ဗင်နီဇွဲလားနိုင်ငံ လာဂွိုင်ရာပြည်နယ် ကာရာဘယ်လီဒါမြို့တွင် ငလျင်လှုပ်ခတ်များကြောင့် ပျက်စီးနေသော အဆောက်အအုံအား ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဗင်နီဇွဲလားနိုင်ငံ လာဂွိုင်ရာပြည်နယ် ကာရာဘယ်လီဒါမြို့တွင် ငလျင်လှုပ်ခတ်များကြောင့် ပျက်စီးနေသော အဆောက်အအုံအား ၂၀၂၆ ခုနှစ် ဇူလိုင် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကရာကက်စ်၊ ဇူလိုင် ၁၃ ရက် (ဆင်ဟွာ)

ဗင်နီဇွဲလားနိုင်ငံတွင် ဇွန် ၂၄ ရက်က ငလျင်လှုပ်ခတ်မှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၄,၄၉၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ Jorge Rodriguez က ဇူလိုင် ၁၂ ရက်၌ ပြောကြားခဲ့သည်။

ဒဏ်ရာရသူအရေအတွက်မှာ ၁၆,၇၄၀ ဦး ရှိကြောင်း၊ လူဦးရေ ၁၂၀,၇၉၄ ဦးအား အကူအညီများ ပေးအပ်ထားကြောင်း Rodriguez က လူမှုမီဒီယာပေါ်ဖော်ပြထားသည့် နေ့စဉ်ထုတ်ပြန်ချက်၌ ပြောသည်။ အာဏာပိုင်များက နေအိမ်ဆုံးရှုံးသူများအတွက် ငလျင်ဘေးရှောင်စခန်းနှင့် ယာယီခိုနားရာစခန်း ၁၀၈ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

ထို့ပြင် ငလျင်ဘေးအန္တရာယ် တုံ့ပြန်ဆောင်ရွက်ရေးအတွက် စုစုပေါင်း ဗင်နီဇွဲလားတပ်ဖွဲ့ဝင် ၃၁,၈၃၇ ဦးအား ဖြန့်ကြက်တာဝန်ပေးထားကာ နိုင်ငံတကာ ကယ်ဆယ်ရေးသမား ၂,၄၂၂ တို့ကလည်း အားဖြည့်ကူညီလျက်ရှိကြောင်း သိရသည်။

ဗင်နီဇွဲလားနိုင်ငံတွင် ငလျင်နှစ်ကြိမ်ဆက်တိုက်လှုပ်ခတ်ပြီး နောက်ဆက်တွဲငလျင် အကြိမ်ရေ ၁,၂၂၂ ကြိမ် လှုပ်ခတ်ခဲ့ကြောင်း နောက်ဆုံးထုတ်ပြန်ထားသောစာရင်း၌ ဖော်ပြထားသည်။  (Xinhua)

……………………………………..

(English Version)

Venezuela quake death toll rises to 4,490

CARACAS, July 12 (Xinhua) -- The death toll from the June 24 earthquakes in Venezuela has risen to 4,490, National Assembly President Jorge Rodriguez said Sunday.

Rodriguez noted in a daily update on social media that the number of injured remained at 16,740, while the number of people receiving assistance rose to 120,794. Authorities have set up 108 temporary camps and shelters for those left homeless.

A total of 31,837 Venezuelan personnel remain deployed for disaster response, supported by 2,422 international rescuers.

Venezuela has recorded 1,222 aftershocks since the twin earthquakes, the update said.

Photo: This photo taken on July 3, 2026 shows a collapsed building destroyed in earthquakes in Caraballeda, La Guaira state, Venezuela. (Xinhua/Zhu Yubo)