
နယူးယောက်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)
စစ်တမ်းကောက်ယူထားသည့် နိုင်ငံနှင့် ဒေသပေါင်း ၃၆ ခု၏ တရုတ်နိုင်ငံအပေါ် နှစ်သက်မှုသည် အမေရိကန်အပေါ် နှစ်သက်မှုထက် ကျော်လွန်နေကြောင်း အမေရိကန် Pew Research Center ၏ မကြာသေးမီရက်က ထုတ်ပြန်သော စစ်တမ်းရလဒ်တွင် ဖော်ပြထားသည်။
နိုင်ငံနှင့် ဒေသပေါင်း ၃၆ ခုအနက် ၂၇ ခု၏ တရုတ်နိုင်ငံအပေါ် နှစ်သက်မှုသည် အမေရိကန်အပေါ် နှစ်သက်မှုထက် ကျော်လွန်နေပြီး အထူးသဖြင့် အာရှ-ပစိဖိတ်နှင့် အရှေ့အလယ်ပိုင်းဒေသတွင်လည်း ထိုကဲ့သို့ပင် ဖြစ်ကြောင်း Pew Research Center က ကောက်ယူခဲ့သော နှစ်စဉ်စစ်တမ်းတွင် ဖော်ပြနေသည်။
၂၀၂၃ ခုနှစ်မှစ၍ ထိုနိုင်ငံများမှ ပြည်သူများ၏ တရုတ်-အမေရိကန် နှစ်နိုင်ငံအပေါ် နှစ်သက်မှု ကွာဟချက်မှာ အဆက်မပြတ် လျော့နည်းလာပြီး ယခုနှစ်တွင် ကောက်ယူသော စစ်တမ်းတွင် အပြောင်းအလဲများ ရှိခဲ့ကြောင်း၊ တရုတ်နိုင်ငံအပေါ် နှစ်သက်မှု အချိုးအစား၏ အလယ်တန်ဖိုးမှာ ၄၆ ရာခိုင်နှုန်းဖြစ်ပြီး အမေရိကန်နိုင်ငံအပေါ် နှစ်သက်မှု အချိုးအစား၏ အလယ်တန်ဖိုးမှာ ၃၆ ရာခိုင်နှုန်း ဖြစ်ကြောင်း စစ်တမ်းတွင် ဖော်ပြထားသည်။
အမေရိကန်နှင့် အိမ်နီးချင်းဖြစ်သော ကနေဒါနှင့် မက္ကဆီကိုတို့၏ တရုတ်နိုင်ငံအပေါ် နှစ်သက်မှုသည်လည်း အမေရိကန်နိုင်ငံထက် မြင့်မားကြောင်း၊ အမေရိကန်အပေါ် နှစ်သက်မှုက တရုတ်နိုင်ငံအပေါ် နှစ်သက်မှုထက် သိသိသာသာကျော်လွန်သော နိုင်ငံမှာ ၆ နိုင်ငံသာရှိကြောင်း Pew Research Center က ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
皮尤调查:多国民众对中国好感度超过美国
新华社纽约7月16日电(记者刘亚南)美国皮尤研究中心日前发布的一项调查结果显示,在接受调查的36个国家和地区中,对中国的好感度超过对美国的好感度。
皮尤研究中心进行的年度调查显示,在这36个国家和地区中,有27个国家和地区的民众对中国的好感度超过对美国的好感度,在亚太和中东地区尤其如此。
调查显示,2023年以来,这些国家民众对中美两国好感度差距不断缩小,并在今年进行的调查中出现反转。对中国好感度比例的中位数为46%,对美国好感度比例中位数为36%。
皮尤研究中心表示,美国的近邻加拿大和墨西哥对中国的好感度也高于美国。对美国好感度明显超过中国的国家仅有6个。(完)
图说:2025年10月12日,在美国华盛顿,人们在华盛顿纪念碑前的身影映在游客中心的玻璃上。新华社记者李睿摄






