အမေရိကန် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt က သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန် ဝါရှင်တန်ရှိ အိမ်ဖြူတော်တွင် အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ် Karoline Leavitt က သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ ဇူလိုင် ၁၇ ရက် (ဆင်ဟွာ)

အမေရိကန်အရှေ့ပိုင်း ဒေသစံတော်ချိန် ဇူလိုင် ၁၆ ရက် ည ၉ နာရီ ၄၀ မိနစ် (ပေကျင်းစံတော်ချိန် ဇူလိုင် ၁၇ ရက် နံနက် ၉ နာရီ ၄၀ မိနစ်) တွင် အမေရိကန်စစ်တပ်သည် အီရန်အပေါ် နောက်ဆုံးအကြိမ် အကြီးစားတိုက်ခိုက်မှု လုပ်ဆောင်ပြီးစီးခဲ့ကြောင်း၊ ယခုအကြိမ် လှုပ်ရှားမှုသည် စုစုပေါင်း ၇ နာရီ ၄၀ မိနစ် ဆက်တိုက်ကြာမြင့်ခဲ့ကြောင်း အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) က ထိုနေ့တွင် ပြောကြားခဲ့သည်။

အမေရိကန်စစ်တပ်သည် တိုက်လေယာဉ်၊ ဒရုန်းနှင့် စစ်သင်္ဘောများကို အသုံးပြု၍ ပစ်မှတ်တိကျမှုမြင့်မားသော စစ်လက်နက်များ ပစ်လွှတ်ခဲ့ရာ အီရန်စစ်ရေးပစ်မှတ် ဒါဇင်နှင့်ချီ ထိမှန်ခဲ့ကြောင်း၊ ၎င်းအနက် ကမ်းရိုးတန်းတစ်လျှောက် စောင့်ကြည့်ရေးနှင့် လေကြောင်းကာကွယ်ရေး အဆောက်အဦ၊ စစ်ရေးထောက်ပံ့ရေး အခြေခံအဆောက်အဦနှင့် ပင်လယ်ရေပြင်စစ်ဆင်ရေး အဆောက်အဦများ ပါဝင်ကြောင်း CENTCOM က ထိုနေ့တွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ထုတ်ပြန်ပြောကြားခဲ့သည်။ ယင်းမှာ အမေရိကန်စစ်တပ်က အီရန်အား ၆ ညမြောက်ဆက်တိုက် တိုက်ခိုက်မှု လုပ်ဆောင်ခြင်းဖြစ်သည်။

လက်ရှိ အမေရိကန်တပ်ဖွဲ့ဝင် ၅၀,၀၀၀ ကျော် အရှေ့အလယ်ပိုင်းဒေသ၌ တာဝန်ထမ်းဆောင်လျက်ရှိကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

美军对伊朗实施新一轮打击 持续7小时40分钟

新华社华盛顿7月16日电 美军中央司令部16日说,美国东部时间21时40分(北京时间17日9时40分),美军完成了针对伊朗的最新一轮大规模打击。此次行动共持续7小时40分钟。  

美军中央司令部当天在社交媒体上说,美军动用战斗机、无人机和军舰,发射精确制导弹药,击中数十个伊朗军事目标,包括沿海监视和防空设施、军事后勤基础设施以及海上作战设施。这是美军连续第六晚对伊朗实施打击。  

声明说,目前有超过5万名美军人员在中东地区执行任务。(完

图说:7月16日,在美国华盛顿白宫,白宫新闻秘书莱维特出席记者会新华社发(李源清摄