
လန်ဒန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်အသစ် အင်ဒီ ဘာနမ်သည် ဇူလိုင် ၂၀ ရက်တွင် အစိုးရအသစ်ဖွဲ့စည်းခဲ့ကြောင်း ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်ရုံး၏ ထိုနေ့ ထုတ်ပြန်သော သတင်းအရသိရသည်။
အစိုးရအသစ် အဖွဲ့ဝင်များတွင် John Healey သည် ဘဏ္ဍာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။ ထိုမတိုင်မီ ၎င်းသည် ကာကွယ်ရေးရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အရင်းအနှီးငွေအစီအစဉ်အား မကျေနပ်သဖြင့် ကာကွယ်ရေးဝန်ကြီး ရာထူးမှ နုတ်ထွက်ခဲ့သူဖြစ်သည်။ Wes Streeting ကမူ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်မည်ဖြစ်သည်။ ၎င်းသည် ကျန်းမာရေးဝန်ကြီးဟောင်းဖြစ်ပြီး အလားအလာရှိသော ဝန်ကြီးချုပ်လောင်းအဖြစ်ပင် တစ်ချိန်က ရှုမြင်ခံခဲ့ရသော်လည်း နောက်ဆုံးတွင် အာဏာရပါတီ အလုပ်သမားပါတီ အကြီးအကဲ ရွေးကောက်ပွဲတွင် ပါဝင်ရန် စွန့်လွှတ်ကာ အင်ဒီ ဘာနမ်ကို ထောက်ခံပေးခဲ့သည်။
အခြားအဓိကရာထူးများတွင် Shabana Mahmood က ပြည်ထဲရေးဝန်ကြီးအဖြစ်လည်းကောင်း၊ Ed Miliband က နိုင်ငံရေးဝန်ကြီးအဖြစ်လည်းကောင်း၊ Yvette Cooper က ကျန်းမာရေးဝန်ကြီးအဖြစ်လည်းကောင်း၊ Jonathan Reynolds က ကုန်သွယ်စီးပွား၊ ဆန်းသစ်တီထွင်မှုနှင့် သိပ္ပံဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ခံခဲ့ရသည်။
အင်ဒီ ဘာနမ်က အမှတ် (၁၀)၊ ဒေါင်းနင်းလမ်း ဝန်ကြီးချုပ်အိမ်တော်ရှေ့၌ အစောပိုင်း အမှာစကားပြောကြားရာတွင် “နှစ်ပေါင်း ၄၀ အတွင်း အကြီးမားဆုံး ပြောင်းလဲမှု” ကို တွန်းအားပေး၍ “စီမံအုပ်ချုပ်မှုပုံစံအသစ်နှင့် စီးပွားရေးပုံစံအသစ်” တည်ဆောက်မည်ဟု ဆိုခဲ့သည်။ အစိုးရအသစ်သည် ပါတီဖြတ်ကျော်မှုနှင့် ဒေသန္တရ ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်သွားပြီး လုပ်ပိုင်ခွင့်အာဏာကို ဗဟိုအစိုးရမှ ဒေသန္တရများဆီ ပိုမိုဖြေလျှော့ထားပေးသွားမည်ဟု ၎င်းက ယူဆသည်။
ကီယာစတားမားသည် ထိုနေ့အစောပိုင်းတွင် ဗြိတိန်ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ခဲ့သည်။ ထို့နောက် အလုပ်သမားပါတီ အကြီးအကဲအသစ် အင်ဒီ ဘာနမ်က ဘက်ကင်ဟမ်နန်းတော်၌ ဗြိတိန်ဘုရင် တတိယ ချားလ်စ်၏ ခွင့်ပြုမှုဖြင့် အစိုးရအသစ်ဖွဲ့ကာ ဝန်ကြီးချုပ်အဖြစ် တရားဝင် စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
英国新首相伯纳姆组建内阁
新华社伦敦7月20日电(记者赵家淞 于艾岑)英国首相办公室20日发布消息说,新任首相安迪·伯纳姆当天组建新一届内阁。
新一届内阁成员中,约翰·希利被任命为财政大臣。此前,他因不满国防投资计划资金方案,辞去国防大臣一职。韦斯·斯特里廷出任国防大臣,这位前卫生大臣一度被视为潜在首相人选,但最终放弃参选执政党工党党首并支持伯纳姆。
在其他主要职位上,谢巴娜·马哈茂德被任命为内政大臣,埃德·米利班德为外交大臣,伊薇特·库珀为卫生大臣,乔纳森·雷诺兹为商贸、创新和科学大臣。
伯纳姆稍早时在唐宁街10号首相府前发表演讲时表示,将推动“40年来最重大变革”,建立“新的政治模式和新的经济模式”。他认为,新政府将加强跨党派和地方合作,把更多权力从中央政府下放至各地。
斯塔默当天早些时候辞去英国首相职务。随后,工党新任党首伯纳姆在白金汉宫接受国王查尔斯三世授权组建新政府,正式就任首相。(完)
图说1:7月20日,伯纳姆在英国伦敦唐宁街10号首相府前发表讲话。新华社记者 李颖 摄
图说2:7月20日,伯纳姆与妻子在英国伦敦唐宁街10号首相府前挥手致意。新华社记者 李颖 摄






