ရန်ကုန်၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)

မြန်မာနိုင်ငံသို့ ၂၀၂၆ ခုနှစ်၏ ပထမ ၆ လတာကာလအတွင်း နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၃၀,၉၇၃ ဦး လာရောက်ခဲ့ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ဇူလိုင် ၂၁ ရက် ထုတ်ပြန်သော သတင်းအရ သိရသည်။

ယခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ နိုင်ငံခြားသား ခရီးသွားဧည့်သည် ဝင်ရောက်မှု ပမာဏသည် ၂၀၂၅ ခုနှစ် အလားတူကာလက ဝင်ရောက်ခဲ့သည့် နိုင်ငံခြားသား ခရီးသွားဧည့်သည် ၅၀၀,၁၂၅ ဦးနှင့် နှိုင်းယှဉ်ပါက တိုးတက်လာခဲ့ကြောင်း ဟိုတယ်၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆင်ဟွာသတင်းဌာနသို့ ပြောကြားသည်။

ယင်းကာလအတွင်း ခရီးသွား ဧည့်သည်အများဆုံးဝင်ရောက်ခဲ့သည့် နိုင်ငံများမှာ ထိုင်း၊ တရုတ် နှင့် တောင်ကိုရီးယား နိုင်ငံတို့ဖြစ်ကြောင်း ၎င်းက ဆိုသည်။

၂၀၂၅ ခုနှစ်က မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားဧည့်သည် ၉၇၃,၀၀၀ ကျော် လာရောက်လည်ပတ်ခဲ့ကြောင်း ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။(Xinhua)

-----------------------------

Myanmar receives over 530,000 foreign visitors in H1 2026

     YANGON, July 21 (Xinhua) -- Myanmar welcomed 530,973 foreign visitors during the first six months of 2026, according to the Ministry of Hotels, Tourism and Culture on Tuesday.

 The number of foreign visitor arrivals from January to June this year increased compared with the same period in 2025, when the country welcomed 500,125 foreign visitors, an official from the ministry told Xinhua.

 During the period, the largest numbers of visitors came from Thailand, China and South Korea, the official said.

 In 2025, over 973,000 foreign tourists visited Myanmar, according to the ministry. Enditem

1. This photo taken on June 13, 2026 shows a view of Sule Pagoda in Yangon, Myanmar.  (Xinhua/Myo Kyaw Soe)