
ဝါရှင်တန်၊ ဇူလိုင် ၂၁ ရက် (ဆင်ဟွာ)
အမေရိကန် ထရမ့်အစိုးရသည် လတ်တလောသီတင်းပတ်အနည်းငယ်အတွင်း ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် အဆက်အသွယ် ဖြတ်တောက်ရန် စဉ်းစားနေကြောင်း၊ အမေရိကန်အစိုးရ၏ အဆိုပါအတွေးအား ပြောင်းလဲရန် သံတမန်ဝန်ထမ်းများနှင့် ကုလသမဂ္ဂ အရာရှိများ ကြိုးပမ်းဖျောင်းဖျလျက်ရှိကြောင်း နိုင်ငံခြားမီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန်နှင့် UNHCR သည် လတ်တလောကာလအတွင်း ယင်းအဖွဲ့အစည်း ဒုတိယအဆင့်မြင့်ကော်မရှင်နာ ခန့်အပ်မှုနှင့်စပ်လျဉ်း၍ သဘောထားကွဲလွဲမှုရှိခဲ့ပြီးနောက် ယင်းအဖွဲ့အစည်းမှ နုတ်ထွက်ရန် စတင်စဉ်းစားခြင်းဖြစ်ကြောင်း ရိုက်တာသတင်းဌာနသည် ဇူလိုင် ၂၀ ရက်တွင် အမည်မဖော်လိုသော သတင်းအရင်းအမြစ်ပုဂ္ဂိုလ် အများအပြား၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့သည်။ ယခုနှစ်ဇွန်လတွင် UNHCR သည် ဒုတိယအဆင့်မြင့်ကော်မရှင်နာအဖြစ် ထရမ့်အစိုးရ ထောက်ခံသော Simon Hankinson မဟုတ်ဘဲ အမေရိကန် ကျွမ်းကျင်သံတမန် Tressa Rae Finerty အား ခန့်အပ်ခဲ့ကြောင်း သိရသည်။
အမေရိကန်သည် မူလက ရှေ့သီတင်းပတ်ကပင် အဆက်အသွယ်ဖြတ်တောက်မည်၊ မဖြတ်တောက်မည်နှင့်စပ်လျဉ်း၍ ဆုံးဖြတ်မည်ဟု သတ်မှတ်ထားသော်လည်း ယနေ့အထိ တရားဝင် ထုတ်ပြန်ကြေညာခြင်းမရှိသဖြင့် သံတမန်ရေးရာ ဖျောင်းဖျမှုသည် အကျိုးသက်ရောက်မှုရှိသည်ဟု ဖော်ပြနေခြင်း ဖြစ်နိုင်ကြောင်း သတင်းအရင်းအမြစ် ပုဂ္ဂိုလ်အချို့က ယူဆသည်။
၂၀၂၅ ခုနှစ်တွင် ထရမ့် အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာပြီးနောက် အမေရိကန်သည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) အပါအဝင် ကုလသမဂ္ဂ အဖွဲ့အစည်းအများအပြားမှ နုတ်ထွက်ကြောင်း ထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်သည်။
UNHCR သည် ကုလသမဂ္ဂ၏ အရေးကြီးအဖွဲ့အစည်းဖြစ်သည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တစ်ပြေးညီ သဘောတူညီချက်အရ ၁၉၅၀ ပြည့်နှစ် ဒီဇင်ဘာ ၁၄ ရက်တွင် တည်ထောင်ခဲ့ခြင်းဖြစ်ပြီး တစ်ကမ္ဘာလုံး ဒုက္ခသည်များအား ကာကွယ်စောင့်ရှောက်ရေးနှင့် ဒုက္ခသည်ပြဿနာများ ဖြေရှင်းရန်အတွက် နိုင်ငံတကာလှုပ်ရှားမှုများအား ဦးဆောင်ခြင်းနှင့် ညှိနှိုင်းဆောင်ရွက်ခြင်းတို့ကို တာဝန်ယူထားရပြီး ဂျီနီဗာမြို့တွင် ရုံးချုပ် ဖွင့်လှစ်ထားရှိသည်။ လူသားချင်းစာနာထောက်ထားမှု အကူအညီ အရင်းအနှီးငွေ အများအပြား လျော့နည်းလာသဖြင့် အဆိုပါအဖွဲ့အစည်းသည် ၂၀၂၅ ခုနှစ် ဇွန်လတွင် ၎င်းရုံးချုပ်နှင့် လက်အောက်ခံအဖွဲ့အစည်းများကို အကျဉ်းချုံးမည်ဟု ကြေညာပြီး ရာထူးနေရာ ၃,၅၀၀ ခန့် လျှော့ချခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------
(Chinese Version)
外媒称美国政府考虑与联合国难民署切断关系
新华社华盛顿7月20日电 据外媒报道,美国特朗普政府近几周正在考虑与联合国难民署切断关系,外交人员和联合国官员正努力说服美国政府改变这一想法。
路透社20日援引多名匿名消息人士的话报道说,美国与联合国难民署近期在该机构副高级专员的任命问题上产生分歧,随后开始考虑脱离该机构。今年6月,联合国难民署任命美国职业外交官特雷莎·芬纳蒂为副高级专员,而非特朗普政府支持的人选西蒙·汉金森。
数名消息人士认为,美方原定上周就是否切断关系做出决定,但至今仍未正式宣布,可能表明外交游说起了作用。
特朗普2025年重返白宫后,美国已宣布退出包括世界卫生组织在内的多个联合国机构。
难民署是联合国重要机构,经联合国大会一致同意于1950年12月14日成立,负责领导和协调国际行动,以保护全球难民及解决难民问题,总部设在日内瓦。由于人道主义援助资金大幅减少,该机构于2025年6月宣布将精简其总部及下属机构,裁减约3500个职位。(完)
图说1:这是6月14日在美国首都华盛顿拍摄的白宫。新华社记者李睿摄
图说2:这是2025年9月18日拍摄的位于纽约的联合国总部外景。新华社记者李睿摄






