
ကိုင်ရို၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
အီဂျစ်-တရုတ် ဆက်ဆံရေးသည် သံတမန်ရေးအရ ပိုမိုနီးကပ်စွာ ညှိနှိုင်းဆောင်ရွက်ခြင်း၊ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ချဲ့ထွင်ခြင်းနှင့် ပိုမိုခိုင်မာသော မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးတို့ကြောင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအကြား ပူးပေါင်းဆောင်ရွက်မှုအတွက် "မဟာဗျူဟာမြောက် စံနမူနာတစ်ခု" ဖြစ်သည်ဟု အီဂျစ်နိုင်ငံမှ ကျွမ်းကျင်သူတစ်ဦးက မကြာမီက ပြောကြားခဲ့သည်။
နှစ်နိုင်ငံဆက်ဆံရေးသည် သမိုင်းတစ်လျှောက် အားအကောင်းဆုံး အရှိန်အဟုန်များကို ရရှိနေသလို ကာလကြာရှည် တည်ရှိခဲ့သော နိုင်ငံရေးနှင့် ယဉ်ကျေးမှုအမွေအနှစ်များအပြင် ကျယ်ပြန့်သော စီးပွားရေးနှင့် မဟာဗျူဟာမြောက် အကျိုးစီးပွားများကို အခြေခံ၍ ဆက်လက်ဖော်ဆောင်လျက်ရှိရာ အီဂျစ်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အား ဒေသတွင်း၌သာမက နိုင်ငံတကာမျက်နှာစာ၌လည်း အဓိကမိတ်ဖက်များ ဖြစ်လာစေသည်ဟု ကိုင်ရိုအခြေစိုက် Think Tank အဖွဲ့ Global Forum for Future Studies ၏ အထွေထွေအတွင်းရေးမှူး ရာနီယာ အာဘိုအယ်ခီယာက ဆင်ဟွာသတင်းဌာနနှင့် အင်တာဗျူးတစ်ခု၌ ပြောကြားခဲ့သည်။
"အထူးသဖြင့် နှစ်နိုင်ငံအနေနဲ့ မျှော်မှန်းချက်ချင်း တူညီနေတာမို့လို့ နှစ်နိုင်ငံဆက်ဆံရေးအတွက် အရေးပါတဲ့ တိုးတက်မှုဟာ အလွှာအသီးသီးမှာ အနာဂတ်အလားအလာ ကောင်းမွန်မှုကို ခိုင်မာစေသလို ပိုမိုနက်ရှိုင်းတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးအတွက် ကျယ်ပြန့်တဲ့ အလားအလာတွေကိုလည်း ပေးစွမ်းပါတယ်" ဟု အာဘိုအယ်ခီယာက ဆိုသည်။
အီဂျစ်နိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံကို ပထမဆုံး အသိအမှတ်ပြုခဲ့သည့် အာရပ်နှင့် အာဖရိကနိုင်ငံ ဖြစ်သကဲ့သို့ တရုတ်နိုင်ငံသည်လည်း အီဂျစ်နိုင်ငံ၏ အဓိက ကုန်သွယ်ဖက်နိုင်ငံတစ်နိုင်ငံ ဖြစ်လာကြောင်း၊ တရုတ်ကုမ္ပဏီများအနေဖြင့် အခြေခံအဆောက်အအုံနှင့် အကြီးစား စက်မှုစီမံကိန်းများတွင် တိုက်ရိုက်ရင်းနှီးမြှုပ်နှံခြင်းဖြင့် အီဂျစ်နိုင်ငံ၏ စီးပွားရေးကို အရေးပါသော အခန်းကဏ္ဍမှ အထောက်အကူပြုလျက်ရှိကြောင်း ၎င်းက ပြောသည်။
အာဘိုအယ်ခီယာက အိန် ဆော့ခနာခရိုင်ရှိ တရုတ်-အီဂျစ် TEDA စူးအက် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ အာဖရိက၏ အမြင့်မားဆုံး အဆောက်အဦဖြစ်သော Iconic Tower တည်ရှိရာ အီဂျစ်နိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော်သစ်ရှိ စီးပွားရေးဗဟိုချက်နေရာ စသည်တို့ အပါအဝင် တရုတ်နိုင်ငံက ရင်းနှီးမြှုပ်နှံကာ ဖော်ဆောင်လျက်ရှိသည့် အထင်ကရ စီမံကိန်းကြီးများကို အလေးပေးပြောဆိုခဲ့သည်။
အီဂျစ်နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့်ပိုးလမ်းမ အဆိုပြုချက် (BRI) နှင့် အီဂျစ်နိုင်ငံ၏ ၂၀၃၀ မျှော်မှန်းချက်တို့ကို ချိတ်ဆက်ဆောင်ရွက်ခြင်းဖြင့် အခြေခံအဆောက်အအုံ၊ ခေတ်မီစမတ်မြို့ပြများ၊ နည်းပညာ၊ အစိမ်းရောင်စီးပွားရေး၊ ပညာရေးနှင့် ခရီးသွားလုပ်ငန်း နယ်ပယ်တို့တွင် တရုတ်ရင်းနှီးမြှုပ်နှံမှုများကို ပိုမိုဆွဲဆောင်နိုင်ရန် စဉ်ဆက်မပြတ် ကြိုးပမ်းလျက်ရှိကြောင်း ၎င်းက ဆိုသည်။
ထို့ပြင် အာဘိုအယ်ခီယာက BRI ၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ ယဉ်ကျေးမှုအစီအမံ၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှုအစီအမံ စသည့် တရုတ်နိုင်ငံက အဆိုပြုသော အဓိက အစီအမံကြီးများကိုလည်း ချီးကျူးပြောဆိုကာ ထိုအစီအမံများက မျှတမှုမရှိသော အခြေအနေများမှ ကင်းလွတ်၍ သာတူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားရွေးချယ်စရာ နည်းလမ်းများကို ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများအား ပေးစွမ်းလျက်ရှိသည်ဟု ဆိုသည်။
အဆိုပါ အစီအမံများသည် နိုင်ငံ၏ အချုပ်အခြာအာဏာကို ကာကွယ်စောင့်ရှောက်ခြင်း၊ နိုင်ငံများ၏ ပြည်တွင်းရေးတွင် ကြားဝင်စွက်ဖက်မှုကို လက်သင့်မခံခြင်း၊ စစ်မက်ဖြစ်ပွားမည့်အစား သံတမန်နည်းလမ်းအား ပဋိပက္ခများ ဖြေရှင်းရေးအတွက် ဦးစားပေးနည်းလမ်းအဖြစ် မြှင့်တင်အားပေးခြင်းတို့ဖြင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ နိုင်ငံရေး၊ စီးပွားရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့ကို အထောက်အကူပေးလျက်ရှိသည်ဟုလည်း ၎င်းက မှတ်ချက်ပြုခဲ့သည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20260716/5a17daab2a0e4cd5b6e6d94b5f72b1ef/c.html

..............................................................
(English Version)
Egypt-China ties "strategic model" for Global South cooperation, says Egyptian expert
CAIRO, July 15 (Xinhua) -- Relations between Egypt and China constitute a "strategic model" for cooperation among Global South countries, an Egyptian expert said recently, citing closer diplomatic coordination, expanding economic cooperation and an increasingly robust strategic partnership.
The bilateral relationship is enjoying its strongest momentum in history, building on a longstanding political and civilizational legacy as well as extensive economic and strategic interests that have made Egypt and China key partners at both the regional and international levels, Rania Aboelkheir, secretary-general of Cairo-based think tank Global Forum for Future Studies, told Xinhua in an interview.
"The important progress in bilateral relations confirms a promising future at all levels and offers broad prospects for deeper cooperation and closer ties, especially given the convergence of the two countries' visions," Aboelkheir said.
Egypt was the first Arab and African country to recognize the People's Republic of China, while China has become one of Egypt's major trading partners. Chinese companies have played a significant role in supporting the Egyptian economy through direct investment in infrastructure and large-scale industrial projects, she said.
Aboelkheir highlighted flagship Chinese-invested-and-developed projects, including the China-Egypt TEDA Suez Economic and Trade Cooperation Zone in Ain Sokhna and the Central Business District in Egypt's New Administrative Capital, home to Africa's tallest building the Iconic Tower.
She noted Egypt's continued efforts to attract more Chinese investment across infrastructure, smart cities, technology, the green economy, education and tourism, supported by alignment between the Belt and Road Initiative (BRI) and Egypt's Vision 2030.
Aboelkheir also spoke highly of major initiatives proposed by China, including the BRI, the Global Development Initiative, the Global Security Initiative, the Global Civilization Initiative and the Global Governance Initiative, saying they provide equitable development alternatives for the Global South, free from unfair conditionalities.
These initiatives, she noted, support the Global South politically, economically and developmentally by safeguarding national sovereignty, rejecting interference in countries' internal affairs, and promoting diplomacy as the preferred means of resolving disputes rather than resorting to war.
https://english.news.cn/20260716/5a17daab2a0e4cd5b6e6d94b5f72b1ef/c.html
English Caption 1
This photo taken on Oct. 5, 2025 shows a view of the Central Business District (CBD) project in the new administrative capital on the outskirts of Cairo, Egypt. (Photo by Li Binghong/Xinhua)
English Caption 2
This undated file photo shows a view of the China-Egypt TEDA Suez Economic and Trade Cooperation Zone in Ain Sokhna district of Suez province, Egypt. (TEDA Investment Holding Co., Ltd./Handout via Xinhua)







