ဖူအယ်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ယူနန်ပြည်နယ် ဖူအယ်မြို့ရှိ သစ်တောဥယျာဉ်တစ်ခုတွင် မျက်ခုံးဖြူ မျောက်လွှဲကျော်တစ်ကောင်သည် မြေပြင်ပေါ်တွင် ခြေလက်များဆန့်ကာ ၎င်းအား ကြည့်ရှုစောင့်ရှောက်သူက သက်သောင့်သာဖြစ်စေရန် “နှိပ်နယ်ပေးခြင်း” ကို ခံယူလျက်ရှိသည်။ အေးအေးလူလူရှိလှသော မျောက်လွှဲကျော်လေးကို ကြည့်ရသည်မှာ လွန်စွာမှပင် သက်သောင့်သက်သာရှိပြီး ၎င်း၏ နွေရာသီရက်တိုင်းကို ပီပီပြင်ပြင်အနားယူလျက်ရှိပေသည်။ ထိုသို့ သာယာကြည်နူးဖွယ် မြင်ကွင်းလေးမှာ တိရစ္ဆာန်ချစ်သူများအဖို့ စိတ်ကျေနပ်နှစ်သက်ဖွယ်ဖြစ်သလို မျောက်လွှဲကျော်လေးနှင့် ထိန်းသိမ်းစောင့်ရှောက်သူအကြားက ရင်းနှီးချစ်ကြည်မှုကိုလည်း မြင်တွေ့ရသည့် နှစ်လိုဖွယ်အခိုက်အတန့်လည်း ဖြစ်ပေသည်။  (Xinhua)

……………………………………..

(English Version)

A gibbon's summer day massage

At a forest park in Pu'er, southwest China's Yunnan
Province, a white-browed gibbon stretched out on the ground for a relaxing
"massage" from its keeper. The laid-back primate looked completely at
ease, soaking up every moment of its summertime pampering with unmistakable enjoyment.
The heartwarming scene has delighted animal lovers, offering a charming glimpse
of the close bond between the gibbon and its caregiver.