတွေကို တိုက်ခိုက်မှုတွေအတွက် တာဝန်ရှိနေပြီး ဒီတစ်ကြိမ်မှာလည်း မအောင်မြင်ခဲ့တဲ့နောက် နားလည်မှုစာချွန်လွှာကို လိုက်နာစောင့်ထိန်းကြောင်း သက်သေပြဖို့ အီရန်ကို နောက်တစ်ကြိမ် အခွင့်အရေးပေးလိုက်ပါပြီ" ဟု အဆိုပါကွပ်ကဲမှုဌာနချုပ်က X တွင် အစောပိုင်းကတင်ခဲ့သည့် ပို့စ်တစ်ခု၌ ပြောကြားခဲ့သည်။

အိုမန်ကမ်းလွန်၌ ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်အတွင်း ကုန်သေတ္တာတင် သင်္ဘောတစ်စင်းမှာ ထိခိုက်ပျက်စီးခဲ့ပြီး မီးလောင်မှုဖြစ်ပွားခဲ့သည်ဟု ဗြိတိန်ရေကြောင်းကုန်သွယ်ရေးလုပ်ငန်းအဖွဲ့က ဇူလိုင် ၁၁ ရက် နှောင်းပိုင်းတွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။အီရန်နိုင်ငံ တောင်ပိုင်းရှိ မြို့များတွင် ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကာ အီရန်နိုင်ငံကလည်း အရှေ့အလယ်ပိုင်းရှိ အမေရိကန်ပစ်မှတ်များကို တိုက်ခိုက်မှုအများအပြား လုပ်ဆောင်ခဲ့သည်ဟု အီရန်၏ Press TV ရုပ်သံက ထုတ်လွှင့်ခဲ့သည်။ ဘာရိန်းနိုင်ငံတွင် ဒုံးကျည်အန္တရာယ် သတိပေးအချက်ပြသံများ ထွက်ပေါ်ခဲ့ကာ ယူအေအီးနိုင်ငံနှင့် ကာတာနိုင်ငံတို့လည်း တိုက်ခိုက်ခံခဲ့ရသည်ဟု သတင်းများက ဆိုသည်။

ဇူလိုင် ၁၂ ရက် အစောပိုင်းက ကာတာနိုင်ငံတွင် ပေါက်ကွဲသံများ ကြားခဲ့ရပြီးနောက် ကာတာပြည်ထဲရေးဝန်ကြီးဌာနက နိုင်ငံ၏ လုံခြုံရေးဆိုင်ရာ ခြိမ်းခြောက်ခံရမှုအဆင့်ကို နာရီပိုင်းအတွင်း ဒုတိယအကြိမ် တိုးမြှင့်လျက် အများပြည်သူဆိုင်ရာ သတိပေးချက် ထုတ်ပြန်ခဲ့သည်။ ပြည်သူများအား အဆောက်အဦများထဲတွင်သာ နေထိုင်ရန်၊ မှန်ပြတင်းပေါက်များနှင့် ဝေးရာတွင် နေထိုင်ရန်၊ မလိုအပ်ဘဲ သွားလာလှုပ်ရှားမှုများကို ရှောင်ကြဉ်ရန်၊ သက်ဆိုင်ရာ အာဏာပိုင်များက ထုတ်ပြန်သည့် လုံခြုံရေးဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာရန် အဆိုပါ ဝန်ကြီးဌာနက တိုက်တွန်းခဲ့သည်။

အီရန်၏ အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ် (IRGC) က ဂျော်ဒန်နိုင်ငံ ပရင့်စ် ဟတ်ဆန် လေတပ်စခန်းရှိ အမိန့်ပေးထိန်းချုပ်ရေးဌာနနှင့် ဒရုန်းများထားရှိရာ နေရာများကို တိုက်ခိုက်ဖျက်ဆီးခဲ့သည်ဟု ဆိုသည်။ ခွင့်ပြုချက်မရှိသော လမ်းကြောင်းအတိုင်း ခုတ်မောင်းလာသည့် သင်္ဘောတစ်စင်း တိုက်ခိုက်ခံရပြီးနောက် ဟော်မုဇ်ရေလက်ကြားကို ပိတ်ထားလိုက်ပြီဖြစ်ကြောင်း အီရန်နိုင်ငံက အစောပိုင်းတွင် ပြောကြားခဲ့ကာ ထိုဖြစ်စဉ်အပေါ် တစ်စုံတစ်ရာ လက်တုံ့ပြန်မှုရှိလာပါက "ပြင်းပြင်းထန်ထန် တုံ့ပြန်မှု" နှင့် ရင်ဆိုင်ရလိမ့်မည်ဟုလည်း သတိပေးခဲ့သည်။

"အချက်ပြစနစ်တွေကိုပိတ်ပြီး ပင်လယ်ရေကြောင်း လုံခြုံရေးကို ထိခိုက်ပျက်ပြားအောင် လုပ်ဆောင်ခဲ့တဲ့ သင်္ဘောတစ်စင်းဟာ တိုက်ခိုက်ခံရပြီးနောက်မှာ ရပ်တန့်သွားပါတယ်" ဟု IRGC ရေတပ်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။ထိုဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်းကြောင့် နောက်ထပ် တစ်စုံတစ်ရာ ထုတ်ပြန်ခြင်းမပြုသရွေ့၊ ယင်းဒေသ၌ အမေရိကန်၏ ကြားဝင်စွက်ဖက်မှုများ အဆုံးမသတ်သေးသရွေ့ ရေလက်ကြားကို ဆက်လက်ပိတ်ထားမည်ဟုလည်း ကြေညာချက်၌ ဖော်ပြထားသည်။ (Xinhua)

ဘာရိန်းနိုင်ငံ ဟာမက်မြို့တွင် အီရန်၏ ဒရုန်းများကို ကြားဖြတ်ဟန့်တားစဉ် အပျက်အစီးများ လွင့်စဉ်ကျရောက်မှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုအား ဘာရိန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ငြှိမ်းသတ်နေပုံကို ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- (Bahrain's Interior Ministry/Handout via Xinhua)
ဘာရိန်းနိုင်ငံ ဟာမက်မြို့တွင် အီရန်၏ ဒရုန်းများကို ကြားဖြတ်ဟန့်တားစဉ် အပျက်အစီးများ လွင့်စဉ်ကျရောက်မှုကြောင့် ဖြစ်ပွားခဲ့သည့် မီးလောင်ကျွမ်းမှုအား ဘာရိန်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များက ငြှိမ်းသတ်နေပုံကို ၂၀၂၆ ခုနှစ် ဇွန် ၁၁ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- (Bahrain's Interior Ministry/Handout via Xinhua)
အိုမန်နိုင်ငံ မြောက်ပိုင်း ခါဆက်ဘ်မြို့ငယ်အနီး၊ ဟော်မုဇ်ရေလက်ကြား ရေပြင်၌ သောင်တင်နေသော ကုန်တင်သင်္ဘောများကို ၂၀၂၆ ခုနှစ် မေ ၂၉ ရက်က မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)
အိုမန်နိုင်ငံ မြောက်ပိုင်း ခါဆက်ဘ်မြို့ငယ်အနီး၊ ဟော်မုဇ်ရေလက်ကြား ရေပြင်၌ သောင်တင်နေသော ကုန်တင်သင်္ဘောများကို ၂၀၂၆ ခုနှစ် မေ ၂၉ ရက်က မိုဘိုင်းဖုန်းဖြင့် ရိုက်ကူးထားသော ဓာတ်ပုံ၌ တွေ့ရစဉ် (ဆင်ဟွာ)

...............................................................................

(English Version)

U.S. completes 3rd round of strikes against Iran

WASHINGTON/TEHRAN, July 12 (Xinhua) -- The U.S. Central Command said on Sunday it has completed the third round of strikes against Iran this week after hitting some 140 targets.

The targets included missile and drone launch sites, ammunition dumps, communication equipment and other sites, the command said in a post on social media platform X.

"Iran was provided yet another opportunity to demonstrate adherence to the Memorandum of Understanding after being held accountable for earlier attacks on commercial vessels but has again failed," the command said in an earlier post on X.

The United Kingdom Maritime Trade Operations said in an advisory that a container ship caught fire after sustaining damage in an incident off the coast of Oman late Saturday.

Iran's Press TV reported on Sunday that explosions rocked several cities in southern Iran and the country has launched a series of strikes against U.S. targets in the Middle East. Missile alert sirens sounded in Bahrain as the United Arab Emirates and Qatar came under attack, reports said.

Explosions were heard in Qatar early Sunday after the Ministry of Interior issued a public alert raising the country's security threat level for the second time within hours. The ministry urged residents to remain indoors, stay away from glass windows, avoid unnecessary movement and follow safety instructions issued by the relevant authorities.

Iran's Islamic Revolution Guard Corps (IRGC) said it has destroyed a command and control center and drone hangars at the Prince Hassan air base in Jordan.

Iran said earlier that the Strait of Hormuz was closed after a vessel traveling on an unapproved route was struck, warning that any retaliation over the incident would be met with a "severe response."

"A vessel that had jeopardized maritime security by switching off its systems was struck and brought to a halt," the IRGC navy said in a statement.

As a result of the incident, the strait would remain closed "until further notice" and "until the end of U.S. interference in this region," the statement said.

English Caption 1

U.S. President Donald Trump speaks to the press on the South Lawn of the White House in Washington, D.C., the United States, on May 1, 2026. (Photo by Li Yuanqing/Xinhua)

English Caption 2

Members of Bahrain's Civil Defense extinguish a fire caused by falling debris from intercepted Iranian drones in Hamad Town, Bahrain, on June 11, 2026. (Bahrain's Interior Ministry/Handout via Xinhua)

English Caption 3

This photo taken with a mobile phone shows merchant vessels stranded in the waters of the Strait of Hormuz, near Khasab, a small town in northern Oman, May 29, 2026. (Xinhua/Wen Xinnian)