ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂဌာနချုပ်တွင် ဥရောပသမဂ္ဂ (EU) နှင့် ယူကရိန်းနိုင်ငံတို့၏ အလံများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂဌာနချုပ်တွင် ဥရောပသမဂ္ဂ (EU) နှင့် ယူကရိန်းနိုင်ငံတို့၏ အလံများကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၂၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

ယူကရိန်းနိုင်ငံနှင့် ဥရောပသမဂ္ဂ (EU) တို့သည် ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေရန် ဇူလိုင် ၁၅ ရက်၌ သဘောတူညီခဲ့ပြီး ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇယ်လန်းစကီးနှင့် ခရီးစဉ်ရောက်ရှိနေသော ဥရောပကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့က မဟာဗျူဟာမြောက် ကာကွယ်ရေး-စက်မှုလုပ်ငန်းဆိုင်ရာ မိတ်ဖက်အဖြစ် LOI (letter of intent) အဆိုပြုလွှာကို လက်မှတ်ရေးထိုးခဲ့ကြောင်း သမ္မတ၏ သတင်းထုတ်ပြန်ရေးဌာနမှ အဆိုအရ သိရသည်။

ပဉ္စမအကြိမ်မြောက် ယူကရိန်း-အရှေ့တောင်ဥရောပ ထိပ်သီးအစည်းအဝေး တက်ရောက်ရန် ယူကရိန်းသို့ အစောပိုင်းက ရောက်ရှိလာခဲ့သော Von der Leyen က ဇယ်လန်းစကီးနှင့် တွေ့ဆုံစဉ် EU နှင့် ယူကရိန်းတို့သည် ဒရုန်းထုတ်လုပ်မှုအပါအဝင် ၎င်းတို့၏ ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပိုမိုအားကောင်းစေမည်ဟု ပြောကြားခဲ့သည်။

ယူကရိန်းအတွက် EU ၏ စံချိန်တင်အဆင့်ဖြစ်သည့် ဘဏ္ဍာရေး၊ နိုင်ငံရေးနှင့် ကာကွယ်ရေးပံ့ပိုးမှုကို အလေးပေးပြောကြားရင်း Von der Leyen က ယူရို ၉၀ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀၃.၁ ဘီလီယံခန့်) တန်ဖိုးရှိ ယူကရိန်းထောက်ပံ့ရေးချေးငွေအရ ယူကရိန်းဒရုန်းစွမ်းဆောင်ရည်များအတွက် ယူရို ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁.၁၅ ဘီလီယံခန့်) ထုတ်ပေးမည်ဟု ကြေညာခဲ့သည်။

ယူကရိန်း၏ EU အဖွဲ့ဝင်ဖြစ်ရေး ဆွေးနွေးပွဲများတွင် ညှိနှိုင်းရေးဌာနလေးခု ဖွင့်လှစ်ရေးဆိုင်ရာ လုပ်ငန်းများကိုလည်း ၎င်းတို့နှစ်ဦးက အသေးစိတ်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

"ယူကရိန်းဟာ EU မှာ အပြည့်အဝ ပါဝင်နိုင်ဖို့က ကျွန်တော်တို့ယူကရိန်းနဲ့ ဥရောပတို့ရဲ့ သန္နိဋ္ဌာန်ပါပဲ" ဟု ဇယ်လန်းစကီးကလည်း ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

...................

(English Version)

Ukraine, EU strengthen defense cooperation

KIEV, July 15 (Xinhua) -- Ukraine and the European Union (EU) agreed to strengthen defense cooperation on Wednesday, with Ukrainian President Volodymyr Zelensky and visiting European Commission President Ursula von der Leyen signing a letter of intent on a strategic defense-industrial partnership, according to the presidential press service.

Von der Leyen, who arrived in Ukraine earlier in the day to take part in the 5th Ukraine-Southeast Europe Summit, noted during a meeting with Zelensky that the EU and Ukraine would further strengthen their defense cooperation, including in drone production.

While highlighting the EU's record-level financial, political, and defense support for Ukraine, she announced the disbursement of 1 billion euros (about 1.15 billion U.S. dollars) for Ukraine drone capabilities under an Ukraine Support Loan worth 90 billion euros (about 103.1 billion U.S. dollars).

The two also discussed in detail the work on opening four negotiation clusters in Ukraine's EU membership negotiations.

"This is our Ukrainian and European determination to go all the way to Ukraine's full accession to the EU," Zelensky said. ■

English Caption

Flags of European Union (EU) and Ukraine are seen at the EU headquarters in Brussels, Belgium, Feb. 24, 2025. (Xinhua/Zhao Dingzhe)