ယူနန်၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ရှိ ၃၂ မီတာ ရှည်လျားသော “ချင်းမင်ပွဲတော် မြစ်ကမ်းတစ်လျှောက် ရှုမြင်ကွင်းများ” ပန်းပြောက်ကြေးနီပန်းပုလက်ရာကြီးသည် ဇူလိုင် ၁၀ ရက်တွင် ဂင်းနစ်ကမ္ဘာ့စံချိန်တင် “အရှည်လျားဆုံး ကြေးနီပန်းပုလက်ရာ” အဖြစ် အသိအမှတ်ပြုမှုကို ရရှိခဲ့သည်။
အဆိုပါလက်ရာကို ယူနန်စီးပွားစီမံကောလိပ်နှင့် ကုမ္ပဏီလုပ်ငန်းတစ်ခုတို့ အတူ ရက်ပေါင်း ၁၆၆ ရက်ကြာ အချိန်ယူ ဖန်တီးထားခြင်း ဖြစ်သည်။ မြောက်စုန့်မင်းဆက် မြို့တော် ပျန့်ကျင်း၏ စည်းကားသိုက်မြိုက်ပုံကို ၁:၆ အချိုးအစားဖြင့် ရုပ်ကြွပုံစံဖြင့် ပြန်လည်သရုပ်ဖော်ထားခြင်း ဖြစ်ရာ နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် “ပန်းပြောက်ကြေးနီပန်းပုလက်ရာအနုပညာဖန်တီးမှု” ၏ အနုစိတ်လက်ရာမြောက်မှုကို ပြသထားသည်။ ယူနန်ပြည်နယ်၏ ကြေးနီပန်းပုမှာ ရှေးဟောင်းတျန်းကြေးခေတ်ယဉ်ကျေးမှုမှ မြစ်ဖျားခံခြင်း ဖြစ်ပြီး တစ်မူထူးခြားသော ဖော်စပ်မှုနှင့် တောက်ပသောအရောင်အသွေးကြောင့် နာမည်ကျော်ကြားခြင်းဖြစ်သည်။ (Xinhua)



