ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယူနီယံဘာလင်အသင်းတို့ ၂၀၂၆ ခုနှစ် မတ် ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းမှ ကွန်ရက်ဒ် လိုင်မာ (ဝဲ) နှင့် ယူနီယံဘာလင်အသင်းမှ ဂျနစ် ဟာဘာရာတို့ ဘောလုံးယှဉ်လုနေကြစဉ် (ဆင်ဟွာ)
ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် ယူနီယံဘာလင်အသင်းတို့ ၂၀၂၆ ခုနှစ် မတ် ၂၁ ရက်က ယှဉ်ပြိုင်ကစားခဲ့သည့် ဂျာမန်ပထမတန်း ဘွန်ဒက်စ်လီဂါပွဲစဉ်အတွင်း ဘိုင်ယန်မြူးနစ်အသင်းမှ ကွန်ရက်ဒ် လိုင်မာ (ဝဲ) နှင့် ယူနီယံဘာလင်အသင်းမှ ဂျနစ် ဟာဘာရာတို့ ဘောလုံးယှဉ်လုနေကြစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)

ဩစတြီးယားလက်‌ရွေးစင် ကွန်ရက်ဒ် လိုင်မာ၏ စာချုပ်သက်တမ်းကို ၂၀၂၉ ခုနှစ်အထိ သက်တမ်းတိုးလိုက်ကြောင်း ဘိုင်ယန်မြူးနစ်အသင်းက ဇူလိုင် ၂၀ ရက်၌ ကြေညာခဲ့သည်။

အသက် ၂၉ နှစ်အရွယ်ရှိသော လိုင်မာသည် ဘိုင်ယန်မြူးနစ်အသင်းသို့ ၂၀၂၃ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး ဘွန်ဒက်စ်လီဂါချန်ပီယံဆု နှစ်ကြိမ်၊ ဂျာမန်ဖလားနှင့် ဂျာမန်စူပါကပ်ဖလားတို့ကို ဆွတ်ခူးထားသူဖြစ်သည်။

"အဆင့်မြင့်ဆုံး ယုံကြည်စိတ်ချရမှုမှာ နာမည်တစ်ခုရှိသလို သူ့ရဲ့ အရည်အချင်းနဲ့ စရိုက်လက္ခဏာကြောင့် သူဟာ အသင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းဖြစ်ပါတယ်" ဟု ဘောလုံးအားကစားဘုတ်အဖွဲ့ဝင် Max Eberl က ပြောကြားခဲ့သည်။ "သူက နေ့စဉ်နေ့တိုင်း သူများတွေကို စိတ်ဓာတ်တက်ကြွအောင် လှုံ့ဆော်ပေးနိုင်တဲ့ ကစားသမားပါ" ဟုလည်း ၎င်းက ဆိုသည်။

လိုင်မာက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၁၃၆ ပွဲ ယှဉ်ပြိုင်ကစားထားပြီး သွင်းဂိုး ၇ ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၁၉ ကြိမ် ပြုလုပ်ထားသည်။ လိုင်မာအနေဖြင့် ၎င်းကိုယ်တိုင်အား ညာနောက်ခံလူနေရာ၌ အဓိကအားဖြင့် တည်ဆောက်ထားသော်လည်း ၎င်း၏ စွယ်စုံရအရည်အချင်းကြောင့် နေရာအများအပြားတွင် ခြေစွမ်းပြခွင့်ရခဲ့သည်။

၎င်း၏ ကြံ့ကြံ့ခံနိုင်စွမ်းရှိမှု၊ စိတ်အားထက်သန်မှုနှင့် တည်ငြိမ်မှုတို့ကြောင့် လိုင်မာသည် ပုံမှန်အားဖြင့် တောင်ပံတစ်ခုလုံးကို လွှမ်းခြုံထားလေ့ရှိပြီး ဘိုင်ယန်မြူးနစ်အသင်း၏ အလုပ်အကြိုးစားဆုံးကစားသမားများအနက် တစ်ဦး အပါအဝင် ဖြစ်သည်။ လွန်ခဲ့သည့်ရာသီတွင် နည်းပြချုပ် ဗင်းဆင့် ကွန်ပနီက ကစားသမားစာရင်းအား မကြာခဏ လှည့်ပြောင်းနေသည့်တိုင် ကြံ့ခိုင်မှုပြည့်ဝနေခဲ့သည့် လိုင်မာက ပွဲကြီးတိုင်းလိုလို၌ ပါဝင်ကစားခွင့်ရခဲ့သည်။

ဘိုင်ယန်မြူးနစ်အသင်းကို ကိုယ်စားပြုရခြင်းမှာ ထူးခြားကြောင်း လိုင်မာက ပြောကြားခဲ့ပြီး လိုအပ်သည့်နေရာတိုင်း၌ ပါဝင်အားဖြည့်ရန် ၎င်းအနေဖြင့် ဆန္ဒရှိကြောင်းလည်း အလေးထားပြောကြားခဲ့သည်။

"မြူးနစ်မြို့မှာ ကျွန်တော် ဘယ်လိုတောင်ပျော်ပြီး ဒီအသင်းမှာ ဘောလုံးကန်ရတာ ဘယ်လောက်တောင်ပျော်ရွှင်စရာကောင်းသလဲဆိုတာကို ကျွန်တော် မကြာခဏပြောခဲ့ဖူးပါတယ်" ဟု ၎င်းက ‌ပြောကြားခဲ့သည်။ "ကျွန်တော့်အနေနဲ့ အသင်းကို နေရာအများအပြားကနေ ပံ့ပိုးပေးနိုင်သလို စက္ကန့်တိုင်း စက္တန့်တိုင်းမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် အရာအားလုံးကို ဆက်လက်ပံ့ပိုးပေးချင်တာပါ" ဟုလည်း ၎င်းက ဆိုသည်။

Salzburg မြို့တွင် မွေးဖွားခဲ့သည့် လိုင်မာက ဩစတြီးယားအသင်းအတွက်လည်း ၆၁ ပွဲကစားထားပြီး နိုင်ငံတကာသွင်းဂိုး ၇ ဂိုး သွင်းယူထားသည်။ မြောက်အမေရိကတွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်လာမည့် စပိန်အသင်းကို ဩစတြီးယားအသင်းက ၃၂ အသင်းအဆင့်တွင် မရှုံးနိမ့်မီအထိ မိနစ်တိုင်းကို လိုင်မာ ကစားခဲ့သည်။

လိုင်မာ၏ အဆိုပါစာချုပ်သက်တမ်းတိုးမှုက ဘိုင်ယန်မြူးနစ်အသင်း၏ တည်ငြိမ်မှုအရှိဆုံးကစားသမားများအနက် တစ်ဦးကို မြူးနစ်မြို့တွင် ဆက်လက်ထိန်းသိမ်းထားခြင်းဖြစ်ပြီး အသင်းအနေဖြင့် ၎င်း၏ ပြည်တွင်းဆုနှစ်ခု ရရှိထားသည့် လက်ရှိအောင်မြင်မှုအား ဆက်လက်တိုးချဲ့တည်ဆောက်နိုင်ရန် မျှော်မှန်းလျက်ရှိကြောင်း သိရသည်။ (Xinhua)

.......................................................................

(English Version)

Bayern extends Laimer contract through 2029

BERLIN, July 20 (Xinhua) -- Bayern Munich extended Austria international Konrad Laimer's contract through June 2029, the club announced Monday.

The 29-year-old joined Bayern in 2023 and has won two Bundesliga titles, the German Cup and the German Super Cup.

"Reliability at the highest level has a name, and with his abilities and character he is an important part of the team," sporting board member Max Eberl said. "He is a player who inspires and motivates others every single day."

Laimer has made 136 competitive appearances for Bayern, scoring seven goals and providing 19 assists. His versatility has allowed him to play in several positions, although he has established himself primarily at right back.

Known for his stamina, intensity and consistency, Laimer regularly covers the entire flank and ranks among Bayern's hardest-working players. When fit last season, he featured in nearly every major match despite head coach Vincent Kompany frequently rotating his lineup.

Laimer said representing Bayern was special and stressed his willingness to contribute wherever required.

"I have often said how happy I am in Munich and how much fun it is to play football in this team," he said. "I can help the team in many positions and want to continue giving everything for FC Bayern every single second."

Born in Salzburg, Laimer has earned 61 caps for Austria and scored seven international goals. At the 2026 World Cup in North America, he played every minute before Austria lost to eventual champion Spain in the round of 32.

The extension keeps one of Bayern's most consistent performers in Munich as the club looks to build on its domestic double. ■

English Caption 1

Konrad Laimer (L) of FC Bayern Munich vies with Janik Haberer of 1. FC Union Berlin during the German first division Bundesliga football match between FC Bayern Munich and 1. FC Union Berlin in Munich, Germany, March 21, 2026. (Photo by Philippe Ruiz/Xinhua)