ပေကျင်း၊ ဇူလိုင် ၁၆ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ကမ္ဘာ့ဉာဏ်ရည်တု (AI) ညီလာခံနှင့် ကမ္ဘာလုံးဆိုင်ရာ AI စီမံခန့်ခွဲမှုစနစ် အဆင့်မြင့်အစည်းအဝေးကို ဇူလိုင် ၁၇ ရက်မှ ၂၀ ရက်အထိ တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ကျင်းပမည်ဖြစ်သည်။ အဆိုပါအစည်းအဝေး ဖွင့်ပွဲအခမ်းအနားသို့ တရုတ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန် တက်ရောက်၍ အဓိကအမှာစကား ပြောကြားမည်ဖြစ်သည်။

အသစ်တစ်ကြိမ် နည်းပညာတော်လှန်ရေးနှင့် စက်မှုလုပ်ငန်း ပြုပြင်ပြောင်းလဲရေး၏ အဓိကမောင်းနှင်မှုစွမ်းအားအနေဖြင့် ဉာဏ်ရည်တု (AI) နည်းပညာသည် ယခင်ကမရှိခဲ့ဖူးသည့် နက်ရှိုင်းမှုနှင့် ကျယ်ပြန့်မှုတို့ဖြင့် ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှု အခင်းအကျင်းကို ပြန်လည်ပုံဖော်လျက်ရှိသည်။ အထွေထွေအတွင်းရေးမှူးချုပ် ရှီကျင့်ဖိန်သည် ဉာဏ်ရည်တု (AI) နည်းပညာ ဖွံ့ဖြိုးတိုးတက်မှုကို များစွာအလေးထားပြီး ခေတ်ကာလရေစီးကြောင်းအခြေအနေကို အခြေခံ၍ စက်မှုလုပ်ငန်း ဆန်းသစ်တီထွင် ထိုးဖောက်မှုကို လမ်းညွန်ပေးကာ ဉာဏ်ရည်ထည့်သွင်းမှုများ အကောင်းဘက် ဦးတည်ရန် အဆိုပြုခဲ့သဖြင့် ဉာဏ်ရည်တု (AI) နည်းပညာကဏ္ဍ ကောင်းမွန်စွာ၊ ဘေးကင်းလုံခြုံစွာ၊ စနစ်တကျဖြစ်စွာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရေရှည်အစီအစဉ် ရေးဆွဲမှုများ လုပ်ဆောင်ပေးခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

http://xhtxs.cn/bdCk

--------------------------------------------------------------------------------------

(Chinese Version)

学习手记 | 习近平总书记指引人工智能发展与治理

新华社北京7月14日电 题:习近平总书记指引人工智能发展与治理  新华社记者张辛欣、孙楠、龚雯  

2026世界人工智能大会暨人工智能全球治理高级别会议将于7月17日至20日在上海举行。习近平总书记将出席大会开幕式并发表主旨讲话。  

作为新一轮科技革命和产业变革的重要驱动力量,人工智能以前所未有的深度与广度重塑全球发展格局。习近平总书记高度重视人工智能发展,立足时代大势指引产业创新突破,倡导智能向善,为人工智能健康、安全、有序发展作出长远擘画http://xhtxs.cn/bdCk

图说:2025年11月6日,2025年世界互联网大会“互联网之光”博览会在浙江乌镇开幕,一名观众在博览会现场参观新华社记者 黄宗治