
DAR ES SALAAM ၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
China Railway Construction Corporation (CRCC) နှင့် China Civil Engineering Construction Corporation (CCECC) တို့ တာဝန်ယူတည်ဆောက်သော တန်ဇန်းနီးယားနိုင်ငံ ဗဟိုလမ်းကြောင်း စံသံလမ်းအကျယ်ရထားလမ်း (SGR) ၏ ဆဋ္ဌမအပိုင်းစီမံကိန်း အုတ်မြစ်ချအခမ်းအနားကို ဇူလိုင် ၂၀ ရက်တွင် တန်ဇန်းနီးယားနိုင်ငံ အနောက်ပိုင်း Kigoma မြို့ ၌ ကျင်းပခဲ့သည်။
အဆိုပါအခမ်းအနားသို့ တန်ဇန်းနီးယား သမ္မတ Samia Suluhu Hassan ၊ တန်ဇန်းနီးယား သယ်ယူပို့ဆောင်ရေးဝန်ကြီး Makame Mbarawa ၊ တန်ဇန်းနီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ် ချန်မင်ကျန့်နှင့် အခြားသော တရုတ်- တန်ဇန်းနီးယား နှစ်နိုင်ငံ ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြသည်။
အခမ်းအနား၌ အမှာစကားပြောကြားရာတွင် Hassan က တန်ဇန်းနီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအား အားပေးပံ့ပိုးရန်အတွက် တရုတ်ကုမ္ပဏီလုပ်ငန်းများ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ကျေးဇူးတင်ရှိကြောင်း၊ တရုတ်ကုမ္ပဏီလုပ်ငန်းများသည် တန်ဇန်းနီးယားနိုင်ငံ သယ်ယူပို့ဆောင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေး အခြေခံအဆောက်အအုံများ တည်ဆောက်ရေးတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြောင်း၊ ယင်းရထားလမ်း ဆောက်လုပ်ပြီးစီးပါက သယ်ယူပို့ဆောင်ရေး ကြာမြင့်ချိန်ကို လျှော့ချပေးကာ သယ်ယူပို့ဆောင်ရေး ကုန်ကျစရိတ် လျော့နည်းသွားပြီး အလုပ်အကိုင်အခွင့်အလမ်း တိုးမြင့်လာမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
တန်ဇန်းနီးယားနိုင်ငံ ဗဟိုလမ်းကြောင်း SGR သည် အရှေ့အာဖရိက အလယ်ပိုင်း စင်္ကြံ၏ အဓိကပင်မစီမံကိန်းဖြစ်ပြီး ဆောက်လုပ်ပြီးစီးပါက တန်ဇန်းနီးယားနိုင်ငံ ကုန်းတွင်းပိုင်းနှင့် ပင်လယ်ထွက်ပေါက်လမ်းကြောင်းကို ချိတ်ဆက်ပေးမည်ဖြစ်သလို ယူဂန္ဓာ၊ ရဝမ်ဒါနှင့် ဘူရွန်ဒီ စသည့် ကုန်တွင်းပိတ်နိုင်ငံများ၏ ထောက်ပံ့သယ်ယူပို့ဆောင်ရေးလမ်းကြောင်းကို ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း၊ ယင်းသည် လမ်းကြောင်းတစ်လျှောက် စိုက်ပျိုးရေးလုပ်ငန်း၊ ကုန်စည်ကူးသန်းရောင်းဝယ်ရေး၊ ခရီးသွားလာရေး စသည့် ထုတ်လုပ်ရေးလုပ်ငန်းများအား ဟန်ချက်ညီ ဖွံ့ဖြိုးတိုးတက်စေမည်ဖြစ်ရာ အရှေ့အာဖရိကဒေသတွင်း စီးပွားရေးတစ်သားတည်းဖြစ်ရေးအတွက် စွမ်းအင်များ ဖြည့်သွင်းပေးမည်ဖြစ်ကြောင်း CCECC ဒုတိယအထွေထွေမန်နေဂျာ ကျန်းကျွင်းလဲ့က သတင်းထောက်ကို ပြောကြားခဲ့သည်။
ယခုအကြိမ် အုတ်မြစ်ချခဲ့သည့် ဆဋ္ဌမအပိုင်းသည် တန်ဇန်းနီးယားနိုင်ငံ အနောက်ပိုင်း သယ်ယူပို့ဆောင်ရေးဗဟိုချက်ဒေသတွင် တည်ရှိပြီး စုစုပေါင်းအရှည်မှာ ၄၅၀ ကီလိုမီတာခန့် ရှည်လျားကြောင်း မိတ်ဆက်ပြောကြားချက်အရ သိရသည်။ (Xinhua)


(Chinese Version)
坦桑尼亚总统:中企在坦基础设施建设中发挥重要作用
新华社达累斯萨拉姆7月20日电(记者林光耀 华洪立)由中国铁建-中国土木联营体承建的坦桑尼亚中央线标轨铁路第六标段项目20日在坦西部城市基戈马举行奠基仪式。
坦桑尼亚总统哈桑、坦桑尼亚交通部长姆巴拉瓦、中国驻坦桑尼亚大使陈明健及其他中坦双方代表出席仪式。
哈桑在现场致辞时表示,感谢中国企业为支持坦桑尼亚发展所付出的努力,中企在坦交通和物流基础设施建设中发挥重要作用,该铁路建成后将缩短运输时间、降低运输成本、增加就业岗位。
中国土木工程集团有限公司副总经理张军乐对记者说,坦桑尼亚中央线标轨铁路是东非中部走廊核心骨干工程,建成后将串联坦桑尼亚内陆腹地与出海通道,并打通乌干达、卢旺达、布隆迪等内陆国家的物流运输通道,带动沿线农业、商贸、旅游等产业协同发展,为东非区域经济一体化注入动力。
据介绍,本次奠基的第六标段位于坦桑尼亚西部交通枢纽区域,全长约450公里。(完)
图说:7月20日,坦桑尼亚总统哈桑(中)在基戈马举行的坦桑尼亚中央线标轨铁路第六标段项目奠基仪式上致辞。新华社发(埃马纽埃尔·赫尔曼摄)
图说:这是7月20日在坦桑尼亚基戈马拍摄的坦桑尼亚中央线标轨铁路第六标段项目奠基仪式现场。新华社发(埃马纽埃尔·赫尔曼摄)






