ရှန်ဟိုင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
တရုတ်စက်ရုပ်ကုမ္ပဏီ PrimeBOT သည် ရှန်ဟိုင်းမြို့တွင် ကျင်းပသည့် ၂၀၂၆ ခုနှစ် ကမ္ဘာ့ ဉာဏ်ရည်တုညီလာခံတွင် အသွင်ပြောင်းလဲနိုင်သော ဖန်တီးမှုအသစ်တစ်ခုကို ထုတ်ဖော်မိတ်ဆက်ပြသခဲ့သည်။ ခြေလေးချောင်းထောက်ပုံစံမှ လူပုံစံအဖြစ်သို့ အသွင်ပြောင်းလဲနိုင်စွမ်းရှိသည့် အဆိုပါစက်ရုပ်က အမျိုးမျိုးသော လုပ်ငန်းဆောင်တာများနှင့် မတူညီသော ပတ်ဝန်းကျင် အခြေအနေများအတွက် ၎င်း၏ ခန္ဓာကိုယ်ပုံစံကို လိုက်လျောညီထွေဖြစ်အောင် ပြောင်းလဲနိုင်စွမ်းရှိသည်။(Xinhua)
……………………………………..
(English Version)
From quadruped to humanoid: New transformable robot unveiled in Shanghai
Chinese robotics company PrimeBOT has unveiled a new, transformable creation at the 2026 World AI Conference (WAIC) in Shanghai. Capable of switching between quadruped and humanoid forms, the robot can adapt its body to various tasks and environments.








