
ပေကျင်း၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
အမေရိကန်နှင့် အီရန်တို့အကြား အရှေ့အလယ်ပိုင်းဒေသ၌ စစ်ရေးပဋိပက္ခ ဆက်လက်ဖြစ်ပွားခြင်း၏ သက်ရောက်မှုကြောင့် ကမ္ဘာ့ရေနံဈေးနှုန်းများသည် လွန်ခဲ့သည့်ရက်ပိုင်းက တစ်ကျော့ပြန် များစွာ မြင့်တက်လာရာ လန်ဒန်ဘရန့်ရေနံစိမ်း အနာဂတ်ဈေးနှုန်းသည် အရောင်းအဝယ်လုပ်နေသည့် အချိန်အတိုင်းအတာတစ်ခုအတွင်း တစ်စည်လျှင် ကန်ဒေါ်လာ ၉၁ ဒေါ်လာကျော်ကာ ဇွန်လလယ်နောက်ပိုင်း အမြင့်ဆုံးစံချိန်ဖြစ်ခဲ့သည်။
သုံးသပ်သူများက ယခုနှစ် ဖေဖော်ဝါရီလကုန်၌ အရှေ့အလယ်ပိုင်းစစ်ရေးဖြစ်ပွားသည့်ကနဦးကာလနှင့်နှိုင်းယှဉ်ပါက နိုင်ငံအများအပြားတွင် စီးပွားရေးလုပ်ငန်းသိုလှောင်မှုပမာဏ၊ မဟာဗျူဟာအရန်သိုလှောင်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်များကို ပြေလည်အောင်လုပ်ဆောင်နိုင်စွမ်းမှာ များစွာ ကုန်ဆုံးသွားပြီဖြစ်ကြောင်း၊ အရှေ့အလယ်ပိုင်းအခြေအနေ တစ်ဆင့်တိုး ဆိုးရွားလာသည်နှင့် ကမ္ဘာ့စွမ်းအင်ဈေးကွက်တွင် ရင်ဆိုင်ရသည့် အန္တရာယ်စွန့်စားမှုက ရေနံဈေးနှုန်းမြင့်မားလာခြင်းသက်သက်သာ မဟုတ်တော့ဘဲ ထောက်ပံ့ရေးအန္တရာယ်၊ ငွေကြေးဖောင်းပွမှုဖိအားနှင့် ဘဏ္ဍာရေးဈေးကွက်ဂယက်ထမှုများမှ ဆင့်ကဲဖြစ်ပွားသည့် တုံ့ပြန်မှုများမှာ ပိုမို ဆက်လက်ကြီးထွားလာမည် ဖြစ်ကြောင်း ယူဆကြသည်။
ဈေးကွက်က အန္တရာယ်စွန့်စားမှုများကို တစ်ဖန်ပြန်လည် သုံးသပ်အကဲဖြတ်
လက်ရှိတွင် ရေနံဈေးနှုန်းမြင့်တက်စေရန် တွန်းအားပေးနေသည်မှာ ရေနံထောက်ပံ့ရေး အတားအဆီးခံရခြင်းကြောင့်သာ မဟုတ်တော့ဘဲ နောင်အနာဂတ်တွင် ရေနံထောက်ပံ့မှု ပြတ်တောက်နိုင်သည့်အန္တရာယ်ကို ဈေးကွက်က တစ်ဖန်ပြန်လည်သုံးသပ်အကဲဖြတ်ခြင်းကြောင့် ဖြစ်သည်။
ဟော်မုဇ်ရေလက်ကြားသည် ကမ္ဘာပေါ်တွင် အရေးကြီးဆုံး စွမ်းအင်သယ်ယူပို့ဆောင်သည့် လမ်းကြောင်းများအနက် တစ်ခုဖြစ်ပြီး ကမ္ဘာ့ ပင်လယ်ရေကြောင်းရေနံကုန်သွယ်ရေး လေးပုံတစ်ပုံခန့်နှင့် သဘာဝဓာတ်ငွေအရည် ပို့ဆောင်မှု ငါးပုံတစ်ပုံခန့်ကို တာဝန်ယူဆောင်ရွက်နေခြင်းဖြစ်ရာ ၎င်း၏ တည်ငြိမ်မှုရှိ၊ မရှိက ကမ္ဘာ့စွမ်းအင်ထောက်ပံ့ရေးကို တိုက်ရိုက်သက်ရောက်မှုရှိပေသည်။
ဩစတြေးလျ နာမည်ကျော် စတော့ရှယ်ယာသုံးသပ်သူ Saul Kavonic က အရှေ့အလယ်ပိုင်း ပဋိပက္ခအရှိန် မြင့်တက်လာခြင်းက ဤပဋိပက္ခသည် "အတိုင်းအတာ ပိုမိုကြီးမားလာရန်နှင့် ဆက်လက် ကြာရှည်စွာ ဖြစ်ပွားရန် ဖြစ်နိုင်ခြေ" ရှိနေဆဲကို ပြသကြောင်း၊ ယင်းက အခြေအနေများ ငြိမ်ကျသွားတော့မည်ဟူသော ယခင်က ယူဆချက်များကို ဈေးကွက်က လျင်မြန်စွာ ပြန်လည်ပြင်ဆင်လာစေရန် တွန်းအားပေးနေကြောင်း ယူဆသည်။
IG စျေးကွက်သုံးသပ်သူ Tony Sycamore ကမူ လက်ရှိ စျေးကွက်၏ အကြီးမားဆုံး စိုးရိမ်ပူပန်မှုမှာ ဖြစ်ပျက်ပြီးသား ထောက်ပံ့မှုများ ဆုံးရှုံးရခြင်းမဟုတ်ဘဲ အရှေ့အလယ်ပိုင်း အခြေအနေများအတွက် ရှင်းလင်းပြတ်သားသော ပြေလည်ရေးလမ်းကြောင်းကို မမြင်ရခြင်းပင် ဖြစ်ကြောင်း၊ ပဋိပက္ခ ဖြစ်ပွားသူ နှစ်ဖက်စလုံးက အလျှော့ပေးမည့် အရိပ်အယောင်ကို သိသိသာသာ ပြသမှုမရှိခြင်းကြောင့် ဈေးကွက်အနေဖြင့် ပထဝီနိုင်ငံရေးဆိုင်ရာ စွန့်စားရမှု ပရီမီယံ (Geopolitical Risk Premium) ပိုမိုမြင့်မားမှုကို မလွှဲမရှောင်သာ တစ်ဖန်ထည့်သွင်းတွက်ချက်လာနေရကြောင်း ယူဆသည်။
ရိုက်ခတ်မှုဒဏ်ကို ခံစားနေရသည်မှာ ကမ္ဘာ့ရေနံဈေးနှုန်းသာမကဘဲ ဘဏ္ဍာရေးဈေးကွက်ကလည်း အန္တရာယ်ဈေးနှုန်းကို ပြန်လည်စတင် သတ်မှတ်လာကြပြီဖြစ်သည်။ ရေနံဈေး တန်ပြန်မြင့်တက်လာခြင်းနှင့်အတူ ဈေးကွက်က အမေရိကန်နှင့် ဥရောပ စီးပွားရေးအစုအဖွဲ့များသို့ ပြင်ပမှရောက်ရှိလာသည့် ငွေကြေးဖောင်းပွမှုအန္တရာယ်အပေါ် စိုးရိမ်ပူပန်မှုများ တစ်ကျော့ပြန် မြင့်တက်လာပြီး ဥရောပနှင့် အမေရိကန် ငွေချေးစာချုပ်အမြတ်နှုန်းထား မြင့်တက်လာကာ ကမ္ဘာ့အရင်းအနှီးဈေးကွက်များ၏ စွန့်စားလိုမှုများ ကျဆင်းသွားခဲ့သည်။ တစ်ချိန်တည်းတွင်ပင် ကမ္ဘာ့ဗဟိုဘဏ်များ၏ မူဝါဒချိန်ညှိမှုအပေါ် ဈေးကွက်၏ မျှော်မှန်းချက်များမှာလည်း အတက်အကျ ဖြစ်ပေါ်လာလျက်ရှိသည်။

ကြားခံထိန်းညှိမှုအလားအလာ ကျဉ်းမြောင်းလာ
အရှေ့အလယ်ပိုင်းစစ်ရေး စတင်ချိန်နှင့်နှိုင်းယှဉ်လျှင် ကမ္ဘာ့စွမ်းအင်ဈေးကွက်ဖွဲ့စည်းပုံမှာ ကြီးကြီးမားမား ပြောင်းလဲခဲ့ပြီဖြစ်သည်။ စစ်ပွဲ ဖြစ်ပွားသည့်ကနဦးကာလ၌ ကမ္ဘာ့ဈေးကွက်တွင် အထိုက်အလျောက် လုံလောက်သည့် စီးပွားရေးလုပ်ငန်း သိုလှောင်မှုများ ရှိနေဆဲဖြစ်သလို နိုင်ငံအသီးသီး၏ မဟာဗျူဟာ ရေနံအရန်သိုလှောင်မှုသည်လည်း အတော်အသင့်အားကောင်းသည့် ချိန်ညှိနိုင်စွမ်းရှိခဲ့သည်။ ထို့ကြောင့် ရေတို ထောက်ပံ့မှု ပြတ်တောက်ခြင်းကို သိုလှောင်ထားသည့်ပစ္စည်းနှင့် အစားထိုးသယ်ယူပို့ဆောင်ရေးလမ်းကြောင်းက ဖြေရှင်းပေးနိုင်လိမ့်မည်ဟု ဈေးကွက်က တစ်ချိန်က ယူဆခဲ့ကြသည်။
သို့သော် နှစ်ဝက်နီးပါး လုံးပါးပါးမှုများက ဈေးကွက်ကြားခံထိန်းညှိမှုအလားအလာကို သိသိသာသာ ကျဉ်းမြောင်းစေခဲ့သည်။ ဈေးကွက်၏ အဓိက အာရုံစိုက်မှုမှာ “အနာဂတ်တွင် ရေနံရှိနိုင်၊ မရှိနိုင်” မှသည် “ယခု သိုလှောင်ထားသည့်ပမာဏက မည်မျှကြာအောင် တောင့်ခံနိုင်သေးသနည်း” ဆီသို့ ပြောင်းလဲလာသည်။
အပြည်ပြည်ဆိုင်ရာ စွမ်းအင်အေဂျင်စီ (IEA) အမှုဆောင်ဒါရိုက်တာ Fatih Birol က ဟော်မုဇ် ရေလက်ကြားမှ ရေနံတင်ပို့မှုများသည် ရက်သတ္တပတ်အနည်းငယ်အတွင်း ပြန်လည်မစတင်နိုင်ပါက ကမ္ဘာ့စွမ်းအင် လုံခြုံရေးအတွက် "အနီရောင် အချက်ပြမှု" ဖြစ်လာမည်ဟု မကြာမီရက်ပိုင်းက သတိပေးခဲ့သည်။ လက်ရှိတွင် ကမ္ဘာ့မြောက်ဘက်ခြမ်း နွေရာသီ ခရီးသွားလာမှု အထွတ်အထိပ်ကာလ ဖြစ်နေပြီး ကမ္ဘာ့စွမ်းအင် လိုအပ်ချက်မှာလည်း တစ်နှစ်တာအတွင်း အမြင့်ဆုံး အနေအထားတွင် ရှိနေသည်။ ယခုနှစ် မေလတွင် Fatih Birol က ဇူလိုင်လနှင့် ဩဂုတ်လတို့သည် "အန္တရာယ်ကျရောက်သည့် အချိန်အခါများ" ဖြစ်လာလိမ့်မည်ဟု ခန့်မှန်းခဲ့ဖူးသည်။
ရေနံများကို အကြိမ်များစွာထုတ်လွှတ်ခဲ့ရပြီးနောက် တစ်ချိန်က ကမ္ဘာ့စွမ်းအင်ဈေးကွက်၏ အရေးပါသော "တည်ငြိမ်မှုကိရိယာ" အဖြစ် ရှုမြင်ထားသည့် အရန်ရေနံသိုလှောင်မှုများ၏ ကြားခံထိန်းညှိနိုင်စွမ်းမှာ ယခင်ကလောက် မကောင်းလှတော့ကြောင်း လေ့လာသုံးသပ်သူ အများအပြားက ပြောကြားခဲ့ကြသည်။ ဟော်မုဇ် ရေလက်ကြား ဖြတ်သန်းသွားလာနိုင်မှု မသေချာမရေရာမှုများ များစွာ မြင့်တက်လာသည်နှင့်အမျှ ကမ္ဘာ့ရေနံ ထောက်ပံ့မှုတွင် ရင်ဆိုင်နေရသော အန္တရာယ်မှာလည်း ပိုမိုကြီးမားလာဖွယ် ရှိနေသည်။ ယခုအခါ ဘက်အသီးသီးက ပထဝီနိုင်ငံရေးကြောင့် ဖြစ်ပေါ်လာသည့် အနုတ်လက္ခဏာ ခန့်မှန်းချက်များကိုသာမက ကမ္ဘာ့စွမ်းအင်စနစ်အနေဖြင့် နောက်တစ်ကြိမ် ထပ်မံသက်ရောက်လာမည့် ရိုက်ခတ်မှုကို ခုခံတွန်းလှန်နိုင်စွမ်း ရှိ၊ မရှိကိုပါ ပို၍ စိုးရိမ်လာနေကြပြီ ဖြစ်သည်။

ကမ္ဘာ့စီးပွားရေး တစ်ကျော့ပြန် ဖိအားဒဏ် ခံနေရ
လက်ရှိ စျေးကွက်က အာရုံစိုက်မှုအရှိဆုံးမှာ တစ်စည်လျှင် ရေနံဈေးနှုန်း မည်မျှအထိ မြင့်တက်လာနိုင်မည်နည်း ဟူသည့်အချက်ထက် မြင့်မားသော ရေနံဈေးနှုန်းသည် မည်မျှကြာအောင် ဆက်လက်တည်ရှိနေပြီး ကမ္ဘာ့စီးပွားရေးဆီသို့ မည်သည့်အတိုင်းအတာအထိ ကူးစက်ရိုက်ခတ်သွားမည်နည်း ဆိုသည့်အချက်ပင် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ယူဆကြသည်။
ဆက်တိုက်မြင့်တက်လာပြီး ကာလကြာရှည် မြင့်မားနေမည့် စွမ်းအင်ဈေးနှုန်းများသည် ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို တွန်းတင်ပေးရုံသာမက နေထိုင်သူများ၏ စားသုံးမှုကို အားနည်းစေခြင်း၊ လုပ်ငန်းများ၏ ထုတ်လုပ်မှုစရိတ်များကို မြင့်တက်စေခြင်းနှင့် ကမ္ဘာ့စီးပွားရေး တိုးတက်မှုကို နောက်ပြန်ဆွဲခြင်း စသည့် ဆိုးကျိုးများ ဖြစ်ပေါ်စေမည်ဖြစ်ကြောင်း၊ ပြန်လည်ရှင်သန်ရန် ရုန်းကန်နေဆဲဖြစ်သော ကမ္ဘာ့စီးပွားရေးအတွက်မူ စွမ်းအင်ဆိုင်ရာ ထိုးနှက်ချက်အသစ်များက မသေချာမရေရာမှုများကို ပိုမိုတိုးပွားလာစေသည်မှာ မုချမသွေဖြစ်ကြောင်း အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) ၏ ယခင်က လေ့လာဆန်းစစ်ချက်များတွင် ဖော်ပြထားသည်။
ထိုမတိုင်မီ အရှေ့အလယ်ပိုင်းစစ်ပွဲက ကမ္ဘာ့စီးပွားရေးကို ပြင်းပြင်းထန်ထန်ရိုက်ခတ်ခဲ့သည်။ နိုင်ငံနှင့် ဒေသအများအပြားတွင် ပြင်ပမှဝင်ရောက်သည့် ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားနေပြီး ပြည်တွင်းငွေကြေး တန်ဖိုးကျဆင်းမှု ဖိအားများလည်း ပိုမိုဆိုးရွားလာကာ နိုင်ငံတကာငွေလက်ခံမှုနှင့် ပေးချေမှုအခြေအနေများလည်း တင်းကျပ်လာလျက်ရှိသည်။ နိုင်ငံအများအပြားမှာ ယခင်အကျော့ စွမ်းအင်ထိုးနှက်ချက်၏ သက်ရောက်မှုများကို အပြည့်အဝ ပြေလည်အောင် မကုစားနိုင်သေးခြင်းကြောင့် ၎င်းတို့၏ ဘဏ္ဍာရေးနှင့် ငွေကြေးမူဝါဒ ချမှတ်နိုင်သည့် အနေအထားမှာလည်း သိသိသာသာ ကျဉ်းမြောင်းသွားခဲ့ပြီ ဖြစ်သည်။
အသစ်တစ်ကျော့ ရေနံဈေးနှုန်း မြင့်တက်မှုသည် သယ်ယူပို့ဆောင်ရေး၊ ကုန်ထုတ်လုပ်ငန်းနှင့် စားသောက်ကုန် စသည့် ကဏ္ဍအသီးသီး၏ ကုန်ကျစရိတ်များကို ထပ်မံတွန်းတင်ပေးနိုင်ဖွယ်ရှိပြီး ယင်းအကျိုးဆက်မှာ ထောက်ပံ့ရေးကွင်းဆက်မှတစ်ဆင့် ကမ္ဘာတစ်ဝန်းသို့ ဆက်လက် ကူးစက်ပျံ့နှံ့သွားမည် ဖြစ်သည်။
တစ်ချိန်တည်းမှာပင် အဓိက ဗဟိုဘဏ်များ၏ အတိုးနှုန်း လျှော့ချမှုအပေါ် ဈေးကွက်၏ ခန့်မှန်းချက်များမှာလည်း ယင်းကြောင့် ပြောင်းလဲသွားနိုင်ဖွယ်ရှိရာ ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် ဂယက်ထနိုင်သည့် အန္တရာယ်မှာလည်း တစ်ဆက်တည်း မြင့်တက်လာမည် ဖြစ်သည်။
သမိုင်းကြောင်းကို ပြန်ပြောင်းကြည့်မည်ဆိုလျှင် အရှေ့အလယ်ပိုင်း အခြေအနေများ အဆက်မပြတ် တင်းမာလာသည့်အကြိမ်တိုင်းတွင် ရေနံဈေးနှုန်းများ ရေရှည် မြင့်မားနေခြင်းသည်ပါ တွဲပါလာတတ်ပေသည်။ ၁၉၇၃ ခုနှစ်မှ ၁၉၇၄ ခုနှစ်အထိ ပထမအကြိမ် ရေနံအကျပ်အတည်း၊ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၁ ခုနှစ်အထိ ပင်လယ်ကွေ့ အကျပ်အတည်းနှင့် ပင်လယ်ကွေ့ စစ်ပွဲ စသည့် ဖြစ်ရပ်များသည် ကမ္ဘာ့ငွေကြေးဖောင်းပွမှုကို မတူကွဲပြားသည့် အတိုင်းအတာအမျိုးမျိုးဖြင့် တွန်းတင်ပေးခြင်း၊ စီးပွားရေး တိုးတက်မှုကို ဟန့်တားခြင်းနှင့် နိုင်ငံတကာ ဘဏ္ဍာရေးဈေးကွက် ဂယက်ထမှုကို ပိုမိုဆိုးရွားစေခြင်းတို့ ဖြစ်စေခဲ့ဖူးသည်။
လက်ရှိဈေးကွက်တွင် ကျယ်ကျယ်ပြန့်ပြန့် စိုးရိမ်နေကြသည်က တစ်ကြိမ်တစ်ခါ ခဏတာ ဈေးနှုန်းထိုးနှက်မှုမျိုး မဟုတ်တော့ဘဲ အရန်သိုလှောင်မှု လက်ကျန်များ ဆက်လက် လျော့နည်းလာပြီး ပထဝီနိုင်ငံရေး အန္တရာယ်များ ဆက်တိုက် စုပုံလာနေသည့်အခြေအနေတွင် မြင့်မားသော ရေနံဈေးနှုန်းသည် ကမ္ဘာ့စီးပွားရေး ပြန်လည်နာလန်ထူမှုကို နောက်ပြန်ဆွဲစေမည့် ရေရှည်ဖိအားတစ်ခုအဖြစ်သို့ ထပ်မံဆင့်ကဲပြောင်းလဲသွားမည်လော ဆိုသည့်အချက်ပင် ဖြစ်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
新闻分析|国际油价重拾升势 世界经济还能扛住吗
新华社北京7月21日电 新闻分析|国际油价重拾升势 世界经济还能扛住吗 新华社记者宿亮
受美国和伊朗在中东地区军事冲突持续影响,国际油价日前再度大涨,伦敦布伦特原油期货价格盘中一度突破每桶91美元关口,是6月中旬以来的新高。
分析人士普遍认为,与今年2月底中东战事爆发初期相比,多国商业库存、战略储备及供应链缓冲能力均已大幅消耗。一旦中东局势进一步恶化,国际能源市场面临的风险将不止于油价上涨,供应风险、通胀压力及金融市场波动带来的连锁反应将持续放大。
市场重新评估风险
当前,推动油价上涨的已经不只是石油供应受阻,而是市场对今后石油供应中断风险的重新评估。
霍尔木兹海峡是全球最重要的能源运输通道之一,承担着全球约四分之一的海运石油贸易以及约五分之一的液化天然气运输,其稳定与否直接影响全球能源供应。
澳大利亚知名股票分析师索尔·卡沃尼克认为,中东冲突升级显示这场冲突“仍有可能扩大规模并持续更长时间”,这导致市场正在快速修正之前局势放缓的判断。
IG市场分析师托尼·西卡莫尔认为,目前市场最大的担忧并非已经发生的供应损失,而是中东局势看不到明确的缓和路径。由于冲突双方均未显露明显退让迹象,市场正不得不重新计入更高的地缘政治风险溢价。
受到影响的不只是国际油价,金融市场也开始重新定价风险。随着油价反弹,市场对美欧经济体输入型通胀风险的担忧再度升温,导致欧美债券收益率走高,全球资本市场风险偏好下降。与此同时,市场对全球央行政策调整的预期也出现波动。
缓冲空间正在收窄
与中东战事刚开始时相比,全球能源市场结构已发生重大变化。战事爆发初期,国际市场仍拥有相对充足的商业库存,各国战略石油储备也具有较强的调节能力。市场一度认为,短期供应中断或可以依靠库存和替代运输路线消化。
然而,经过近半年的持续消耗,市场缓冲空间明显收窄。市场关注的焦点,也从“未来有没有油”逐渐转向“现在库存还能支撑多久”。
国际能源署署长法提赫·比罗尔日前警告,一旦霍尔木兹海峡的石油运输几周内无法恢复,全球能源安全将“亮起红灯”。当前正值北半球夏季出行高峰,全球能源需求处于全年高位。今年5月,比罗尔就曾预计,7月和8月将是“危险时刻”。
不少分析师表示,经历多轮释放之后,曾被视为全球能源市场重要“稳定器”的战略储备,缓冲能力已大不如前。随着霍尔木兹海峡通行不确定性大幅上升,全球石油供应面临的风险可能进一步加大。如今,各方不仅担忧地缘政治带来的负面预期,更担忧全球能源体系抵御下一轮冲击的能力。
世界经济再度承压
分析人士认为,当前市场最关心的并非每桶油价能够涨到多少钱,而是高油价会持续多久,又将在多大程度上传导至全球经济。
国际货币基金组织此前的研究显示,持续上涨并长期维持高位运行的能源价格,不仅会推高全球通胀,还会削弱居民消费、抬升企业生产成本,并拖累全球经济增长。对于仍在艰难复苏的世界经济而言,新的能源冲击无疑增加了更多不确定性。
此前,中东战事已严重冲击世界经济。不少国家和地区输入型通胀高企,本币贬值压力加剧,国际收支条件收紧。不少国家尚未完全消化上一轮能源冲击带来的影响,其财政和货币政策空间已明显收窄。
新一轮油价上涨可能再次推高运输、制造和食品等多个领域成本,并通过供应链进一步向全球传导。与此同时,市场对于主要央行降息节奏的预期也可能因此发生变化,全球金融市场波动风险随之上升。
回顾历史,中东局势每一次持续紧张往往伴随着油价长期高位运行。1973年至1974年第一次石油危机、1990年至1991年的海湾危机和海湾战争等事件,都曾不同程度推高全球通胀、抑制经济增长,并加剧国际金融市场波动。
分析人士指出,当前市场普遍担忧的,已不是一次短暂的价格冲击,而是在库存缓冲不断减少、地缘风险持续累积的背景下,高油价是否会再次演变为拖累世界经济复苏的长期压力。(完)
1. 这是7月16日在美国加利福尼亚州洛杉矶县的一处加油站拍摄的柴油和汽油价格显示牌。新华社发(曾慧摄)
2. 7月16日,在美国加利福尼亚州洛杉矶县,一名司机在加油站加油。新华社发(曾慧摄)
3. 这是7月16日在美国加利福尼亚州洛杉矶县的一处加油站拍摄的柴油和汽油价格显示牌。新华社发(曾慧摄)







