အမေရိကန်နိုင်ငံ နယူးယောက် နယူးဂျာစီ အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်က စပိန်အသင်းနှင့် အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက် နယူးဂျာစီ အားကစားကွင်း၌ ၂၀၂၆ ခုနှစ် ဇူလိုင် ၁၉ ရက်က စပိန်အသင်းနှင့် အာဂျင်တီးနားအသင်းတို့ ယှဉ်ပြိုင်ကစားသည့် ၂၀၂၆ ဖီဖာကမ္ဘာ့ဖလား ဗိုလ်လုပွဲအပြီး ဆုပေးပွဲအခမ်းအနား၌ အာဂျင်တီးနားအသင်းမှ လီယွန်နယ် မက်ဆီအား တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းက စပိန်အသင်းကို ၀-၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပြီးနောက် လီယွန်နယ် မက်ဆီက ၎င်းအနေဖြင့် အကြီးအကျယ် နာကျင်ခံစားရသည်ဟု ပြောကြားခဲ့ကာ အသင်းအနေဖြင့် အဆိုပါရလဒ်ကို ကျော်လွှားနိုင်ရန် အချိန်ကသာ ကုစားပေးနိုင်လိမ့်မည်ဟုလည်း ဆိုသည်။

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်တွင် ဇူလိုင် ၁၉ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် အဆိုပါဗိုလ်လုပွဲ၌ ဖယ်ရန် တောရက်စ်၏ အချိန်ပိုသွင်းဂိုးကြောင့် အာဂျင်တီးနားအသင်း၏ ကမ္ဘာ့ဖလား နှစ်ကြိမ်ဆက် ဆွတ်ခူးနိုင်ရေး အိပ်မက်များ အဆုံးသတ်ခဲ့ရသလို မက်ဆီမှာလည်း ၎င်း၏အောင်မြင်ကျော်ကြားလှသည့် ကစားသမားဘဝတွင် ဒုတိယမြောက် ကမ္ဘာ့ဖလားချန်ပီယံဆု ဆွတ်ခူးနိုင်မည့် အခွင့်အရေးကို လက်လွှတ်ခဲ့ရသည်။

အသက် ၃၉ နှစ်အရွယ် မက်ဆီအနေဖြင့် ကစားသမားဘဝမှ အနားယူမည့် အစီအစဉ်ကို ကြေညာခြင်း မရှိသေးသော်လည်း ၎င်းအနေဖြင့် လာမည့် ၂၀၃၀ ကမ္ဘာ့ဖလားတွင် ပါဝင်ဖွယ်မရှိပေ။

"နာကျင်မှုက သိပ်ကိုကြီးမားတာမို့လို့ ဒီဒဏ်ရာကို အချိန်ယူပြီးတော့ ကုစားရမှာပါ။ ဒါပေမဲ့ ကျွန်တော် ကောင်းမွန်တဲ့အရာတွေ အားလုံးကို ဆက်ပြီးသိမ်းဆည်းထားမှာပါ" ဟု မက်ဆီက ဆိုရှယ်မီဒီယာ၌ ရေးသားခဲ့သည်။

"ကျွန်တော်တို့ အစွမ်းကုန်ပေးဆပ်ကစားရင်း အရှုံးကနေ အနိုင်ကစားနိုင်ခဲ့တဲ့ ပွဲစဉ်တွေနဲ့ အခိုက်အတန့်တွေကို ထာဝရ အမှတ်ရနေဦးမှာပါ။ တစ်နိုင်ငံလုံးရဲ့ တစ်ခဲနက် အားပေးမှုတွေနဲ့ ဒီအစုအဖွဲ့ရဲ့ ကြိုးစားအားထုတ်မှုတွေကို ပေါင်းစပ်လိုက်ခြင်းဟာ ကျွန်တော်တို့အသင်း ကမ္ဘာ့ထိပ်တန်းအဆင့်ကို ပြန်ရောက်အောင်ပို့ဆောင်ပေးခဲ့တာပါ" ဟုလည်း ၎င်းက ဆိုသည်။

အာဂျင်တီးနားအသင်းမှာ အုပ်စုအဆင့်ကို ကျော်ဖြတ်ခဲ့ပြီးနောက် ရှုံးထွက်ပွဲစဉ်လေးပွဲတွင် နောက်ကျဂိုးများဖြင့် အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။

မက်ဆီအနေဖြင့် ယခုကမ္ဘာ့ဖလားပြိုင်ပွဲ၌ ၈ ဂိုးသွင်းယူကာ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့သည့်တိုင် ပြိုင်ပွဲ၏ အကောင်းဆုံးကစားသမားဆုဖြစ်သော ရွှေဘောလုံးဆုကို မရရှိခဲ့ခြင်းမှာ ကံမကောင်းခဲ့ဟု ပရိသတ်အချို့က ယူဆလျက်ရှိသည်။

ဘာစီလိုနာနှင့် ပီအက်စ်ဂျီ ကြယ်ပွင့်ကစားသမားဟောင်းက အသင်းဖော်များကို ချီးကျူးခဲ့ပြီး အသင်း၏ စွမ်းဆောင်ရည်အတွက် ဂုဏ်ယူကြောင်း ပြောကြားခဲ့သည်။

"အခုအချိန်မှာ ကျွန်တော်တို့ရဲ့ အောင်မြင်မှုကို အပြည့်အဝ အသိအမှတ်ပြုဖို့ ခဲယဉ်းပေမဲ့ ဒီအသင်းက ကမ္ဘာ့ဖလားဗိုလ်လုပွဲကို နှစ်ကြိမ်ဆက်တိုက် တက်လှမ်းနိုင်ခဲ့တာပါ" ဟုလည်း ၎င်းက ဆိုသည်။

"အားလုံးရဲ့ ဆုတောင်းစကားတွေနဲ့ မက်ဆေ့ချ်တွေအတွက် ကျွန်တော် လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဟာ တစ်နိုင်ငံလုံး ညီညီညွတ်ညွတ်နဲ့ တစ်စိတ်တစ်ဝမ်းတည်းဖြစ်အောင် ထပ်မံလုပ်ပြနိုင်ခဲ့ပြီး အာဂျင်တီးနားနိုင်ငံသားဖြစ်ရတဲ့ အလွန်ကြီးမားလှတဲ့ ဂုဏ်သိက္ခာကိုလည်း မျှဝေနိုင်ခဲ့ပါတယ်" ဟုလည်း ၎င်းက ဆက်လက်ပြောသည်။

"ချန်ပီယံဖြစ်သွားတဲ့ စပိန်အသင်းကိုလည်း ကျွန်တော် ဂုဏ်ပြုပါတယ်လို့ ပြောချင်ပါတယ်" ဟု မက်ဆီက ဆိုသည်။ (Xinhua)

..........................................................

(English Version)

Messi: Pain 'immense' after World Cup final loss

NEW YORK, July 20 (Xinhua) -- Lionel Messi has described his "immense" pain after Argentina's 1-0 loss to Spain in the World Cup final, saying only time would help the team overcome the result.

Ferran Torres' extra-time goal in New Jersey ended Argentina's hopes of back-to-back titles on Sunday and denied Messi a chance to cap his decorated career with a second World Cup title.

The 39-year-old is not expected to play at the next World Cup in 2030, although he is yet to announce any retirement plans.

"The pain is immense, and this wound will take time to heal. But I also hold onto all the good things," Messi wrote on social media.

"The matches we turned around by giving it our all - moments that will remain in our memories forever - and the support of an entire country which, combined with this group's hard work and effort, brought us back among the world's elite once again."

Argentina cruised through the group stage before relying on late goals in its next four knockout games to progress to the final.

Messi finished the tournament with eight goals and four assists, and was considered unlucky by some not to win the Golden Ball award for the tournament's best player.

The former Barcelona and Paris Saint-Germain star praised his teammates and expressed pride at the team's performance.

"It is hard to fully appreciate our achievement right now, but this group reached two consecutive World Cup finals," he said.

"Thank you from the bottom of my heart for every greeting and message. Once again, we managed to unite as a country and stand together, sharing the immense pride of being Argentine.

"I also want to congratulate Spain on winning the championship."

English Caption 1

Lionel Messi of Argentina reacts during the awarding ceremony after the final match between Spain and Argentina at the 2026 FIFA World Cup at the New York New Jersey Stadium, the United States, July 19, 2026. (Xinhua/Xiao Yijiu)

English Caption 2

Lionel Messi (R) of Argentina competes during the final match between Spain and Argentina at the 2026 FIFA World Cup at the New York New Jersey Stadium, the United States, July 19, 2026. (Xinhua/Wu Xiaoling)

English Caption 3

Lamine Yamal (R) of Spain vies with Lionel Messi of Argentina during the final match between Spain and Argentina at the 2026 FIFA World Cup at the New York New Jersey Stadium, the United States, July 19, 2026. (Xinhua/Li Ming)